မစ်ဒယ်ဂိမ်းတွင် ကျင့်သုံးရန် စည်းမျဉ်း ၇ ချက်
ဆောင်းပါးရှင် - WGM Raluca Sgircea နှင့်
IM Reniet Castallanos
ဘာသာပြန် - လင်းထက်ပိုင်
မစ်ဒယ်ဂိမ်း တစ်နည်းအားဖြင့် အလယ်ပိုင်းကို လေ့လာခြင်း နှင့် အလယ်ပိုင်းတွင် သုံးသော နည်းလမ်းများကို နားလည်ခြင်းသည် လက်ရည်တက်လိုသော ကလပ်ကစားသမား အပျော်တမ်းအဆင့် ဝါသနာရှင်များအတွက် အရေးကြီးလိုအပ်ချက်များထဲမှ တစ်ခု ဖြစ်သည်။ ယနေ့ခေတ် လူငယ်ကစားသမား အတော်များများ အဖွင့်ပိုင်းလေ့လာခြင်းတွင်သာ အချိန် အများဆုံး သုံးနေကြသည်ကို တွေ့ရသည်။ ဝါနုသမ္ဘာနု ကစားသမား နှင့် ဝါရင့်သမ္ဘာရင့် ကစားသမား ကစားပုံ ကွာခြားပေါ်လွင်သွားသည့် နေရာမှာ အဖွင့်ပိုင်းတွင် မဟုတ်ဘဲ အလယ်ပိုင်း နှင့် ပွဲဆုံးပိုင်းတွင် ဖြစ်လေသည်။
လက်ရည်မြင့်ပြိုင်ဖက်နှင့် ကစားသည့်အခါ positional mistake ကစားကွက်အနေအထားအား ထိခိုက်စေသည့် မဟာဗျူ ဟာအမှားမျိုး လုပ်မိလျှင် ဖာထေးရ ဆယ်ရ အလွန်ခက်ပြီး ထိုအမှားကြောင့်ပင် ရှုံးသွားတက်သည်။ သင်ကစားသည့်ပွဲ အလယ်ပိုင်းတွင် ကစားကွက် မနိမ့်စေရန် အောက်ပါအချက်များကို ဂရုစိုက်ဖို့ အကြံပေးလိုသည်။
၁။ နယ်အနေအထား ပြောင်းလဲမှုကို အာရုံစိုက်ပါ
စစ်တုရင်ကစားကွက် အမျိုးအစားတွင် အဓိကအားဖြင့် နှစ်ဖက်အကောင်များ ထိတွေ့တိုက်ခိုက်ကာ စတေးကွက်များ၊ တွဲလုံးများ အသုံးပြုရသည့် tactical play နည်းဗျူ ဟာကစားကွက် နှင့် ထိတွေ့တိုက်ခိုက်မှု နည်းပြီး နယ်များ၏ နောက်တွင် ကိုယ်စီ အကောင်များ နေရာယူ ဆုတ်တက်လှုပ်ရှား စစ်ကစားရသည့် positional play မဟာဗျူ ဟာအသားပေး နေရာယူကစားကွက်ဟူ၍ ရှိသည်။ ဒုတိယအမျိုးအစား နေရာယူကစားကွက်၏ အရေးကြီးသည့် အချက်မှာ ထိုကစားကွက်အမျိုးအစားသည် pawn structure နယ်အနေအထားအပေါ် မူတည်၍ သင့်တော်လိုက်ဖက်သည့် plan စီမံချက်ချကာ ကစားရခြင်း ဖြစ်သည်။
နယ်အနေအထားဆိုသည်မှာ ကစားပွဲတစ်ခုလုံး တသမတ်တည်း ရှိနေသည်မဟုတ်။ Exchange အရုပ်များ အပြန်အလှန် စားသည့်အခါ နယ်အနေအထားပါ ပြောင်းလဲသွားသည်။ ချထားသော စီမံချက်ကို ပြောင်းလဲသွားသည့် နယ်အနေအထားပေါ် မူတည်၍ သင့်တော်သလို ချိန်ဆပြောင်းလဲရန် လိုအပ်သည်။ ထို့ကြောင့် နယ်အနေအထား ပြောင်းလဲမှု၊ ပြောင်းလဲနိုင်ချေကို အမြဲအာရုံစိုက် စောင့်ကြည့်ပါ။
၂။ ကစားကွက်ဖိအားကို ထိန်းထားပါ
