၁။အဖွင့်ပိုင်းမှာ အလားတူကစားရုပ်ကို တစ်ကြိမ်ထက်ပိုပြီး မရွှေ့ ပါနဲ့။
မရွှေ့ ဘူးဆိုရင် သင့်ရဲ့နည်းဗျူဟာက လမ်းဖွင့်ပေးသလောက် အတွဲညီညီ၊ လျှင် လျှင်မြန်မြန်နဲ့ သင့်ရဲ့ကစားရုပ်တွေကို မွမ်းမံပေးပါလိမ့်မယ်။
၂။ကစားပွဲရဲ့အစပိုင်းစောစောမှာ check မလုပ်ပါနဲ့။
သင်ဟာ သင့်ရဲ့ပြိုင်ဘက်ကို ကူညီတာဖြစ်နိုင်ပါတယ်။ စောစောစီးစီး check မှု ဟာ သင့်ပြိုင်ဘက်ရဲ့ကစားကွက်မှာ အားနည်းနေတာကို သဘောပေါက်သွားဖို့၊ ဒါမှမဟုတ် ပိုကောင်းတဲ့ ကစားကွက်ကိုဖော်ထုတ်ဖို့ ကူညီရာကျနိုင်ပါတယ်။
၃။pawn မထပ်ပါစေနှင့်။
တစ်တန်းတည်းမှာရှိနေတဲ့ pawn နှစ်ခုဟာ တစ်ခုကိုတစ်ခု မကာကွယ်နိုင်ပါ။
၄။pawn များကို သီးခြားစီခွဲမထားနဲ့။
သူတို့ဟာ အကာအကွယ် (ခိုကိုးရာ) မဲ့နေကြတယ်။
၅။ပြိုင်ဘက်ရဲ့ pawn တွေက သင့်ကို ဖြတ်ကျော်မသွားပါစေနဲ့။
ကျော်ဖြတ်သွားတဲ့ pawn မှန်သမျှဟာ ကစားပွဲအဆုံးပိုင်းမှာ Queen ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။
၆။pawn များနဲ့ သင့် bishop များကို ပိတ်ဆို့မထားပါနဲ့။
ပိတ်ဆို့ခံနေရတဲ့ bishop များဟာ လွတ်လွတ်လပ်လပ် မရွေ့ နိုင်ပါ။
၇။ဖြစ်နိုင်ရုံမျှလေးနဲ့ ကစားရုပ်ကို မဖမ်းလိုက်ပါနဲ့။
Pin ထားတဲ့၊ ဒါမှမဟုတ် skewer ထားတဲ့ ကစားရုပ်ကို (မစားဘဲ) ထားရှိခြင်း ဟာ အဲဒီကစားရုပ်ကိုစားလိုက်တာထက်၊ ပြီးတော့ အပြောင်းအလဲမှာ ရှုံးနိမ့်ခြင်း ထက် ပိုပြီးအကူအညီရပါတယ်။
၈။ castling လုပ်ပြီးတဲ့နောက်မှာ King ရဲ့ရှေ့ က pawn တွေကို မရွှေ့ နဲ့။
(ရွှေ့ ရင်) king ဟာ အကာအကွယ်မဲ့ဖြစ်နေပါလိမ့်မယ်။
၉။ကိုယ်နားမလည်တဲ့ နည်းဗျူဟာများနဲ့ မကစားပါနဲ့။
နည်းဗျူဟာဟာ ဘာကြောင့်လုပ်ဆောင်သလဲဆိုတာကို သိတာဟာ စာအုပ်ထဲက ရွှေ့ ကွက်တွေကို အလွတ်မှတ်ထားတာထက် ပိုပြီးအရေးကြီးပါတယ်။
