Friday, July 3, 2020

အဖွင့်​ပိုင်း အကြံပြုချက်​၁၀ ချက်​

အဖွင့်​ပိုင်း အကြံပြုချက်​၁၀ ချက်​



ဒီအချက် (၁၀) ချက်ကို စိတ်ထဲမှာ မှတ်ထားပါ။ ဒါဆိုရင် ပထမဆုံးသော စစ်တု ရင်ကစားပွဲမှာတောင် ကိုယ့်ကိုယ်ပိုင်နည်းတွေနဲ့ အနိုင်ယူနိုင်ပါလိမ့်မယ်။



၁။အလယ်ဗဟိုကို ထိန်းချုပ်ပါ။

စစ်တုရင်အရုပ်တွေ ရွေ့ ဖို့ နေရာလိုပါတယ်။ အလယ်ဗဟိုနေရာဟာ ရွေ့ ကွက် တွေကို ပိုပြီး ပြောင်းရပြင်ရလွယ်အောင် ဖန်တီးပေးပါတယ်။



၂။Bishop တွေထက်အရင် Knight များကို အသုံးပြုပါ။

Knight များဟာ နောက်တန်းမှာရှိနေတဲ့ အခြားသော ကစားရုပ်များကို အကာ အကွယ် မပေးနိုင်ကြပါ။



၃။Rook များထက် ရှေးဦးစွာ Bishop များကို အသုံးပြုပါ။

Bishop များရဲ့ အရှိန်အ၀ါတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ ထောင့်ဖြတ်လိုင်း တွေကို ဖွင့်ဖို့လိုအပ်ပါတယ်။ ဒီတော့ ထောင့်ဖြတ်လိုင်းတွေဟာ အဖွင့်ပိုင်းမှာ ရှုပ်ပွနေပါလိမ့်မယ်။



၄။ Queen ထက် ရှေးဦးစွာ Rooks (Castles) များကို အသုံးပြုပါ။

Rook များကို board ရဲ့အဆုံး (ချောင်ကြားထဲ) မှာ ကန့်သတ်ထားပါတယ်။ Queen ဟာ ရှုပ်ပွနေတဲ့ board ရဲ့အလယ်ပိုင်းမှာ အားနည်းချက်ရှိပါတယ်။



၅။Castling {(King နှင့် Rooks ကို) နေရာပြောင်းခြင်း} ကိုစောစောလုပ်ပါ။

Board ရဲ့အလယ်ဗဟိုပိုင်းဆီကို Rook တစ်လုံးလုံး ရောက်ရှိစေဖို့ရယ် King ကို ကာကွယ်ဖို့ရယ်အတွက် နေရာပြောင်းခြင်း (castling) က ကူညီပါတယ်။



၆။ကစားရုပ်များကို ကာကွယ်ပါ။

ပြိုင်ဘက်က ကစားရုပ်တစ်ခုခုကို ဖမ်းတော့မယ်ဆိုရင် အဲဒီအပြောင်းအလဲမှာ ကိုယ်က အနိုင်ရဖို့ (အသာရဖို့) သေချာအောင် လုပ်ထားပါ။



၇။ကစားရုပ်များစွာဖြင့် (တစ်ဖက်နှင့်) အလားတူ လေးထောင့်ကွက် (square or four-sided areas) ကို တိုက်ခိုက်ပါ။

လေးထောင့်ကွက်တစ်ခုတည်းကိုပဲ တိုက်ခိုက်နိုင်တဲ့ ကစားရုပ်များစွာ သင့်မှာရှိ လေလေ၊ ပြိုင်ဘက်မှာ အပြောင်းအလဲကို အနိုင်ယူဖို့ ပံ့ပိုးရတဲ့ ကာကွယ်ကစား ရုပ် များလေလေပါပဲ။ ဒါဟာ board ရဲ့အခြားသောအစိတ်အပိုင်းမှာ သင့်အဖို့ အဖွင့်တွေကို ဖန်တီးပေးပါလိမ့်မယ်။



၈။ဖြစ်နိုင်တဲ့နေရာတိုင်းမှာ ခွဆုံတိုက်ကွက် (fork) တွေကို အသုံးပြုပါ။

(တစ်ကွက်တည်းရွှေ့ရုံနဲ့ ပြိုင်ဘက်ရဲ့ ကစားရုပ် ၂ ရုပ်၊ ၃ ရုပ်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်တာကို fork လို့ ပြောတာပါ။)

ဘယ်ကစားရုပ်ကို အဆုံးရှုံးခံမလဲဆိုတာကို ရွေးချယ်ဖို့ ပြိုင်ဘက်ကို ဖိအားတွေ ပေးပါ။ (တစ်ရုပ်ရွှေ့ တာနဲ့ နှစ်နေရာ၊ သုံးနေရာတို့ကို တိုက်ခိုက်ထားတာမျိုးပါ။)