ကစားကွက် တည်ဆောက်ရာ၌ ဗဟိုတွင် နှစ်ဖက်အရုပ်များ အပြန်အလှန် ဆိုင်ထား၊ ထိန်းချုပ်ထား၍ ဖြစ်ပေါ်နေသော ကစားကွက် တင်းမာမှုဖိအားကို ဖြစ်နိုင်သမျှ အမြင့်ဆုံးသို့ ရောက်အောင် တိုးမြှင့်ရသည်။ အသာရမည်ဟု ယူဆသည့်ဖက်က အချိန်တန်ပြီဟု ယူဆသည့် အလှည့်တွင် သိုလှောင်ထားသော ဖိအားကို ဖောက်ခွဲကာ တိုက်စစ်ဆင်နွှဲရသည်။ အချိန်မတန်သေးသည့် စစ်ပြင်နေချိန်တွင် ထိုကစားကွက်ဖိအားကို တမင်ရည်ရွယ်ပြီး သော်လည်းကောင်း၊ အမှားလုပ်မိ၍ သော်လည်းကောင်း လျော့ကျဆုံးရှုံးသွားသူသည် ကစားကွက်အသာရရန် ကြိုးစားရသည်မှာ မလွယ်တော့ဘဲ အနိမ့်ကစားကွက် လိုင်းခွဲများဆီ ရောက်သွားနိုင်ချေ များလေ့ရှိသည်။
စစ်မြေပြင်တွင် ကတုတ်ကျင်းနှစ်ဖက် အပြန်အလှန် ဆိုင်ထားကာ စစ်ပြင်နေကြသော စစ်တပ်နှစ်တပ်သည် ရန်သူ့အား ထိုးစစ်ဆင်ရန် လက်နက်ကြီးခဲယမ်းများ စုပုံသိုလှောင်စဉ် ပျက်စီးလေလွင့်သွားခဲ့လျှင် ထိုးစစ်ဆင်ရန် မဖြစ်နိုင်တော့ဘဲ တစ်ဖက်ထိုးစစ်ကို လက်နက်ငယ်ဖြင့်သာ ခုခံရမည့်အဖြစ်သို့ ရောက်သွားမည်။ ထို့ကြောင့် စစ်တုရင်တွင်လည်း အချိန်ကိုက် မဖောက်ခွဲ တိုက်စစ်မစရသေးမီ ကစားကွက်ဖိအားကို သင်တက်နိုင်သမျှ အမြင့်ဆုံးသို့ တင်ပြီး တိုက်စစ်ဆင်မည့် အချိန်ထိ ထိန်းထားနိုင်ရန် ကြိုးစားပါ။
၃။ ကြားဖြတ်ရွှေ့ကွက်များကို ရှာပါ
ကစားကွက်တစ်ခုတွင် မိမိချထားသော စီမံချက်အတိုင်း ရည်မှန်းချက် အောင်မြင်အောင် တစ်ကွက်ပြီးတစ်ကွက် ရွှေ့နေစဉ် စီမံချက်တွင် မပါဝင်၊ တိုက်ရိုက်မပက်သက်သော်လည်း မိမိကစားကွက်အတွက် အထောက်အကူပြု အကျိုးရှိစေမည့် အခွင့်အရေး အသေးစားများ တွေ့ရတက်သည်။ ဆိုပါစို့၊ သင့်မြင်းကို ပြိုင်ဖက်က ဘစ်ရှော့ဖြင့် စားသည်၊ အရုပ်အင်အား မနာစေရန် ထိုဘစ်ရှော့ကို သင် မဖြစ်မနေ ပြန်စားရမည်၊ သို့သော် ချက်ချင်း မစားသေးဘဲ ပြိုင်ဖက်ဘုရင်မကို သင့်ရထားဖြင့် ချိန်လိုက်သည်၊ ဘုရင်မက ပိုတန်ဖိုးကြီးသောကြောင့် ပြိုင်ဖက်က သူ၏ ဘုရင်မကို မဖြစ်မနေ ရှောင်ရသည်၊ ရှောင်လိုက်သည့်အခါ ဘုရင်မ ရှိနေခဲ့သည့် လိုင်းပွင့်အား မိမိရထားက စိုးမိုးထိန်းချုပ်ခွင့် ရသွားတော့သည်၊ ဘုရင်မရှောင်ပြီးမှ ပြိုင်ဖက်ဘစ်ရှော့ကို ကိုယ်က စားသည်။ ဘုရင်မကို ရထားဖြင့် ချိန်ရွယ်မောင်းထုတ်လိုက်သည့် ထိုရွှေ့ကွက်မျိုးကို in-between moves ကြားဖြတ်ရွှေ့ကွက်ဟု ခေါ်သည်။
ဘုရင်ကို အမိဖမ်းရန် ကြိုးစားနေစဉ် အမိဖမ်းခြင်းအား ထိခိုက်မှု မရှိဘဲ နယ်တစ်လုံး အလွတ်စားခွင့်ရခြင်း၊ ပြိုင်ဖက်ရထားကို မိမိမြင်း / ဘစ်ရှော့ဖြင့် စားနိုင်ခြင်း၊ နေရာအသာစီးရစေမည့် အခြားရွှေ့ကွက်တစ်ခုခု ရွှေ့ခွင့်ရခြင်း စသဖြင့် ကြားဖြတ်ရွှေ့ကွက်မှာ အမျိုးမျိုး ဖြစ်နိုင်သည်။ ထိုကဲ့သို့ ပင်မစီမံချက်ကို မထိခိုက်စေဘဲ ပေါ်လာတက်သည့် အခွင့်အရေးများကို