အိုပန်နင်အသစ်တစ်ခုကို လွယ်ကူစွာ လေ့လာခြင်း အဆင့် ၄ ဆင့်
ဆောင်းပါးရှင် - WGM Raluca Sgircea နှင့်
IM Reniet Castallanos
ဘာသာပြန် - လင်းထက်ပိုင်
အိုပန်နင် ခေါ် အဖွင့်ပိုင်းသည် စစ်တုရင်တွင် အရေးကြီးသည်။ ကာပါဘလန်ကာ ကဲ့သို့ ထိပ်တန်းဂရန်းမာစတာတချို့ က စစ်တုရင် စတင်သင်ယူလျှင် endgame ပွဲဆုံးပိုင်းကနေ စလေ့လာဖို့ တိုက်တွန်း အကြံပေးကြသည်ကို မကြာခဏ သင်ဖတ်ဖူးပါလိမ့်မည်။ ထိုအကြံပေးချက် မမှား၊ မှန်ပါသည်။ သို့သော် ပွဲဆုံးပိုင်းကို စတင်လေ့လာသင့်သည်ဆိုသော အဆိုသည် အဖွင့်ပိုင်း အရေးမကြီး၊ လေ့လာစရာမလို၊ ဖယ်ထားရမည်ဟူသော အဓိပ္ပာယ် မဟုတ်ပေ။
ယနေ့ခေတ်ကဲ့သို့ အင်တာနက်မှ နည်းစနစ်ပိုင်းဆိုင်ရာ စာအုပ်စာတမ်းများ အလွယ်တကူ ရယူနိုင်ပြီး နည်းပြများ၊ လက်ရည်မြင့် ထိပ်တန်းကစားသမားများ၏ ပွဲဝေဖန်သုံးသပ်မှုကို ရယူဖတ်ရှုနိုင်သော နည်းပညာခေတ်တွင် မည်သည့်ဝါသနာရှင်မဆို လေ့လာစရာ ပညာရပ်အရင်းအမြစ်များ ကြွယ်ဝလှသည်။ ထိုကြောင့် သာမန်လက်ရည်ရှိ အပျော်တမ်း ကစားသမားတစ်ဦးပင် ဖြစ်လင့်ကစား ပြိုင်ပွဲ၌ လက်ရည်တူ အပျော်တမ်းပြိုင်ဖက်များအား ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အဖွင့်ပိုင်းနှင့် ပက်သက်သည့် ဗဟုသုတ အတိုင်းအတာတစ်ခုအထိ ရှိနေဖို့ လိုအပ်လာလေသည်။
အဖွင့်အသစ်တစ်ခုကို လေ့လာရသည်မှာ ပြောသလောက် လွယ်ကူလှသည်တော့ မဟုတ်။ စစ်တုရင်ကစားပွဲ အစိတ်အပိုင်းများအနက် အလယ်ပိုင်း၊ ပွဲဆုံးပိုင်းတို့နှင့်စာလျှင် အဖွင့်ပိုင်းအတွက် ခေတ်အဆက်ဆက် ရေးသားထုတ်ဝေခဲ့သော စာအုပ်အရေအတွက်မှာ အများဆုံး ဖြစ်၏။ လက်ရှိတွင်လည်း အများအပြား ရေးသားထုတ်ဝေနေကြပြီး အနာဂတ်တွင်လည်း အသစ်ထွက်လာကြမည့် စာအုပ်များ ဒုနှင့်ဒေး တန်းစီနေကြသည်။ ထိုမျှများပြားသော စာအုပ်စာတမ်းများထဲက မည်သည်များက မိမိလေ့လာလိုသော အဖွင့်အသစ်အတွက် သင့်တော်ကိုက်ညီ လိုအပ်ကောင်းမွန်သည်ကို ရွေးချယ်ရသည်မှာ မလွယ်လှ။ ဤသည်မှာ အဖွင့်ပိုင်းလေ့လာရာတွင် ပထမဆုံး ကြုံရသော အခက်အခဲပင် ဖြစ်သည်။
အဝတ်အစားဖက်ရှင်ကဲ့သို့ပင် စစ်တုရင်အဖွင့်ဆိုသည်မှာလည်း လူတို့အကြိုက် ပြောင်းလဲနေသော ခေတ်ရေစီးကြောင်း ရှိသည်။ ရှိပြီးသား အဖွင့်အဟောင်းများကို ပိုနက်ရှိုင်းစွာ လေ့လာသုံးသပ်ခြင်းများ ရှိကြသလို လိုင်းခွဲအသစ်များ တီထွင်ဖော်ထုတ်ခြင်းများလည်း ရှိကြသည်။ အချိန်ကာလ ရွေ့လျားနေသည်နှင့်အမျှ စစ်တုရင်လောကတွင် လူကြိုက်များ ရေပန်းစားသော အဖွင့်များ ပြောင်းလဲနေကြသည်။ တစ်ချိန်က လူကြိုက်များခဲ့သော်လည်း အသုံးနည်း မှေးမှိန်သွားပြီး ယခု ပြန်လည်ဆန်းသစ် တဖန် လူကြိုက်များလာခြင်းများလည်း ရှိသည်။ အရေအတွက်အားဖြင့်လည်း များပြားလှသလို အမြဲတမ်း ပြောင်းလဲနေသော အဖွင့်ရှိသမျှအား လေ့လာနေရန်ဆိုသည်မှာ အလွန်တရာ အချိန်ကုန်လူပန်းမည့် ကိစ္စဖြစ်၍ ထိုမျှ မလိုအပ်ပါ။ လက်တွေ့ကစားပွဲတွင် အသုံးပြုမည့် အဖွင့်တစ်ခုအား ဘယ်လိုလေ့လာရမည်၊ ဘယ်လိုမွမ်းမံသွားရမည် စသည့် အကြံပြုချက်များကို ဤဆောင်းပါးတွင် ဖော်ပြပါမည်။