[ Zawgyi ]
၁။အဖြင့္ပိုင္းမွာ အလားတူကစားရုပ္ကို တစ္ႀကိမ္ထက္ပိုၿပီး မေရႊ ႔ပါနဲ႔။
မေရႊ ႔ဘူးဆိုရင္ သင့္ရဲ့နည္းဗ်ဴဟာက လမ္းဖြင့္ေပးသေလာက္ အတြဲညီညီ၊ လွ်င္ လွ်င္ျမန္ျမန္နဲ႔ သင့္ရဲ့ကစားရုပ္ေတြကို မြမ္းမံေပးပါလိမ့္မယ္။
၂။ကစားပြဲရဲ့အစပိုင္းေစာေစာမွာ check မလုပ္ပါနဲ႔။
သင္ဟာ သင့္ရဲ့ၿပိဳင္ဘက္ကို ကူညီတာျဖစ္ႏုိင္ပါတယ္။ ေစာေစာစီးစီး check မႈ ဟာ သင့္ၿပိဳင္ဘက္ရဲ့ကစားကြက္မွာ အားနည္းေနတာကို သေဘာေပါက္သြားဖို႔၊ ဒါမွမဟုတ္ ပိုေကာင္းတဲ့ ကစားကြက္ကိုေဖာ္ထုတ္ဖို႔ ကူညီရာက်ႏုိင္ပါတယ္။
၃။pawn မထပ္ပါေစႏွင့္။
တစ္တန္းတည္းမွာရွိေနတဲ့ pawn ႏွစ္ခုဟာ တစ္ခုကိုတစ္ခု မကာကြယ္ႏုိင္ပါ။
၄။pawn မ်ားကို သီးျခားစီခြဲမထားနဲ႔။
သူတို႔ဟာ အကာအကြယ္ (ခိုကုိးရာ) မဲ့ေနၾကတယ္။
၅။ၿပိဳင္ဘက္ရဲ့ pawn ေတြက သင့္ကို ျဖတ္ေက်ာ္မသြားပါေစနဲ႔။
ေက်ာ္ျဖတ္သြားတဲ့ pawn မွန္သမွ်ဟာ ကစားပြဲအဆံုးပိုင္းမွာ Queen ျဖစ္ႏုိင္တဲ့ အလားအလာရွိတယ္။
၆။pawn မ်ားနဲ႔ သင့္ bishop မ်ားကို ပိတ္ဆို႔မထားပါနဲ႔။
ပိတ္ဆို႔ခံေနရတဲ့ bishop မ်ားဟာ လြတ္လြတ္လပ္လပ္ မေရြ ႔ႏုိင္ပါ။
၇။ျဖစ္ႏုိင္ရံုမွ်ေလးနဲ႔ ကစားရုပ္ကို မဖမ္းလိုက္ပါနဲ႔။
Pin ထားတဲ့၊ ဒါမွမဟုတ္ skewer ထားတဲ့ ကစားရုပ္ကို (မစားဘဲ) ထားရွိျခင္း ဟာ အဲဒီကစားရုပ္ကိုစားလိုက္တာထက္၊ ၿပီးေတာ့ အေျပာင္းအလဲမွာ ရံႈးနိမ့္ျခင္း ထက္ ပိုၿပီးအကူအညီရပါတယ္။
၈။ castling လုပ္ၿပီးတဲ့ေနာက္မွာ King ရဲ့ေရွ ႔က pawn ေတြကို မေရႊ ႔နဲ႔။
(ေရႊ ႔ရင္) king ဟာ အကာအကြယ္မဲ့ျဖစ္ေနပါလိမ့္မယ္။
၉။ကိုယ္နားမလည္တဲ့ နည္းဗ်ဴဟာမ်ားနဲ႔ မကစားပါနဲ႔။
နည္းဗ်ဴဟာဟာ ဘာေၾကာင့္လုပ္ေဆာင္သလဲဆိုတာကို သိတာဟာ စာအုပ္ထဲက ေရႊ ႔ကြက္ေတြကို အလြတ္မွတ္ထားတာထက္ ပိုၿပီးအေရးႀကီးပါတယ္။
No comments:
Post a Comment