ရယူသည့် ကြားဖြတ်ရွှေ့ကွက်များအား မြင်အောင် ကြည့်ပါ။ အလောတကြီး မရွှေ့၊ မတုံ့ပြန်ဘဲ candidate moves ခေါ် လျာထားရွှေ့ကွက်များအား မိမိစဉ်းစားခြင်းတွင် စုံလင်အောင် ထည့်သွင်းစဉ်းစားပါ။ အရုပ်များ လဲကစားသည့်အခါ မိမိက ပြန်မစားခင် အခြားရွှေ့ကွက်ကောင်းတစ်ခုဖြင့် ကြားဖြတ်အခွင့်အရေး ယူ၍ ရမည်လားဆိုသည်ကို မျက်စိရှင်ရှင်ဖြင့် အမြဲ ကြည့်ပါ။
၄။ သင့်အကောင်များ၏ နေရာကို ကောင်းသထက်ကောင်းအောင် ပြင်ပါ
ကောင်းမွန်သည့် ကစားကွက်တစ်ခုတွင် အကောင်များအားလုံး ပူးပေါင်းချိတ်ဆက်နေရမည်။ တိုက်စစ်ပြင်ဆင်သည့်အခါ မိမိအကောင်များ ဗဟိုသို့ ဦးတည်နေစေရန်၊ တစ်ကောင်ချင်းစီအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံးနေရာများတွင် ရှိနေကြစေရန် ဆောင်ရွက်ရမည်။ မိမိကစားကွက်တွင် မည်သည့်အကောင်က အကောင်းဆုံးနေရာတွင် ရှိမနေသေးဘဲ နေရာညံ့နေသလဲဆိုသည်ကို အမြဲ ရှာဖွေစစ်ဆေးပါ။ တွေ့လျှင် ပိုကောင်းသည့် နေရာသို့ ပို့ပါ။
၅။ ပြိုင်ဖက်၏ ခြိမ်းခြောက်မှု သို့မဟုတ် အကြံအစည်များကို အမြဲ ထောက်လှမ်းပါ
အလယ်ပိုင်းကို ကောင်းမွန်စွာ ကစားခြင်းတွင် မိမိဖက်က စီမံချက်ချခြင်း၊ ထိုစီမံချက် အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းတို့သာ ပါဝင်သည်မဟုတ်။ သင့်ရှေ့တည့်တည့် ကစားခုံတစ်ဖက်တွင် ထိုင်နေသည့် ပြိုင်ဖက်ကလည်း သင်လုပ်နေသလို တူညီစွာ သူ့အတွက် အကောင်းဆုံး လုပ်နေသည်။ ထို့ကြောင့် မိမိဖက် တစ်ခြမ်းတည်း စဉ်းစား၍ မရဘဲ ပြိုင်ဖက်၏ စိတ်ကူးအကြံအစည်များကိုပါ ခန့်မှန်းတွက်ဆရန် လိုသည်။ ဤနေရာတွင် 'prophylaxis' ဟု သုံးနှုန်းကြသည့် စစ်တုရင်ဝေါဟာရတစ်ခုနှင့် ပက်သက်လာပါပြီ။ ပြိုင်ဖက်၏ စီမံချက်၊ အကြံအစည်များကို ထောက်လှမ်းလေ့လာပြီး သူအကောင်အထည်ဖော်ခွင့် မရစေရန်၊ ဖော်နိုင်သော်လည်း ခက်ခဲကြာမြင့်စေရန် ကြိုတင် ဟန့်တားနှောင့်ယှက် တားဆီးချေဖျက်ခြင်းကို prophylaxis ကြိုတင်ကာကွယ်ခြင်းဟု ခေါ်သည်။ တစ်ခါတရံတွင် မိမိလုပ်ဆောင်နေသည့် စီမံချက်ကို ခဏရပ်ထားကာ ပြိုင်ဖက်၏ စီမံချက်အား နှောင့်ယှက်ဟန့်တားဖို့ အရင် လုပ်သင့်သည့် အခြေအနေများလည်း ရှိသည်။
၆။ ကစားကွက်၏ အားသာချက်၊ အားနည်းချက် များကို ရှာပါ