ပြိုင်ပွဲတွင် အဖြူ ကိုင်ရလျှင် ဘာအဖွင့်တွေ သုံးမည်၊ အနက်ကိုင်ရလျှင် အဖြူ ပြိုင်ဖက်၏ ဘာအဖွင့်အား မိမိက ဘာအဖွင့်ဖြင့် တုံ့ပြန်မည် စသဖြင့် ကြိုတင်ရွေးချယ် စုစည်းထားသော အဖွင့်များကို opening repertoire အိုပန်နင် ရက်ပထွာ သို့မဟုတ် လက်စွဲအဖွင့်များဟု ခေါ်သည်။ လက်ရည်အသင့်အတင့်မှ ထိပ်တန်းအဆင့်အထိ ပြိုင်ပွဲဝင် စစ်တုရင်သမားများအားလုံးတွင် ကိုယ်ပိုင်လက်စွဲအဖွင့်များ ကိုယ်စီ ရှိကြသည်။ ထိုလက်စွဲအဖွင့်များတွင် ပါဝင်သော အဖွင့်များကို ပုံမှန်လေ့လာသုံးသပ် လေ့ကျင့်နေကြလေ့ရှိပြီး အဖွင့်တစ်ခုခုအား အကြောင်းအမျိုးမျိုးကြောင့် မိမိမနှစ်သက်တော့၍ ထိုစာရင်းမှ ဖယ်ထုတ်လိုက်ခြင်း၊ လေ့လာအသုံးပြုရန် အဖွင့်အသစ်တစ်ခု ရွေးချယ်ထည့်သွင်းခြင်းများ ရှိကြသည်။ အကယ်၍ သင့်လက်စွဲအဖွင့်စာရင်းတွင် အဖွင့်အသစ်တစ်ခုကို ရွေးချယ်ထည့်သွင်းလိုက်ပြီ ဆိုပါက အောက်ပါအဆင့် ၄ ဆင့်ကို သင်ဆောင်ရွက်ရမည်။
၁။ ကစားပွဲစုဆောင်းခြင်း
အဖွင့်အသစ်တစ်ခုကို အသေးစိတ် မလေ့လာခင် ထိုအဖွင့်ကို သင်အသုံးပြုချင်အောင် ဆွဲဆောင်ထားသော နမူနာကစားပွဲများအား အရင်စုဆောင်းဖို့ အကြံပေးလိုသည်။ ခေတ်ဟောင်း ဂန္တဝင်ကစားပွဲဖြစ်စေ၊ ယခုခေတ်ကစားပွဲဖြစ်စေ ထိုကစားပွဲများအား ဘယ်တုန်းက ကစားခဲ့သည်ဆိုသည့် ကာလမှာ အရေးမကြီးပါ။ အဓိကမှာ ထိုအဖွင့် အသုံးပြုသည့် ကစားပွဲများတွင် ဖြစ်ပေါ်လေ့ရှိသော ကစားကွက် အနေအထားများ structures၊ နည်းစနစ်အမျိုးအစားများ themes၊ ပွဲဆုံးပိုင်းကစားကွက်များ endgames နှင့် ဖြစ်နိုင်သမျှ သင့်စိတ်ထဲစွဲ ရင်းနှီးစေဖို့ ကြည့်စေလိုသော ရည်ရွယ်ချက်ပင် ဖြစ်သည်။
ဂန္တဝင်ပွဲများမှ အယူအဆဟောင်းများကို အထင်သေး လျှော့ပေါ့မတွက်ပါနှင့်၊ အယူအဆဟောင်းများမှာ ခေတ်သစ်ကစားပွဲများမှ အယူအဆများကဲ့သို့ပင် အသုံးဝင်ကြသည်။ ကာလကြာမြင့်၍ မထင်ရှား မှေးမှိန်ကောင်း မှေးမှိန်နိုင်သော်လည်း မှန်ကန်ခိုင်မာသည့် အယူအဆများမှာ ပျောက်ကွယ်သွားခြင်းဟူ၍ မရှိ။ ယနေ့ခေတ်တွင် အင်ဂျင်သုံးကာ ရှာတွေ့သည့် ကွက်သစ်များ novelties ကဲ့သို့ပင် အယူအဆဟောင်းများတွင်လည်း ရင်သပ်ရှုမောစရာ အလှအပများ ရှိနေကြသည်။ ထိုသဘာဝကို သင်တွေ့ရှိနားလည်လေ ပိုကောင်းလေပင်။
၂။ ကျွမ်းကျင်သူများ ရှာဖွေခြင်း