၉။ဖြစ်နိုင်တဲ့နေရာတိုင်းမှာ pin နဲ့ skewer များကို အသုံးပြုပါ။

(pin ဆိုတာ ပြိုင် ဘက်ရဲ့ကစားရုပ်ကို လှုပ်မရ ရွှေ့ မရအောင် ချုပ်ထားခြင်းမျိုး၊ ရွှေ့ ပစ်ရင် King ကို check ဖို့၊ ဒါမှမဟုတ် တန်းဖိုးမြင့်ကစားရုပ်ကို ဖမ်းဖို့အခွင့်အရေး ရသွားမှာ။ တိုက်ရိုက်တိုက်ခိုက်ခံထားရတဲ့ ကစားရုပ်က တန်ဖိုးနည်းပြီး အဲဒီကစားရုပ်ကို ရွှေ့လိုက်ရင် ပိုပြီးတန်ဖိုးကြီးတဲ့ ကစားရုပ်ကို ရနိုင်မယ့်အရာမျိုးပါ။ skewer ဆိုတာလဲ pin နဲ့ သိပ်တော့ မကွာခြားလှပါဘူး။ သူကတော့ တိုက်ရိုက်တိုက်ခိုက်ခံထားရတဲ့ ကစားရုပ်က တန်ဖိုးကြီးပြီး အဲဒီကစားရုပ်ကို အစားမခံရဖို့ ရွှေ့လိုက်ရင် တခြား တန်ဖိုးနည်းတဲ့ ကစားရုပ်ကို စားနိုင်မယ့် အနေအထားမျိုးပါ။)

ဒီလိုမျိုးလုပ်ပြီး ပြိုင်ဘက်ရဲ့ရွှေ့ ကွက်တွေကို ကန့်သတ်ထားလိုက်ပါ။



၁၀။ရွှေ့ ကွက်တိုင်းဖြင့် သင့်ရဲ့ နည်းဗျူဟာကို ဖန်တီးမွမ်းမံပါ။

သင့်ရဲ့နည်းဗျူဟာတစ်ခုလုံးကို ကူညီမယ့် ရွှေ့ ကွက်တွေကို အမြဲတမ်းရှာဖွေပါ၊ လတ်တလော လိုအပ်ချက်များအတွက်မျှသာ မကြည့်ပါနှင့်။


[Zawgyi ]

အဖြင္​့ပိုင္​း အၾကံျပဳခ်က္​ ၁၀ ခ်က္​

ဒီအခ်က္ (၁၀) ခ်က္္ကို စိတ္ထဲမွာ မွတ္ထားပါ။ ဒါဆိုရင္ ပထမဆံုးေသာ စစ္တု ရင္ကစားပြဲမွာေတာင္ ကိုယ့္ကိုယ္ပိုင္နည္းေတြနဲ႔ အႏုိင္ယူႏုိင္ပါလိမ့္မယ္။

၁။အလယ္ဗဟိုကို ထိန္းခ်ဳပ္ပါ။
စစ္တုရင္အရုပ္ေတြ ေရြ ႔ဖို႔ ေနရာလိုပါတယ္။ အလယ္ဗဟိုေနရာဟာ ေရြ ႔ကြက္ ေတြကို ပိုၿပီး ေျပာင္းရျပင္ရလြယ္ေအာင္ ဖန္တီးေပးပါတယ္။

၂။Bishop ေတြထက္အရင္ Knight မ်ားကို အသံုးျပဳပါ။
Knight မ်ားဟာ ေနာက္တန္းမွာရွိေနတဲ့ အျခားေသာ ကစားရုပ္မ်ားကို အကာ အကြယ္ မေပးႏုိင္ၾကပါ။

၃။Rook မ်ားထက္ ေရွးဦးစြာ Bishop မ်ားကို အသံုးျပဳပါ။
Bishop မ်ားရဲ့ အရွိန္အ၀ါေတြကို အေကာင္းဆံုးအသံုးခ်ႏိုင္ဖို႔ ေထာင့္ျဖတ္လိုင္း ေတြကို ဖြင့္ဖို႔လိုအပ္ပါတယ္။ ဒီေတာ့ ေထာင့္ျဖတ္လိုင္းေတြဟာ  အဖြင့္ပိုင္းမွာ ရႈပ္ပြေနပါလိမ့္မယ္။

၄။ Queen ထက္ ေရွးဦးစြာ Rooks (Castles) မ်ားကို အသံုးျပဳပါ။
Rook မ်ားကို board ရဲ့အဆံုး (ေခ်ာင္ၾကားထဲ) မွာ ကန္႔သတ္ထားပါတယ္။ Queen ဟာ ရႈပ္ပြေနတဲ့ board ရဲ့အလယ္ပိုင္းမွာ အားနည္းခ်က္ရွိပါတယ္။

၅။Castling {(King ႏွင့္ Rooks ကို) ေနရာေျပာင္းျခင္း} ကိုေစာေစာလုပ္ပါ။
Board ရဲ့အလယ္ဗဟိုပိုင္းဆီကို Rook တစ္လံုးလံုး ေရာက္ရွိေစဖို႔ရယ္ King ကို ကာကြယ္ဖို႔ရယ္အတြက္ ေနရာေျပာင္းျခင္း (castling) က ကူညီပါတယ္။