တိုက်စစ်အတွက် စီမံချက်ချရန် သင့်မှာ တိကျခိုင်မာသော ပစ်မှတ် ရှိထားရန် လိုသည်။ ပစ်မှတ်မရှိဘဲ တိုက်၍ မရ။ ပစ်မှတ်သတ်မှတ်ဖို့ ပြိုင်ဖက်ကစားကွက်ထဲတွင် အားနည်းချက် ရှာရသည်။ အားနည်းချက်သည် weak squares အရုပ်များ၏ ထောက်ကန်ထားခြင်း မရှိ / မလုံလောက်သည့် ပျော့ညံ့နေသည့် အကွက်များ၊ လေထဲ ရောက်နေသည့် / လုံလောက်စွာ ထောက်ကန်ထားခြင်း မရသည့် အကောင်များ၊ ချောင်ပိတ်မိနေသော / နေရာညံ့နေသော အကောင်များ၊ လုံခြုံမှု အားနည်းနေသော ဘုရင် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်သည်။ အားနည်းချက်ကို အဖက်ဖက်က အသေးစိတ် သုံးသပ်ပြီး သင့်တော်လျှင် ပစ်မှတ်အဖြစ် သတ်မှတ်ရသည်။
သင့်ကစားကွက်ထဲက အားသာချက်၊ အားနည်းချက် များကို ရှာခဲ့သလို ပြိုင်ဖက်၏ အားသာချက်၊ အားနည်းချက် များကိုလည်း ရှာရမည်။ သို့မှသာ ပြိုင်ဖက်၏ ချထားသော / ချနိုင်သော စီမံချက်ကို ခန့်မှန်းနိုင်မည်။
၇။ ကိုယ့်ကစားကွက်တွင် အားနည်းချက်ဖြစ်အောင် မလုပ်မိစေနှင့်
ထူးထူးခြားခြား ဘာမှ မဖြစ်သေးသော ညီမျှကွက်များသည် ကစားရအခက်ဆုံး ဖြစ်သည်။ ဤနေရာသည် အပျော်တမ်းအဆင့် ဝါသနာရှင် ကစားသမားများအတွက် ပွဲစကတည်းက ကစားသည်မှာ ကောင်းနေသော်လည်း နိမ့်သွားခြင်း၏ နိဒါန်း၊ အမှားစလုပ်မိသည့် နေရာ ဖြစ်လေ့ရှိသည်။ ဤကစားကွက်မျိုးနှင့် ကြုံရလျှင် စိတ်မလှုပ်ရှားပါနှင့်၊ စိတ်အေးအေးထားပါ။ ဘာလုပ်ရမှန်း မသိ၍ စိတ်ရှုပ်ကာ နယ်များရွှေ့ခြင်း၊ မခိုင်မာသည့် တိုက်စစ်ကို အချိန်မတန်မီ စတင်ခြင်း တို့ကို ရှောင်ကြဉ်ပါ။ မလိုအပ်သည့် နယ်ရွှေ့ကွက်များ၊ ပြင်ဆင်မှု မလုံလောက်သည့် တိုက်စစ်ဆင်ခြင်း တို့သည် သင့်အား ကစားကွက်အနိမ့်ဆီသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ ထိုနည်းဖြင့် လက်ရည်သာသည့် ပြိုင်ဖက်က အသာစီးရသွားကာ နိုင်ခြင်း ဖြစ်လေသည်။
အထက်ပါ အကြံပြုချက်များကို သင်ပွဲကစားနေစဉ် လိုက်နာကျင့်သုံးလျှင် ရွှေ့ကွက်မှန် ရှာဖွေတွေ့ရှိဖို့ များစွာ အထောက်အကူ ပြုပါလိမ့်မည်။ သင့်ကစားကွက် ပိုမိုကောင်းလာစေနိုင်ပြီး လက်ရည်လည်း တက်လာမည်ဟု မျှော်လင့်ပါသည်။
ဖတ်ရှုသည့်အတွက် ကျေးဇူးတင်ပါသည်။
ဆောင်းပါးရှင် - WGM Raluca Sgircea နှင့်
IM Reniet Castallanos
ဘာသာပြန် - လင်းထက်ပိုင်
မူရင်းဆောင်းပါး - https://m.facebook.com/story.php?story_fbid=2118278598229081&id=171992822857678
ဘာသာပြန်သူ၏ မှတ်ချက် - တချို့အချက်တွေကို မူရင်းဆောင်းပါးမှာ ပါတာထက် ပိုအသေးစိတ် ပြန်ဆိုထားပါတယ်။ ကျွန်တော့် ဘာသာပြန်ဆောင်းပါးတွေကို လက်ရွေးစင်တွေ၊ တိုင်တယ်ရ ကစားသမားတွေလို လက်ရည်မြင့် ကစားသမားတွေထက် ကျွန်တော့်လို လက်ရည်တူ အပျော်တမ်းအဆင့် ဝါသနာရှင် ကစားသမားတွေ ပိုဖတ်ကြမယ်ထင်လို့ပါ။ ဒါပေမယ့် မူရင်းအာဘော်နဲ့ ကွဲလွဲဆန့်ကျင်တဲ့ အချက်အလက်၊ အမြင်၊ ယူဆချက်တွေကို ပြန်ဆိုရေးသားတာမျိုးတော့ မရှိပါဘူး။