ဤအဆင့်သည် စစ်တုရင်သမားများအတွက် ပျော်စရာကောင်း၍ လုပ်ချင်ကြသောအရာ ဖြစ်သည်၊ မိမိလေ့လာမည့် အဖွင့်အသစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားပြခဲ့သော ဂရင်းမာစတာများ၏ ထိုအဖွင့်သုံး ကစားပွဲများအား ရှာဖွေစုဆောင်းခြင်းဖြစ်၍။ အချို့ အဖွင့်များကို သူမတူ ထူးချွန်စွာ ကျွမ်းကျင်၍ နာမည်ကျော်သော ထိုအဖွင့်၏ ပါရဂူဟု တင်စားနိုင်လောက်သည့် ထိပ်တန်းစစ်တုရင်သမားများ ရှိကြသည်။ ဥပမာ Najdorf နိုင်းဒေါ့ အဖွင့်တွင် ကာစပါရော့၊ Ruy Lopez ရိုင် လိုပက် အဖွင့်တွင် ဖစ်ရှာ၊ Breyer ဘရေယာ အဖွင့်တွင် စပါစကီ စသဖြင့်။ ကိုယ်ရွေးထားသော အဖွင့်တွင် မည်သည့် ဂရန်းမာစတာက နာမည်ကြီးသည်ကို စုံစမ်းပြီး ၄င်းဂရန်းမာစတာက ထိုအဖွင့် အသုံးပြုကစားခဲ့သော ကစားပွဲများကို စုဆောင်းကြည့်ရှုပါ။ အကယ်၍ သင်ရွေးထားသော အဖွင့်က အသုံးနည်းသည့် ရှားပါးအဖွင့်မျိုးဖြစ်နေ၍ ထိုအဖွင့်၏ နာမည်ကျော် ထိပ်တန်းကစားသမား မရှိပါက သင့်ပတ်ဝန်းကျင်မှ အတွေ့အကြုံရှိ စစ်တုရင်သမားတစ်ဦးဦးကို မေးမြန်း အကူအညီ တောင်းကြည့်ပါ။
အဆင့် ၁ နှင့် ၂ ဆောင်ရွက်ပြီးသွားလျှင် ထိုအဖွင့်အသစ်နှင့် ပက်သက်သည့် အချက်အလက်များ သင့်တွင် အလုံအလောက် ရှိလာပြီ။ အဖွင့်ကို ပိုရင်းနှီးကျွမ်းဝင်လာပြီ ဖြစ်သလို သင့်စစ်တုရင် အထွေထွေ ဗဟုသုတလည်း ယခင်ကထက် ပိုများလာပြီ။ သို့သော် မပြီးသေးပါ၊ ဆက်လုပ်ရမည့် အရာများ ကျန်သေးသည်။ ယခုမှစ၍ အဖွင့်ကို တစ်ကွက်ချင်း အသေးစိတ် စတင်လေ့လာရတော့မည်။
၃။ သဘောတရား
(ကိုယ်ပိုင် pgn file ရေးပြီး လေ့ကျင့်ပါ)
လက်သင်စစ်တုရင်သမား အများစု အဖွင့်တစ်ခုကို လေ့လာသောအခါ ဤအဆင့်ကစ၍ လေ့လာကြသည်၊ အင်ဂျင်က သုံးသပ်အဖြေရှာပေးထားသော ရွှေ့ကွက်များ ပြည့်နှက်နေသည့် စစ်တုရင်စာအုပ်များကို ဝယ်ကြသည်၊ ထို့နောက် အဖွင့်ပိုင်းရွှေ့ကွက်များကို မှတ်မိအောင် အလွတ်ကျက်ကြလေတော့သည်။ ဤလေ့လာနည်းမှာ ထိုများပြားလှသော ရွှေ့ကွက်အချက်အလက်များကို မမေ့ဘဲ အလွတ်မှတ်မိနိုင်လောက်အောင် မြင့်မားသည့် ဥာဏ်ရည်ဥာဏ်သွေး သင်ပိုင်ဆိုင်ထားပြီး ထိုရွှေ့ကွက်များ၏ နောက်ကွယ်က သဘောတရားများကိုလည်း ကျေကျေညက်ညက် သင်နားလည်ထားပါက အပြစ်ဆိုစရာ မရှိပါ။ သင်လုပ်နိုင်စွမ်းရှိပါက လုပ်လိုလျှင် လုပ်နိုင်ပါသည်။ သို့သော် လက်တွေ့တွင် စစ်တုရင်သမား အများစုအတွက်မူ ထိုနည်းဖြင့် လေ့လာသောအခါ မေ့သွားခြင်း၊ ရှေ့နောက်အစဉ် ရောထွေးခြင်း၊ လိုင်းခွဲများ ရှုပ်ထွေးကုန်ခြင်း စသည့် အခက်အခဲများစွာ ကြုံတွေ့ရလေ့ရှိသဖြင့် အောင်မြင်မှု နည်းလှ၏။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ နောက်ကွယ်သဘောတရားများကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့် ဖြစ်သည်။
