Wednesday, July 8, 2020

စစ်တုရင်ကစားနည်း

စစ်ဘုရင်ကစားနည်းတွင် အနောက်နိုင်ငံ ကစားနည်းနှင့် မြန်မာစစ်ဘုရင်ကစားနည်းတို့မှာ လူမျိုးဓလေ့ ထုံးတမ်းအရ မတူညီကြချေ။ အနောက်နိုင်ငံကစားနည်းမှာ စစ်ဘုရင်ခုံ သို့မ ဟုတ် စက္ကူချပ်ထူရှိ အကွက် ၆၄ ကွက်ကို အဖြူ အနက်ဖြင့် အကွက်ဖော်ထားသည်။ အရုပ်များကိုလည်း အဖြူ အနက် ခွဲခြားထား၏။ ကစားရာတွင် ကစားသူ၏ လက်ျာဖက်၌ အဖြူ ကွက်ရှိသော ထောင့်ရှိနေအောင် ခုံကိုထားရသည်။ အရုပ်များ ကို စီရာ၌လည်း၊ နောက်ဆုံးတန်း၌ ကစားသူ၏ လက်ဝဲမှစ၍ လကျ်ာဖက်သို့၊ ရဲတိုက်၊ မြင်းစီး သူရဲကောင်း၊ ဂိုဏ်းချုပ်၊ မိဘုရား၊ ဘုရင်၊ ဂိုဏ်းချုပ်၊ မြင်းစီး သူရဲကောင်းနှင့် ရဲတိုက်တို့ကို အကွက် ၈ ကွက်တွင် အစဉ်အတိုင်း စီသွားရသည်။ ရှေ့တန်း တွင်မူနယ် ၈ ရုပ်ကို စီရ၏။ ယင်းသို့စီရာတွင် မိဖုရားရုပ် သည် အရောင်တူကွက်တွင် ရှိရမည်။ ပုံစံအားဖြင့် မိဖုရား အဖြူသည် အဖြူကွက်ပေါ်တွင်၎င်း၊ မိဖုရားအနက်သည် အနက်ကွက်ပေါ်တွင်၎င်း ရှိရမည်ဖြစ်၏။
ထိုစစ်ဘုရင်ရုပ် အသီးသီးကို ရွှေ့ပြောင်းသွားလာနိုင်သည့် အကွက်တို့မှာ ရှင်ဘုရင်သည် ဘေးပတ်လည်မည်သည့်ဘက်သို့ မဆို တစ်ကွက်သာသွားနိုင်၏။ ပတ်လည်ရှိ မည်သည့်ဘက် သို့မဆို ရွှေ့နိုင်သည်။ လမ်းရှင်းနေလျှင် သွားလိုသည့်ဘက်၌ ရှိသည့် အကွက်ကုန်သွားနိုင်၏။ သွားလိုရာလမ်းတွင် ရန်သူရှိ လျှင် စား၍ ထိုနေရာကိုယူရသည်။ သို့သော် သွားလိုသည့်လမ်း ၌ မိမိဘက်သားအရုပ်ရှိနေပါမူ ကျော်လွန်မသွားရချေ။ ရဲတိုက် ကမူ ရှေ့နောက်ဝဲယာအကွက်တို့သို့သာ သွားနိုင်၏ အတား အဆီးမရှိလျှင် ထိုလမ်းရှိ အကွက်ကုန်သွားနိုင်သည်။ ဂိုဏ်းချုပ် ကမူ ထောင့်ဖြတ်ရွှေ့၍ ထိုလမ်းရှင်းလျှင် အကွက်ကုန်သွားနိုင် သည်။ မြင်းစီးသူရဲကောင်းမှာမူ၊ ရှေ့နောက်ဝဲယာကြိုက်ရာသို့ တစ်ကွက်သွားပြီးနောက် မည်သည့်ဘက်သို့ဖြစ်စေ ထောင့်ဖြတ် တစ်ကွက်ထပ်၍ သွားနိုင်သည်။ မြန်မာမြင်းသွားအတိုင်းဖြစ် သည်။ မြင်းစီးသူရဲကောင်းသွားရာတွင် သွားတိုင်း သွားတိုင်း၌ အရောင်မတူသော အကွက်ပေါ်သို့ကျရသည်ကို သတိပြုရာ၏။ မြင်းစီးသူရဲကောင်း သည် လမ်းတွင်ရှိသော အဆီးအတားများ ကို ကျော်လွှားသွားနိုင်သည့် ထူးခြားသော အခွင့်အရေးရှိသည်။ နယ်သည် ဦးစွာသွားသည့်အကြိမ်တွင် ရှေ့သို့နှစ်ကွက်ထိ သွား နိုင်၏။ ထို့နောက် ရှေ့သို့ ရှေ့သို့တစ်ကွက်သာ သွားနိုင်သည်။ နောက်ပြန်မဆုတ်ရချေ။ အကွက်သွား ရာတွင် ရှေ့တည့်တည့်သို့ သွားရသော်လည်း၊ ရန်သူကို စားရာတွင် ထောင့်ဖြတ်တက်၍ စားရသည်။
ဘုရင်၊ မိဘုရား၊ ဂိုဏ်းချုပ်နှင့် ရဲတိုက်တို့သည် မိမိတို့ သွားနိုင်ရာ အကွက်တွင် ကျရောက်နေသော ရန်သူဟူသမျှကို စားနိုင်ကြ၏။ သို့သော် ဘုရင်သည် နောက်မှ အရံပြုကာ ထိန်းသိမ်းစောင့်ရှောက်ထားသော ရန်သူကိုမူမစားနိုင်ချေ။ မြင်း စီးသူရဲကောင်းသည် သူခုန်သွားနိုင်သော အကွက်တွင်ရှိနေသည့် ရန်သူကို စားနိုင်၏။ စစ်ဘုရင်ရုပ်တိုင်းသည် ရန်သူကို စားပြီး ခဲ့သော်၊ အစားခံရသော အရုပ်နေရာကို ယူရသည်။
နယ်သည် သူ့အကွက်အတိုင်း တက်သွားရာမှ တစ်ဖက် ရန်သူ၏ နောက်ဆုံးတန်းသို့ရောက်သွားခဲ့လျှင်၊ ကစားသူက မိမိကြိုက်ရာ အရုပ်တစ်ခုနှင့် နယ်ကိုလဲပေးရန် တောင်းပိုင်ခွင့် ရှိ၏။ ဤသို့ဖြင့် တစ်ချိန်တည်းတွင် မိဖုရားစသည့် အခြား အရုပ်များကို ၂ ရုပ်၊ ၃ ရုပ်ထား၍ ကစားသွားနိုင်လေသည်။ နောက်ဆုံးတန်းတွင် ရှိနေသော ဘုရင်နှင့် ရဲတိုက်အကြား အကွက်များလစ်လပ်နေခဲ့လျှင်၊ ဘုရင်နှင့်ရဲတိုက်သည် ဗယ်ညာ ပြောင်း ရွေ့စားနိုင်ကြ၏။ ထိုသို့နေရာပြောင်းပုံမှာ ဘုရင်သည် ရဲတိုက်ရှိရာဖက်သို့ နှစ်ကွက်ရွှေ့လိုက်၍၊ ထိုရဲတိုက်က ဘုရင် ကိုကျော်ကာ ကပ်နေသည့်အကွက်တွင် နေရာယူရသည်။ ယင်း သို့ ဗယ်ညာပြောင်းရွှေ့ရာတွင် ထိုအရုပ် ၂ ခုသည် မိမိတို့မူလ နေရာမပြောင်းမရွှေ့သေးဘဲ ရှိနေမှသာလျှင် ဖြစ်နိုင်သည်။
အကယ်၍ အရုပ်တစ်ခုခုသည် ရွှေ့ပြီးဖြစ်ခဲ့သော်၎င်း၊ ဘုရင် သည် အခွေခံရသည့်အခါတွင်၎င်း၊ ရန်သူအရုပ်တစ်ခုခုကို တစ်လှည့် ရွှေ့ရုံဖြင့် ဘုရင်နှင့်ရဲတိုက်အကြားသို့ရောက်လာနိုင်ခဲ့ သော်၎င်း၊ ယင်းအခါမျိုးများတွင် နေရာပြောင်းလဲ၍ မဖြစ်နိုင် တော့ချေ။

No comments:

Post a Comment