Zawgyi
မစ္ဒယ္ဂိမ္းတြင္ က်င့္သံုးရန္ စည္းမ်ဥ္း ၇ ခ်က္
ေဆာင္းပါးရွင္ - WGM Raluca Sgircea ႏွင့္
IM Reniet Castallanos
ဘာသာျပန္ - လင္းထက္ပိုင္
မစ္ဒယ္ဂိမ္း တစ္နည္းအားျဖင့္ အလယ္ပိုင္းကို ေလ့လာျခင္း ႏွင့္ အလယ္ပိုင္းတြင္ သံုးေသာ နည္းလမ္းမ်ားကို နားလည္ျခင္းသည္ လက္ရည္တက္လိုေသာ ကလပ္ကစားသမား အေပ်ာ္တမ္းအဆင့္ ဝါသနာရွင္မ်ားအတြက္ အေရးႀကီးလိုအပ္ခ်က္မ်ားထဲမွ တစ္ခု ျဖစ္သည္။ ယေန႔ေခတ္ လူငယ္ကစားသမား အေတာ္မ်ားမ်ား အဖြင့္ပိုင္းေလ့လာျခင္းတြင္သာ အခ်ိန္ အမ်ားဆံုး သံုးေနၾကသည္ကို ေတြ႕ရသည္။ ဝါႏုသမ႓ာႏု ကစားသမား ႏွင့္ ဝါရင့္သမ႓ာရင့္ ကစားသမား ကစားပံု ကြာျခားေပၚလြင္သြားသည့္ ေနရာမွာ အဖြင့္ပိုင္းတြင္ မဟုတ္ဘဲ အလယ္ပိုင္း ႏွင့္ ပြဲဆံုးပိုင္းတြင္ ျဖစ္ေလသည္။
လက္ရည္ျမင့္ၿပိဳင္ဖက္ႏွင့္ ကစားသည့္အခါ positional mistake ကစားကြက္အေနအထားအား ထိခိုက္ေစသည့္ မဟာဗ် ဴ ဟာအမွားမ်ိ ဳး လုပ္မိလွ်င္ ဖာေထးရ ဆယ္ရ အလြန္ခက္ၿပီး ထိုအမွားေၾကာင့္ပင္ ႐ံႈးသြားတက္သည္။ သင္ကစားသည့္ပြဲ အလယ္ပိုင္းတြင္ ကစားကြက္ မနိမ့္ေစရန္ ေအာက္ပါအခ်က္မ်ားကို ဂ႐ုစိုက္ဖို႔ အႀကံေပးလိုသည္။
၁။ နယ္အေနအထား ေျပာင္းလဲမႈကို အာ႐ံုစိုက္ပါ
စစ္တုရင္ကစားကြက္ အမ်ိ ဳးအစားတြင္ အဓိကအားျဖင့္ ႏွစ္ဖက္အေကာင္မ်ား ထိေတြ႕တိုက္ခိုက္ကာ စေတးကြက္မ်ား၊ တြဲလံုးမ်ား အသံုးျပဳရသည့္ tactical play နည္းဗ် ဴ ဟာကစားကြက္ ႏွင့္ ထိေတြ႕တိုက္ခိုက္မႈ နည္းၿပီး နယ္မ်ား၏ ေနာက္တြင္ ကိုယ္စီ အေကာင္မ်ား ေနရာယူ ဆုတ္တက္လႈပ္ရွား စစ္ကစားရသည့္ positional play မဟာဗ် ဴ ဟာအသားေပး ေနရာယူကစားကြက္ဟူ၍ ရိွသည္။ ဒုတိယအမ်ိ ဳးအစား ေနရာယူကစားကြက္၏ အေရးႀကီးသည့္ အခ်က္မွာ ထိုကစားကြက္အမ်ိ ဳးအစားသည္ pawn structure နယ္အေနအထားအေပၚ မူတည္၍ သင့္ေတာ္လိုက္ဖက္သည့္ plan စီမံခ်က္ခ်ကာ ကစားရျခင္း ျဖစ္သည္။
နယ္အေနအထားဆိုသည္မွာ ကစားပြဲတစ္ခုလံုး တသမတ္တည္း ရိွေနသည္မဟုတ္။ Exchange အ႐ုပ္မ်ား အျပန္အလွန္ စားသည့္အခါ နယ္အေနအထားပါ ေျပာင္းလဲသြားသည္။ ခ်ထားေသာ စီမံခ်က္ကို ေျပာင္းလဲသြားသည့္ နယ္အေနအထားေပၚ မူတည္၍ သင့္ေတာ္သလို ခ်ိန္ဆေျပာင္းလဲရန္ လိုအပ္သည္။ ထို႔ေၾကာင့္ နယ္အေနအထား ေျပာင္းလဲမႈ၊ ေျပာင္းလဲႏိုင္ေခ်ကို အၿမဲအာ႐ံုစိုက္ ေစာင့္ၾကည့္ပါ။
၂။ ကစားကြက္ဖိအားကို ထိန္းထားပါ