အကြံပြုလိုသည်မှာ လိုင်းခွဲများတွင် စာသားဖြင့် ပြည့်ပြည့်စုံစုံ ရှင်းပြထားသော အဖွင့်စာအုပ်မျိုးကိုသာ ဝယ်စေလိုသည်။ သဘောတရားကို နားလည်အောင် ဖတ်သလို ရွှေ့ကွက်များကိုလည်း မှတ်မိအောင် ကြိုးစားပါ။ စစ်တုရင်အက်ပလီကေးရှင်းတစ်ခုခု သုံးပြီး အဖွင့်ရွှေ့ကွက်များကို pgn file ပီဂျီအန်ဖိုင်တစ်ခု ဖန်တီးကာ ရွှေ့ကစားကြည့်ပါ။ ရွှေ့ကွက်များကို ပိုမှတ်မိစေသလို နောင်တွင် လက်တွေ့ကစားပွဲများ၌ လုပ်မိမည့် အမှားများကို ထည့်သွင်းဖြည့်စွက် တည်းဖြတ်မှတ်တမ်းတင်ခြင်းကိုလည်း လုပ်နိုင်သည်။
၄။ အစမ်းကစားခြင်း
နောက်ဆုံးအဆင့်ဖြစ်သော အစမ်းကစားခြင်းမှာ ပြိုင်ပွဲမကစားခင် လုပ်ဆောင်ထားပြီး ဖြစ်နေရမည့် အရေးကြီးအဆင့် ဖြစ်သည်။ အကြိမ်များစွာ အစမ်းကစားထားလျှင် ရွှေ့ကွက်များကို အလွတ်မှတ်မိစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း မြင့်တက်လာစေမည်။ သင်အသုံးပြုမည့် အဖွင့်တစ်ခု၏ ရှောင်လွှဲမရ သိကိုသိထားရမည့် လိုင်းခွဲများ၊ ရွှေ့ကွက်များ အားလုံးကို မဖြစ်မနေ အစမ်းကစားကာ ကြိုတင်လေ့ကျင့်ထားရမည်။ သို့မှသာ ပြိုင်ပွဲတွင် အဖွင့်ပိုင်း ကစားရာ၌ တစ်ကွက်ချင်းစီကို အစအဆုံး ပြန်စဉ်းစားစရာ မလိုတော့ဘဲ သက်သာလွယ်ကူစွာ ယုံကြည်မှုရှိရှိ ကစားနိုင်စေမည်။ တစ်ခါမှ အစမ်းမကစားဖူးသော အစိမ်းသက်သက် အဖွင့်တစ်ခုကို ပြိုင်ပွဲတွင် အသုံးပြုကစားလျှင် ထိုအချိန်ကျမှ တစ်ကွက်ချင်းစီကို အသည်းအသန် စဉ်းစားအဖြေရှာနေရမည်၊ ထိုသို့ ရှာလျှင်တောင်မှ အဖြေ တွေ့ချင်မှ တွေ့မည်၊ မသေချာ။ ဤမျှ အခက်အခဲက သင့်ကစားပွဲကို ရှုံးစေမည် မဟုတ်သော်လည်း စဉ်းစားရင်း ကုန်သွားသည့် အချိန်ကိုတော့ ဘယ်လိုမှ ပြန်မရနိုင်ပါ။ ကိုယ့်အဖွင့်ကို ကျင့်သားရနေစေရန် သူငယ်ချင်းဖြင့် သို့မဟုတ် နည်းပြဖြင့် သို့မဟုတ် အွန်လိုင်းပွဲဖြင့် ပြိုင်ပွဲမဝင်ခင် လေ့ကျင့်ရေးပွဲများ ကစားပါ။
ဤဆောင်းပါးတိုအား နိဂုံးချုပ်ပါတော့မည်။ အဖွင့်တစ်ခုကို ကျွမ်းကျင်လာစေရန် သင်လုပ်ရန် အများကြီး မလိုအပ်ပါ။ ဖော်ပြပါ အဆင့် ၄ ဆင့်ကို ဆောင်ရွက်လျှင် လွယ်ကူလျင်မြန်စွာ လေ့လာနိုင်ပါလိမ့်မည်။ အချိန်ကာလ၊ အတွေ့အကြုံ ၊ သင်ကိုယ်တိုင် ကစားခဲ့သော ကစားပွဲများ၏ သင်ခန်းစာယူစရာ သုံးသပ်ချက်များ စသည့် အချက်များကို ပေါင်းစပ်အသုံးချသွားပါက ကျွမ်းကျင်လာမည်ဖြစ်ပြီး တစ်ချိန်ချိန် ထိုအဖွင့်တွင် သင့်စိတ်ကူးစိတ်သန်းများ၊ သင့်ကိုယ်ပိုင် သဘောတရားများကိုပင် ဖော်ထုတ်နိုင်လာပါလိမ့်မည်။
အောင်မြင်ပါစေ။
ဆောင်းပါးရှင် - WGM Raluca Sgircea နှင့်
IM Reniet Castallanos
ဘာသာပြန် - လင်းထက်ပိုင်
မူရင်းဆောင်းပါး - https://m.facebook.com/story.php?story_fbid=2527995527257384&id=171992822857678