၆။ကစားရုပ္မ်ားကို ကာကြယ္ပါ။
ၿပိဳင္ဘက္က ကစားရုပ္တစ္ခုခုကို ဖမ္းေတာ့မယ္ဆုိရင္ အဲဒီအေျပာင္းအလဲမွာ ကိုယ္က အႏိုင္ရဖို႔ (အသာရဖို႔) ေသခ်ာေအာင္ လုပ္ထားပါ။

၇။ကစားရုပ္မ်ားစြာျဖင့္ (တစ္ဖက္ႏွင့္) အလားတူ ေလးေထာင့္ကြက္ (square or four-sided areas) ကို တုိက္ခိုက္ပါ။
ေလးေထာင့္ကြက္တစ္ခုတည္းကိုပဲ တိုက္ခိုက္ႏုိင္တဲ့ ကစားရုပ္မ်ားစြာ သင့္မွာရွိ ေလေလ၊ ၿပိဳင္ဘက္မွာ အေျပာင္းအလဲကို အႏုိင္ယူဖို႔ ပံ့ပိုးရတဲ့ ကာကြယ္ကစား ရုပ္ မ်ားေလေလပါပဲ။ ဒါဟာ board ရဲ့အျခားေသာအစိတ္အပိုင္းမွာ သင့္အဖို႔ အဖြင့္ေတြကို ဖန္တီးေပးပါလိမ့္မယ္။

၈။ျဖစ္ႏုိင္တဲ့ေနရာတိုင္းမွာ ခြဆံုတိုက္ကြက္ (fork) ေတြကို အသံုးျပဳပါ။
(တစ္ကြက္တည္းေရႊ႕ရံုနဲ႔ ၿပိဳင္ဘက္ရဲ႕ ကစားရုပ္ ၂ ရုပ္၊ ၃ ရုပ္ကို တစ္ၿပိဳင္နက္တည္း တိုက္ခိုက္တာကို fork လို႔ ေျပာတာပါ။)
ဘယ္ကစားရုပ္ကို အဆံုးရႈံးခံမလဲဆိုတာကို ေရြးခ်ယ္ဖို႔ ၿပိဳင္ဘက္ကို ဖိအားေတြ ေပးပါ။ (တစ္ရုပ္ေရႊ ႔တာနဲ႔ ႏွစ္ေနရာ၊ သံုးေနရာတို႔ကို တိုက္ခိုက္ထားတာမ်ိဳးပါ။)

၉။ျဖစ္ႏုိင္တဲ့ေနရာတိုင္းမွာ pin နဲ႔ skewer မ်ားကို အသံုးျပဳပါ။
(pin ဆိုတာ ၿပိဳင္ ဘက္ရဲ့ကစားရုပ္ကို လႈပ္မရ ေရႊ ႔မရေအာင္ ခ်ဳပ္ထားျခင္းမ်ိဳး၊ ေရႊ ႔ပစ္ရင္ King ကို check ဖို႔၊ ဒါမွမဟုတ္ တန္းဖိုးျမင့္ကစားရုပ္ကို ဖမ္းဖို႔အခြင့္အေရး ရသြားမွာ။ တိုက္ရိုက္တိုက္ခိုက္ခံထားရတဲ့ ကစားရုပ္က တန္ဖိုးနည္းၿပီး အဲဒီကစားရုပ္ကို ေရႊ႕လိုက္ရင္ ပိုၿပီးတန္ဖိုးႀကီးတဲ့ ကစားရုပ္ကို ရႏိုင္မယ့္အရာမ်ိဳးပါ။ skewer ဆိုတာလဲ pin နဲ႔ သိပ္ေတာ့ မကြာျခားလွပါဘူး။ သူကေတာ့ တိုက္ရိုက္တိုက္ခိုက္ခံထားရတဲ့ ကစားရုပ္က တန္ဖိုးႀကီးၿပီး အဲဒီကစားရုပ္ကို အစားမခံရဖို႔ ေရႊ႕လိုက္ရင္ တျခား တန္ဖိုးနည္းတဲ့ ကစားရုပ္ကို စားႏိုင္မယ့္ အေနအထားမ်ိဳးပါ။)
ဒီလိုမ်ိဳးလုပ္ၿပီး ၿပိဳင္ဘက္ရဲ့ေရႊ ႔ကြက္ေတြကို ကန္႔သတ္ထားလိုက္ပါ။

၁၀။ေရႊ ႔ကြက္တိုင္းျဖင့္ သင့္ရဲ့ နည္းဗ်ဴဟာကို ဖန္တီးမြမ္းမံပါ။
သင့္ရဲ့နည္းဗ်ဴဟာတစ္ခုလံုးကို ကူညီမယ့္ ေရႊ ႔ကြက္ေတြကို အၿမဲတမ္းရွာေဖြပါ၊ လတ္တေလာ လိုအပ္ခ်က္မ်ားအတြက္မွ်သာ မၾကည့္ပါႏွင့္။

No comments:

Post a Comment