ကစားကြက္ တည္ေဆာက္ရာ၌ ဗဟိုတြင္ ႏွစ္ဖက္အ႐ုပ္မ်ား အျပန္အလွန္ ဆိုင္ထား၊ ထိန္းခ် ဳပ္ထား၍ ျဖစ္ေပၚေနေသာ ကစားကြက္ တင္းမာမႈဖိအားကို ျဖစ္ႏိုင္သမွ် အျမင့္ဆံုးသို႔ ေရာက္ေအာင္ တိုးျမႇင့္ရသည္။ အသာရမည္ဟု ယူဆသည့္ဖက္က အခ်ိန္တန္ၿပီဟု ယူဆသည့္ အလွည့္တြင္ သိုေလွာင္ထားေသာ ဖိအားကို ေဖာက္ခြဲကာ တိုက္စစ္ဆင္ႏႊဲရသည္။ အခ်ိန္မတန္ေသးသည့္ စစ္ျပင္ေနခ်ိန္တြင္ ထိုကစားကြက္ဖိအားကို တမင္ရည္ရြယ္ၿပီး ေသာ္လည္းေကာင္း၊ အမွားလုပ္မိ၍ ေသာ္လည္းေကာင္း ေလ်ာ့က်ဆံုး႐ံႈးသြားသူသည္ ကစားကြက္အသာရရန္ ႀကိဳးစားရသည္မွာ မလြယ္ေတာ့ဘဲ အနိမ့္ကစားကြက္ လိုင္းခြဲမ်ားဆီ ေရာက္သြားႏိုင္ေခ် မ်ားေလ့ရိွသည္။
စစ္ေျမျပင္တြင္ ကတုတ္က်င္းႏွစ္ဖက္ အျပန္အလွန္ ဆိုင္ထားကာ စစ္ျပင္ေနၾကေသာ စစ္တပ္ႏွစ္တပ္သည္ ရန္သူ႕အား ထိုးစစ္ဆင္ရန္ လက္နက္ႀကီးခဲယမ္းမ်ား စုပံုသိုေလွာင္စဥ္ ပ်က္စီးေလလြင့္သြားခဲ့လွ်င္ ထိုးစစ္ဆင္ရန္ မျဖစ္ႏိုင္ေတာ့ဘဲ တစ္ဖက္ထိုးစစ္ကို လက္နက္ငယ္ျဖင့္သာ ခုခံရမည့္အျဖစ္သို႔ ေရာက္သြားမည္။ ထို႔ေၾကာင့္ စစ္တုရင္တြင္လည္း အခ်ိန္ကိုက္ မေဖာက္ခြဲ တိုက္စစ္မစရေသးမီ ကစားကြက္ဖိအားကို သင္တက္ႏိုင္သမွ် အျမင့္ဆံုးသို႔ တင္ၿပီး တိုက္စစ္ဆင္မည့္ အခ်ိန္ထိ ထိန္းထားႏိုင္ရန္ ႀကိဳးစားပါ။
၃။ ၾကားျဖတ္ေရႊ႕ကြက္မ်ားကို ရွာပါ
ကစားကြက္တစ္ခုတြင္ မိမိခ်ထားေသာ စီမံခ်က္အတိုင္း ရည္မွန္းခ်က္ ေအာင္ျမင္ေအာင္ တစ္ကြက္ၿပီးတစ္ကြက္ ေရႊ႕ေနစဥ္ စီမံခ်က္တြင္ မပါဝင္၊ တိုက္႐ိုက္မပက္သက္ေသာ္လည္း မိမိကစားကြက္အတြက္ အေထာက္အကူျပဳ အက်ိ ဳးရိွေစမည့္ အခြင့္အေရး အေသးစားမ်ား ေတြ႕ရတက္သည္။ ဆိုပါစို႔၊ သင့္ျမင္းကို ၿပိဳင္ဖက္က ဘစ္ေရွာ့ျဖင့္ စားသည္၊ အ႐ုပ္အင္အား မနာေစရန္ ထိုဘစ္ေရွာ့ကို သင္ မျဖစ္မေန ျပန္စားရမည္၊ သို႔ေသာ္ ခ်က္ခ်င္း မစားေသးဘဲ ၿပိဳင္ဖက္ဘုရင္မကို သင့္ရထားျဖင့္ ခ်ိန္လိုက္သည္၊ ဘုရင္မက ပိုတန္ဖိုးႀကီးေသာေၾကာင့္ ၿပိဳင္ဖက္က သူ၏ ဘုရင္မကို မျဖစ္မေန ေရွာင္ရသည္၊ ေရွာင္လိုက္သည့္အခါ ဘုရင္မ ရိွေနခဲ့သည့္ လိုင္းပြင့္အား မိမိရထားက စိုးမိုးထိန္းခ် ဳပ္ခြင့္ ရသြားေတာ့သည္၊ ဘုရင္မေရွာင္ၿပီးမွ ၿပိဳင္ဖက္ဘစ္ေရွာ့ကို ကိုယ္က စားသည္။ ဘုရင္မကို ရထားျဖင့္ ခ်ိန္ရြယ္ေမာင္းထုတ္လိုက္သည့္ ထိုေရႊ႕ကြက္မ်ိ ဳးကို in-between moves ၾကားျဖတ္ေရႊ႕ကြက္ဟု ေခၚသည္။
ဘုရင္ကို အမိဖမ္းရန္ ႀကိဳးစားေနစဥ္ အမိဖမ္းျခင္းအား ထိခိုက္မႈ မရိွဘဲ နယ္တစ္လံုး အလြတ္စားခြင့္ရျခင္း၊ ၿပိဳင္ဖက္ရထားကို မိမိျမင္း / ဘစ္ေရွာ့ျဖင့္ စားႏိုင္ျခင္း၊ ေနရာအသာစီးရေစမည့္ အျခားေရႊ႕ကြက္တစ္ခုခု ေရႊ႕ခြင့္ရျခင္း စသျဖင့္ ၾကားျဖတ္ေရႊ႕ကြက္မွာ အမ်ိ ဳးမ်ိ ဳး ျဖစ္ႏိုင္သည္။ ထိုကဲ့သို႔ ပင္မစီမံခ်က္ကို မထိခိုက္ေစဘဲ ေပၚလာတက္သည့္ အခြင့္အေရးမ်ားကို ရယူသည့္ ၾကားျဖတ္ေရႊ႕ကြက္မ်ားအား ျမင္ေအာင္ ၾကည့္ပါ။ အေလာတႀကီး မေရႊ႕၊ မတံု႔ျပန္ဘဲ candidate moves ေခၚ လ်ာထားေရႊ႕ကြက္မ်ားအား မိမိစဥ္းစားျခင္းတြင္ စံုလင္ေအာင္ ထည့္သြင္းစဥ္းစားပါ။ အ႐ုပ္မ်ား လဲကစားသည့္အခါ မိမိက ျပန္မစားခင္ အျခားေရႊ႕ကြက္ေကာင္းတစ္ခုျဖင့္ ၾကားျဖတ္အခြင့္အေရး ယူ၍ ရမည္လားဆိုသည္ကို မ်က္စိရွင္ရွင္ျဖင့္ အၿမဲ ၾကည့္ပါ။
၄။ သင့္အေကာင္မ်ား၏ ေနရာကို ေကာင္းသထက္ေကာင္းေအာင္ ျပင္ပါ
ေကာင္းမြန္သည့္ ကစားကြက္တစ္ခုတြင္ အေကာင္မ်ားအားလံုး ပူးေပါင္းခ်ိတ္ဆက္ေနရမည္။ တိုက္စစ္ျပင္ဆင္သည့္အခါ မိမိအေကာင္မ်ား ဗဟိုသို႔ ဦးတည္ေနေစရန္၊ တစ္ေကာင္ခ်င္းစီအတြက္ ျဖစ္ႏိုင္သမွ် အေကာင္းဆံုးေနရာမ်ားတြင္ ရိွေနၾကေစရန္ ေဆာင္ရြက္ရမည္။ မိမိကစားကြက္တြင္ မည္သည့္အေကာင္က အေကာင္းဆံုးေနရာတြင္ ရိွမေနေသးဘဲ ေနရာညံ့ေနသလဲဆိုသည္ကို အၿမဲ ရွာေဖြစစ္ေဆးပါ။ ေတြ႕လွ်င္ ပိုေကာင္းသည့္ ေနရာသို႔ ပို႔ပါ။
၅။ ၿပိဳင္ဖက္၏ ၿခိမ္းေျခာက္မႈ သို႔မဟုတ္ အႀကံအစည္မ်ားကို အၿမဲ ေထာက္လွမ္းပါ
အလယ္ပိုင္းကို ေကာင္းမြန္စြာ ကစားျခင္းတြင္ မိမိဖက္က စီမံခ်က္ခ်ျခင္း၊ ထိုစီမံခ်က္ ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ျခင္းတို႔သာ ပါဝင္သည္မဟုတ္။ သင့္ေရွ႕တည့္တည့္ ကစားခံုတစ္ဖက္တြင္ ထိုင္ေနသည့္ ၿပိဳင္ဖက္ကလည္း သင္လုပ္ေနသလို တူညီစြာ သူ႕အတြက္ အေကာင္းဆံုး လုပ္ေနသည္။ ထို႔ေၾကာင့္ မိမိဖက္ တစ္ျခမ္းတည္း စဥ္းစား၍ မရဘဲ ၿပိဳင္ဖက္၏ စိတ္ကူးအႀကံအစည္မ်ားကိုပါ ခန္႔မွန္းတြက္ဆရန္ လိုသည္။ ဤေနရာတြင္ 'prophylaxis' ဟု သံုးႏႈန္းၾကသည့္ စစ္တုရင္ေဝါဟာရတစ္ခုႏွင့္ ပက္သက္လာပါၿပီ။ ၿပိဳင္ဖက္၏ စီမံခ်က္၊ အႀကံအစည္မ်ားကို ေထာက္လွမ္းေလ့လာၿပီး သူအေကာင္အထည္ေဖာ္ခြင့္ မရေစရန္၊ ေဖာ္ႏိုင္ေသာ္လည္း ခက္ခဲၾကာျမင့္ေစရန္ ႀကိဳတင္ ဟန္႔တားေႏွာင့္ယွက္ တားဆီးေခ်ဖ်က္ျခင္းကို prophylaxis ႀကိဳတင္ကာကြယ္ျခင္းဟု ေခၚသည္။ တစ္ခါတရံတြင္ မိမိလုပ္ေဆာင္ေနသည့္ စီမံခ်က္ကို ခဏရပ္ထားကာ ၿပိဳင္ဖက္၏ စီမံခ်က္အား ေႏွာင့္ယွက္ဟန္႔တားဖို႔ အရင္ လုပ္သင့္သည့္ အေျခအေနမ်ားလည္း ရိွသည္။
၆။ ကစားကြက္၏ အားသာခ်က္၊ အားနည္းခ်က္ မ်ားကို ရွာပါ