[ Zawgyi ]
အိုပန္နင္အသစ္တစ္ခုကို လြယ္ကူစြာ ေလ့လာျခင္း အဆင့္ ၄ ဆင့္
ေဆာင္းပါးရွင္ - WGM Raluca Sgircea ႏွင့္
IM Reniet Castallanos
ဘာသာျပန္ - လင္းထက္ပိုင္
အိုပန္နင္ ေခၚ အဖြင့္ပိုင္းသည္ စစ္တုရင္တြင္ အေရးႀကီးသည္။ ကာပါဘလန္ကာ ကဲ့သို့ ထိပ္တန္းဂရန္းမာစတာတခ်ိ ု ့က စစ္တုရင္ စတင္သင္ယူလၽွင္ endgame ပြဲဆုံးပိုင္းကေန စေလ့လာဖို့ တိုက္တြန္း အႀကံေပးၾကသည္ကို မၾကာခဏ သင္ဖတ္ဖူးပါလိမ့္မည္။ ထိုအႀကံေပးခ်က္ မမွား၊ မွန္ပါသည္။ သို့ေသာ္ ပြဲဆုံးပိုင္းကို စတင္ေလ့လာသင့္သည္ဆိုေသာ အဆိုသည္ အဖြင့္ပိုင္း အေရးမႀကီး၊ ေလ့လာစရာမလို၊ ဖယ္ထားရမည္ဟူေသာ အဓိပၸာယ္ မဟုတ္ေပ။
ယေန႔ေခတ္ကဲ့သို့ အင္တာနက္မွ နည္းစနစ္ပိုင္းဆိုင္ရာ စာအုပ္စာတမ္းမ်ား အလြယ္တကူ ရယူနိုင္ၿပီး နည္းျပမ်ား၊ လက္ရည္ျမင့္ ထိပ္တန္းကစားသမားမ်ား၏ ပြဲေဝဖန္သုံးသပ္မွုကို ရယူဖတ္ရွုနိုင္ေသာ နည္းပညာေခတ္တြင္ မည္သည့္ဝါသနာရွင္မဆို ေလ့လာစရာ ပညာရပ္အရင္းအျမစ္မ်ား ႂကြယ္ဝလွသည္။ ထိုေၾကာင့္ သာမန္လက္ရည္ရွိ အေပ်ာ္တမ္း ကစားသမားတစ္ဦးပင္ ျဖစ္လင့္ကစား ၿပိဳင္ပြဲ၌ လက္ရည္တူ အေပ်ာ္တမ္းၿပိဳင္ဖက္မ်ားအား ေကာင္းေကာင္း ယွဥ္ၿပိဳင္နိုင္စြမ္းရွိရန္ အဖြင့္ပိုင္းႏွင့္ ပက္သက္သည့္ ဗဟုသုတ အတိုင္းအတာတစ္ခုအထိ ရွိေနဖို့ လိုအပ္လာေလသည္။
အဖြင့္အသစ္တစ္ခုကို ေလ့လာရသည္မွာ ေျပာသေလာက္ လြယ္ကူလွသည္ေတာ့ မဟုတ္။ စစ္တုရင္ကစားပြဲ အစိတ္အပိုင္းမ်ားအနက္ အလယ္ပိုင္း၊ ပြဲဆုံးပိုင္းတို့ႏွင့္စာလၽွင္ အဖြင့္ပိုင္းအတြက္ ေခတ္အဆက္ဆက္ ေရးသားထုတ္ေဝခဲ့ေသာ စာအုပ္အေရအတြက္မွာ အမ်ားဆုံး ျဖစ္၏။ လက္ရွိတြင္လည္း အမ်ားအျပား ေရးသားထုတ္ေဝေနၾကၿပီး အနာဂတ္တြင္လည္း အသစ္ထြက္လာၾကမည့္ စာအုပ္မ်ား ဒုႏွင့္ေဒး တန္းစီေနၾကသည္။ ထိုမၽွမ်ားျပားေသာ စာအုပ္စာတမ္းမ်ားထဲက မည္သည္မ်ားက မိမိေလ့လာလိုေသာ အဖြင့္အသစ္အတြက္ သင့္ေတာ္ကိုက္ညီ လိုအပ္ေကာင္းမြန္သည္ကို ေရြးခ်ယ္ရသည္မွာ မလြယ္လွ။ ဤသည္မွာ အဖြင့္ပိုင္းေလ့လာရာတြင္ ပထမဆုံး ၾကဳံရေသာ အခက္အခဲပင္ ျဖစ္သည္။
အဝတ္အစားဖက္ရွင္ကဲ့သို့ပင္ စစ္တုရင္အဖြင့္ဆိုသည္မွာလည္း လူတို့အႀကိဳက္ ေျပာင္းလဲေနေသာ ေခတ္ေရစီးေၾကာင္း ရွိသည္။ ရွိၿပီးသား အဖြင့္အေဟာင္းမ်ားကို ပိုနက္ရွိုင္းစြာ ေလ့လာသုံးသပ္ျခင္းမ်ား ရွိၾကသလို လိုင္းခြဲအသစ္မ်ား တီထြင္ေဖာ္ထုတ္ျခင္းမ်ားလည္း ရွိၾကသည္။ အခ်ိန္ကာလ ေရြ႕လ်ားေနသည္ႏွင့္အမၽွ စစ္တုရင္ေလာကတြင္ လူႀကိဳက္မ်ား ေရပန္းစားေသာ အဖြင့္မ်ား ေျပာင္းလဲေနၾကသည္။ တစ္ခ်ိန္က လူႀကိဳက္မ်ားခဲ့ေသာ္လည္း အသုံးနည္း ေမွးမွိန္သြားၿပီး ယခု ျပန္လည္ဆန္းသစ္ တဖန္ လူႀကိဳက္မ်ားလာျခင္းမ်ားလည္း ရွိသည္။ အေရအတြက္အားျဖင့္လည္း မ်ားျပားလွသလို အျမဲတမ္း ေျပာင္းလဲေနေသာ အဖြင့္ရွိသမၽွအား ေလ့လာေနရန္ဆိုသည္မွာ အလြန္တရာ အခ်ိန္ကုန္လူပန္းမည့္ ကိစၥျဖစ္၍ ထိုမၽွ မလိုအပ္ပါ။ လက္ေတြ႕ကစားပြဲတြင္ အသုံးျပဳမည့္ အဖြင့္တစ္ခုအား ဘယ္လိုေလ့လာရမည္၊ ဘယ္လိုမြမ္းမံသြားရမည္ စသည့္ အႀကံျပဳခ်က္မ်ားကို ဤေဆာင္းပါးတြင္ ေဖာ္ျပပါမည္။
