Thursday, July 9, 2020

စစ်တုရင်မှာ ၀န်းရံတယ်ဆိုတာ~~~

စစ်တုရင်မှာ

၀န်းရံတယ်ဆိုတာ

အကာအကွယ်ပေးတယ်ဆိုတာ

သေတွင်းတူးပေးတာမျိုး

ဖြစ်သွားတတ်တာ

ကြုံရတတ်ပါတယ်



ကိုယ့်ဘုရင်သေအောင်

ဘယ်ကောင်မှ မလုပ်ဘူး

ဘယ်အရူးမှ မရွှေ့ဘူးဟလို့

မပြောကြပါနဲ့



ရွှေ့ခဲ့ကြလို့

ရှုံးခဲ့ရတဲ့ပွဲတွေ များခဲ့ပြီလေ

Maung Maung Lwin


No comments:

Post a Comment