တိုက္စစ္အတြက္ စီမံခ်က္ခ်ရန္ သင့္မွာ တိက်ခိုင္မာေသာ ပစ္မွတ္ ရိွထားရန္ လိုသည္။ ပစ္မွတ္မရိွဘဲ တိုက္၍ မရ။ ပစ္မွတ္သတ္မွတ္ဖို႔ ၿပိဳင္ဖက္ကစားကြက္ထဲတြင္ အားနည္းခ်က္ ရွာရသည္။ အားနည္းခ်က္သည္ weak squares အ႐ုပ္မ်ား၏ ေထာက္ကန္ထားျခင္း မရိွ / မလံုေလာက္သည့္ ေပ်ာ့ညံ့ေနသည့္ အကြက္မ်ား၊ ေလထဲ ေရာက္ေနသည့္ / လံုေလာက္စြာ ေထာက္ကန္ထားျခင္း မရသည့္ အေကာင္မ်ား၊ ေခ်ာင္ပိတ္မိေနေသာ / ေနရာညံ့ေနေသာ အေကာင္မ်ား၊ လံုၿခံဳမႈ အားနည္းေနေသာ ဘုရင္ စသျဖင့္ အမ်ိ ဳးမ်ိ ဳး ျဖစ္ႏိုင္သည္။ အားနည္းခ်က္ကို အဖက္ဖက္က အေသးစိတ္ သံုးသပ္ၿပီး သင့္ေတာ္လွ်င္ ပစ္မွတ္အျဖစ္ သတ္မွတ္ရသည္။
သင့္ကစားကြက္ထဲက အားသာခ်က္၊ အားနည္းခ်က္ မ်ားကို ရွာခဲ့သလို ၿပိဳင္ဖက္၏ အားသာခ်က္၊ အားနည္းခ်က္ မ်ားကိုလည္း ရွာရမည္။ သို႔မွသာ ၿပိဳင္ဖက္၏ ခ်ထားေသာ / ခ်ႏိုင္ေသာ စီမံခ်က္ကို ခန္႔မွန္းႏိုင္မည္။
၇။ ကိုယ့္ကစားကြက္တြင္ အားနည္းခ်က္ျဖစ္ေအာင္ မလုပ္မိေစႏွင့္
ထူးထူးျခားျခား ဘာမွ မျဖစ္ေသးေသာ ညီမွ်ကြက္မ်ားသည္ ကစားရအခက္ဆံုး ျဖစ္သည္။ ဤေနရာသည္ အေပ်ာ္တမ္းအဆင့္ ဝါသနာရွင္ ကစားသမားမ်ားအတြက္ ပြဲစကတည္းက ကစားသည္မွာ ေကာင္းေနေသာ္လည္း နိမ့္သြားျခင္း၏ နိဒါန္း၊ အမွားစလုပ္မိသည့္ ေနရာ ျဖစ္ေလ့ရိွသည္။ ဤကစားကြက္မ်ိ ဳးႏွင့္ ႀကံဳရလွ်င္ စိတ္မလႈပ္ရွားပါႏွင့္၊ စိတ္ေအးေအးထားပါ။ ဘာလုပ္ရမွန္း မသိ၍ စိတ္႐ႈပ္ကာ နယ္မ်ားေရႊ႕ျခင္း၊ မခိုင္မာသည့္ တိုက္စစ္ကို အခ်ိန္မတန္မီ စတင္ျခင္း တို႔ကို ေရွာင္ၾကဥ္ပါ။ မလိုအပ္သည့္ နယ္ေရႊ႕ကြက္မ်ား၊ ျပင္ဆင္မႈ မလံုေလာက္သည့္ တိုက္စစ္ဆင္ျခင္း တို႔သည္ သင့္အား ကစားကြက္အနိမ့္ဆီသို႔သာ ေခၚေဆာင္သြားလိမ့္မည္။ ထိုနည္းျဖင့္ လက္ရည္သာသည့္ ၿပိဳင္ဖက္က အသာစီးရသြားကာ ႏိုင္ျခင္း ျဖစ္ေလသည္။
အထက္ပါ အႀကံျပဳခ်က္မ်ားကို သင္ပြဲကစားေနစဥ္ လိုက္နာက်င့္သံုးလွ်င္ ေရႊ႕ကြက္မွန္ ရွာေဖြေတြ႕ရိွဖို႔ မ်ားစြာ အေထာက္အကူ ျပဳပါလိမ့္မည္။ သင့္ကစားကြက္ ပိုမိုေကာင္းလာေစႏိုင္ၿပီး လက္ရည္လည္း တက္လာမည္ဟု ေမွ်ာ္လင့္ပါသည္။
ဖတ္႐ႈသည့္အတြက္ ေက်းဇူးတင္ပါသည္။
ေဆာင္းပါးရွင္ - WGM Raluca Sgircea ႏွင့္
IM Reniet Castallanos
ဘာသာျပန္ - လင္းထက္ပိုင္
မူရင္းေဆာင္းပါး - https://m.facebook.com/story.php?story_fbid=2118278598229081&id=171992822857678
ဘာသာျပန္သူ၏ မွတ္ခ်က္ - တခ်ိ ဳ ့အခ်က္ေတြကို မူရင္းေဆာင္းပါးမွာ ပါတာထက္ ပိုအေသးစိတ္ ျပန္ဆိုထားပါတယ္။ ကြၽန္ေတာ့္ ဘာသာျပန္ေဆာင္းပါးေတြကို လက္ေရြးစင္ေတြ၊ တိုင္တယ္ရ ကစားသမားေတြလို လက္ရည္ျမင့္ ကစားသမားေတြထက္ ကြၽန္ေတာ့္လို လက္ရည္တူ အေပ်ာ္တမ္းအဆင့္ ဝါသနာရွင္ ကစားသမားေတြ ပိုဖတ္ၾကမယ္ထင္လို႔ပါ။ ဒါေပမယ့္ မူရင္းအာေဘာ္နဲ႔ ကြဲလြဲဆန္႔က်င္တဲ့ အခ်က္အလက္၊ အျမင္၊ ယူဆခ်က္ေတြကို ျပန္ဆိုေရးသားတာမ်ိ ဳးေတာ့ မရိွပါဘူး။
No comments:
Post a Comment