ၿပိဳင္ပြဲတြင္ အျဖဴ ကိုင္ရလၽွင္ ဘာအဖြင့္ေတြ သုံးမည္၊ အနက္ကိုင္ရလၽွင္ အျဖဴ ၿပိဳင္ဖက္၏ ဘာအဖြင့္အား မိမိက ဘာအဖြင့္ျဖင့္ တုံ႔ျပန္မည္ စသျဖင့္ ႀကိဳတင္ေရြးခ်ယ္ စုစည္းထားေသာ အဖြင့္မ်ားကို opening repertoire အိုပန္နင္ ရက္ပထြာ သို့မဟုတ္ လက္စြဲအဖြင့္မ်ားဟု ေခၚသည္။ လက္ရည္အသင့္အတင့္မွ ထိပ္တန္းအဆင့္အထိ ၿပိဳင္ပြဲဝင္ စစ္တုရင္သမားမ်ားအားလုံးတြင္ ကိုယ္ပိုင္လက္စြဲအဖြင့္မ်ား ကိုယ္စီ ရွိၾကသည္။ ထိုလက္စြဲအဖြင့္မ်ားတြင္ ပါဝင္ေသာ အဖြင့္မ်ားကို ပုံမွန္ေလ့လာသုံးသပ္ ေလ့က်င့္ေနၾကေလ့ရွိၿပီး အဖြင့္တစ္ခုခုအား အေၾကာင္းအမ်ိဳ ုးမ်ိ ုးေၾကာင့္ မိမိမႏွစ္သက္ေတာ့၍ ထိုစာရင္းမွ ဖယ္ထုတ္လိုက္ျခင္း၊ ေလ့လာအသုံးျပဳရန္ အဖြင့္အသစ္တစ္ခု ေရြးခ်ယ္ထည့္သြင္းျခင္းမ်ား ရွိၾကသည္။ အကယ္၍ သင့္လက္စြဲအဖြင့္စာရင္းတြင္ အဖြင့္အသစ္တစ္ခုကို ေရြးခ်ယ္ထည့္သြင္းလိုက္ၿပီ ဆိုပါက ေအာက္ပါအဆင့္ ၄ ဆင့္ကို သင္ေဆာင္ရြက္ရမည္။
၁။ ကစားပြဲစုေဆာင္းျခင္း
အဖြင့္အသစ္တစ္ခုကို အေသးစိတ္ မေလ့လာခင္ ထိုအဖြင့္ကို သင္အသုံးျပဳခ်င္ေအာင္ ဆြဲေဆာင္ထားေသာ နမူနာကစားပြဲမ်ားအား အရင္စုေဆာင္းဖို့ အႀကံေပးလိုသည္။ ေခတ္ေဟာင္း ဂႏၲဝင္ကစားပြဲျဖစ္ေစ၊ ယခုေခတ္ကစားပြဲျဖစ္ေစ ထိုကစားပြဲမ်ားအား ဘယ္တုန္းက ကစားခဲ့သည္ဆိုသည့္ ကာလမွာ အေရးမႀကီးပါ။ အဓိကမွာ ထိုအဖြင့္ အသုံးျပဳသည့္ ကစားပြဲမ်ားတြင္ ျဖစ္ေပၚေလ့ရွိေသာ ကစားကြက္ အေနအထားမ်ား structures၊ နည္းစနစ္အမ်ိ ုးအစားမ်ား themes၊ ပြဲဆုံးပိုင္းကစားကြက္မ်ား endgames ႏွင့္ ျဖစ္နိုင္သမၽွ သင့္စိတ္ထဲစြဲ ရင္းႏွီးေစဖို့ ၾကည့္ေစလိုေသာ ရည္ရြယ္ခ်က္ပင္ ျဖစ္သည္။
ဂႏၲဝင္ပြဲမ်ားမွ အယူအဆေဟာင္းမ်ားကို အထင္ေသး ေလၽွာ့ေပါ့မတြက္ပါႏွင့္၊ အယူအဆေဟာင္းမ်ားမွာ ေခတ္သစ္ကစားပြဲမ်ားမွ အယူအဆမ်ားကဲ့သို့ပင္ အသုံးဝင္ၾကသည္။ ကာလၾကာျမင့္၍ မထင္ရွား ေမွးမွိန္ေကာင္း ေမွးမွိန္နိုင္ေသာ္လည္း မွန္ကန္ခိုင္မာသည့္ အယူအဆမ်ားမွာ ေပ်ာက္ကြယ္သြားျခင္းဟူ၍ မရွိ။ ယေန႔ေခတ္တြင္ အင္ဂ်င္သုံးကာ ရွာေတြ႕သည့္ ကြက္သစ္မ်ား novelties ကဲ့သို့ပင္ အယူအဆေဟာင္းမ်ားတြင္လည္း ရင္သပ္ရွုေမာစရာ အလွအပမ်ား ရွိေနၾကသည္။ ထိုသဘာဝကို သင္ေတြ႕ရွိနားလည္ေလ ပိုေကာင္းေလပင္။
၂။ ကၽြမ္းက်င္သူမ်ား ရွာေဖြျခင္း
ဤအဆင့္သည္ စစ္တုရင္သမားမ်ားအတြက္ ေပ်ာ္စရာေကာင္း၍ လုပ္ခ်င္ၾကေသာအရာ ျဖစ္သည္၊ မိမိေလ့လာမည့္ အဖြင့္အသစ္ကို ကၽြမ္းက်င္ပိုင္နိုင္စြာ ကစားျပခဲ့ေသာ ဂရင္းမာစတာမ်ား၏ ထိုအဖြင့္သုံး ကစားပြဲမ်ားအား ရွာေဖြစုေဆာင္းျခင္းျဖစ္၍။ အခ်ိ ု ့အဖြင့္မ်ားကို သူမတူ ထူးခၽြန္စြာ ကၽြမ္းက်င္၍ နာမည္ေက်ာ္ေသာ ထိုအဖြင့္၏ ပါရဂူဟု တင္စားနိုင္ေလာက္သည့္ ထိပ္တန္းစစ္တုရင္သမားမ်ား ရွိၾကသည္။ ဥပမာ Najdorf နိုင္းေဒါ့ အဖြင့္တြင္ ကာစပါေရာ့၊ Ruy Lopez ရိုင္ လိုပက္ အဖြင့္တြင္ ဖစ္ရွာ၊ Breyer ဘေရယာ အဖြင့္တြင္ စပါစကီ စသျဖင့္။ ကိုယ္ေရြးထားေသာ အဖြင့္တြင္ မည္သည့္ ဂရန္းမာစတာက နာမည္ႀကီးသည္ကို စုံစမ္းၿပီး ၄င္းဂရန္းမာစတာက ထိုအဖြင့္ အသုံးျပဳကစားခဲ့ေသာ ကစားပြဲမ်ားကို စုေဆာင္းၾကည့္ရွုပါ။ အကယ္၍ သင္ေရြးထားေသာ အဖြင့္က အသုံးနည္းသည့္ ရွားပါးအဖြင့္မ်ိ ုးျဖစ္ေန၍ ထိုအဖြင့္၏ နာမည္ေက်ာ္ ထိပ္တန္းကစားသမား မရွိပါက သင့္ပတ္ဝန္းက်င္မွ အေတြ႕အၾကဳံရွိ စစ္တုရင္သမားတစ္ဦးဦးကို ေမးျမန္း အကူအညီ ေတာင္းၾကည့္ပါ။
အဆင့္ ၁ ႏွင့္ ၂ ေဆာင္ရြက္ၿပီးသြားလၽွင္ ထိုအဖြင့္အသစ္ႏွင့္ ပက္သက္သည့္ အခ်က္အလက္မ်ား သင့္တြင္ အလုံအေလာက္ ရွိလာၿပီ။ အဖြင့္ကို ပိုရင္းႏွီးကၽြမ္းဝင္လာၿပီ ျဖစ္သလို သင့္စစ္တုရင္ အေထြေထြ ဗဟုသုတလည္း ယခင္ကထက္ ပိုမ်ားလာၿပီ။ သို့ေသာ္ မၿပီးေသးပါ၊ ဆက္လုပ္ရမည့္ အရာမ်ား က်န္ေသးသည္။ ယခုမွစ၍ အဖြင့္ကို တစ္ကြက္ခ်င္း အေသးစိတ္ စတင္ေလ့လာရေတာ့မည္။
၃။ သေဘာတရား
(ကိုယ္ပိုင္ pgn file ေရးၿပီး ေလ့က်င့္ပါ)
လက္သင္စစ္တုရင္သမား အမ်ားစု အဖြင့္တစ္ခုကို ေလ့လာေသာအခါ ဤအဆင့္ကစ၍ ေလ့လာၾကသည္၊ အင္ဂ်င္က သုံးသပ္အေျဖရွာေပးထားေသာ ေရႊ႕ကြက္မ်ား ျပည့္ႏွက္ေနသည့္ စစ္တုရင္စာအုပ္မ်ားကို ဝယ္ၾကသည္၊ ထို့ေနာက္ အဖြင့္ပိုင္းေရႊ႕ကြက္မ်ားကို မွတ္မိေအာင္ အလြတ္က်က္ၾကေလေတာ့သည္။ ဤေလ့လာနည္းမွာ ထိုမ်ားျပားလွေသာ ေရႊ႕ကြက္အခ်က္အလက္မ်ားကို မေမ့ဘဲ အလြတ္မွတ္မိနိုင္ေလာက္ေအာင္ ျမင့္မားသည့္ ဥာဏ္ရည္ဥာဏ္ေသြး သင္ပိုင္ဆိုင္ထားၿပီး ထိုေရႊ႕ကြက္မ်ား၏ ေနာက္ကြယ္က သေဘာတရားမ်ားကိုလည္း ေက်ေက်ညက္ညက္ သင္နားလည္ထားပါက အျပစ္ဆိုစရာ မရွိပါ။ သင္လုပ္နိုင္စြမ္းရွိပါက လုပ္လိုလၽွင္ လုပ္နိုင္ပါသည္။ သို့ေသာ္ လက္ေတြ႕တြင္ စစ္တုရင္သမား အမ်ားစုအတြက္မူ ထိုနည္းျဖင့္ ေလ့လာေသာအခါ ေမ့သြားျခင္း၊ ေရွ႕ေနာက္အစဥ္ ေရာေထြးျခင္း၊ လိုင္းခြဲမ်ား ရွုပ္ေထြးကုန္ျခင္း စသည့္ အခက္အခဲမ်ားစြာ ၾကဳံေတြ႕ရေလ့ရွိသျဖင့္ ေအာင္ျမင္မွု နည္းလွ၏။ ထိုသို့ ျဖစ္ရျခင္း၏ အေၾကာင္းရင္းမွာ ေနာက္ကြယ္သေဘာတရားမ်ားကို နားလည္သေဘာေပါက္ျခင္း မရွိေသာေၾကာင့္ ျဖစ္သည္။
အႀကံျပဳလိုသည္မွာ လိုင္းခြဲမ်ားတြင္ စာသားျဖင့္ ျပည့္ျပည့္စုံစုံ ရွင္းျပထားေသာ အဖြင့္စာအုပ္မ်ိ ုးကိုသာ ဝယ္ေစလိုသည္။ သေဘာတရားကို နားလည္ေအာင္ ဖတ္သလို ေရႊ႕ကြက္မ်ားကိုလည္း မွတ္မိေအာင္ ႀကိဳးစားပါ။ စစ္တုရင္အက္ပလီေကးရွင္းတစ္ခုခု သုံးၿပီး အဖြင့္ေရႊ႕ကြက္မ်ားကို pgn file ပီဂ်ီအန္ဖိုင္တစ္ခု ဖန္တီးကာ ေရႊ႕ကစားၾကည့္ပါ။ ေရႊ႕ကြက္မ်ားကို ပိုမွတ္မိေစသလို ေနာင္တြင္ လက္ေတြ႕ကစားပြဲမ်ား၌ လုပ္မိမည့္ အမွားမ်ားကို ထည့္သြင္းျဖည့္စြက္ တည္းျဖတ္မွတ္တမ္းတင္ျခင္းကိုလည္း လုပ္နိုင္သည္။
၄။ အစမ္းကစားျခင္း
ေနာက္ဆုံးအဆင့္ျဖစ္ေသာ အစမ္းကစားျခင္းမွာ ၿပိဳင္ပြဲမကစားခင္ လုပ္ေဆာင္ထားၿပီး ျဖစ္ေနရမည့္ အေရးႀကီးအဆင့္ ျဖစ္သည္။ အႀကိမ္မ်ားစြာ အစမ္းကစားထားလၽွင္ ေရႊ႕ကြက္မ်ားကို အလြတ္မွတ္မိေစၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မွုလည္း ျမင့္တက္လာေစမည္။ သင္အသုံးျပဳမည့္ အဖြင့္တစ္ခု၏ ေရွာင္လႊဲမရ သိကိုသိထားရမည့္ လိုင္းခြဲမ်ား၊ ေရႊ႕ကြက္မ်ား အားလုံးကို မျဖစ္မေန အစမ္းကစားကာ ႀကိဳတင္ေလ့က်င့္ထားရမည္။ သို့မွသာ ၿပိဳင္ပြဲတြင္ အဖြင့္ပိုင္း ကစားရာ၌ တစ္ကြက္ခ်င္းစီကို အစအဆုံး ျပန္စဥ္းစားစရာ မလိုေတာ့ဘဲ သက္သာလြယ္ကူစြာ ယုံၾကည္မွုရွိရွိ ကစားနိုင္ေစမည္။ တစ္ခါမွ အစမ္းမကစားဖူးေသာ အစိမ္းသက္သက္ အဖြင့္တစ္ခုကို ၿပိဳင္ပြဲတြင္ အသုံးျပဳကစားလၽွင္ ထိုအခ်ိန္က်မွ တစ္ကြက္ခ်င္းစီကို အသည္းအသန္ စဥ္းစားအေျဖရွာေနရမည္၊ ထိုသို့ ရွာလၽွင္ေတာင္မွ အေျဖ ေတြ႕ခ်င္မွ ေတြ႕မည္၊ မေသခ်ာ။ ဤမၽွ အခက္အခဲက သင့္ကစားပြဲကို ရွုံးေစမည္ မဟုတ္ေသာ္လည္း စဥ္းစားရင္း ကုန္သြားသည့္ အခ်ိန္ကိုေတာ့ ဘယ္လိုမွ ျပန္မရနိုင္ပါ။ ကိုယ့္အဖြင့္ကို က်င့္သားရေနေစရန္ သူငယ္ခ်င္းျဖင့္ သို့မဟုတ္ နည္းျပျဖင့္ သို့မဟုတ္ အြန္လိုင္းပြဲျဖင့္ ၿပိဳင္ပြဲမဝင္ခင္ ေလ့က်င့္ေရးပြဲမ်ား ကစားပါ။
ဤေဆာင္းပါးတိုအား နိဂုံးခ် ုပ္ပါေတာ့မည္။ အဖြင့္တစ္ခုကို ကၽြမ္းက်င္လာေစရန္ သင္လုပ္ရန္ အမ်ားႀကီး မလိုအပ္ပါ။ ေဖာ္ျပပါ အဆင့္ ၄ ဆင့္ကို ေဆာင္ရြက္လၽွင္ လြယ္ကူလ်င္ျမန္စြာ ေလ့လာနိုင္ပါလိမ့္မည္။ အခ်ိန္ကာလ၊ အေတြ႕အၾကဳံ ၊ သင္ကိုယ္တိုင္ ကစားခဲ့ေသာ ကစားပြဲမ်ား၏ သင္ခန္းစာယူစရာ သုံးသပ္ခ်က္မ်ား စသည့္ အခ်က္မ်ားကို ေပါင္းစပ္အသုံးခ်သြားပါက ကၽြမ္းက်င္လာမည္ျဖစ္ၿပီး တစ္ခ်ိန္ခ်ိန္ ထိုအဖြင့္တြင္ သင့္စိတ္ကူးစိတ္သန္းမ်ား၊ သင့္ကိုယ္ပိုင္ သေဘာတရားမ်ားကိုပင္ ေဖာ္ထုတ္နိုင္လာပါလိမ့္မည္။
ေအာင္ျမင္ပါေစ။
ေဆာင္းပါးရွင္ - WGM Raluca Sgircea ႏွင့္
IM Reniet Castallanos
ဘာသာျပန္ - လင္းထက္ပိုင္
မူရင္းေဆာင္းပါး - https://m.facebook.com/story.php?story_fbid=2527995527257384&id=171992822857678
No comments:
Post a Comment