Thursday, July 9, 2020

စစ်တုရင်မှာ ၀န်းရံတယ်ဆိုတာ~~~

စစ်တုရင်မှာ

၀န်းရံတယ်ဆိုတာ

အကာအကွယ်ပေးတယ်ဆိုတာ

သေတွင်းတူးပေးတာမျိုး

ဖြစ်သွားတတ်တာ

ကြုံရတတ်ပါတယ်



ကိုယ့်ဘုရင်သေအောင်

ဘယ်ကောင်မှ မလုပ်ဘူး

ဘယ်အရူးမှ မရွှေ့ဘူးဟလို့

မပြောကြပါနဲ့



ရွှေ့ခဲ့ကြလို့

ရှုံးခဲ့ရတဲ့ပွဲတွေ များခဲ့ပြီလေ

Maung Maung Lwin


Wednesday, July 8, 2020

Chess Puzzles (5) 8/july/2020



စစ်တုရင်ကစားနည်း

စစ်ဘုရင်ကစားနည်းတွင် အနောက်နိုင်ငံ ကစားနည်းနှင့် မြန်မာစစ်ဘုရင်ကစားနည်းတို့မှာ လူမျိုးဓလေ့ ထုံးတမ်းအရ မတူညီကြချေ။ အနောက်နိုင်ငံကစားနည်းမှာ စစ်ဘုရင်ခုံ သို့မ ဟုတ် စက္ကူချပ်ထူရှိ အကွက် ၆၄ ကွက်ကို အဖြူ အနက်ဖြင့် အကွက်ဖော်ထားသည်။ အရုပ်များကိုလည်း အဖြူ အနက် ခွဲခြားထား၏။ ကစားရာတွင် ကစားသူ၏ လက်ျာဖက်၌ အဖြူ ကွက်ရှိသော ထောင့်ရှိနေအောင် ခုံကိုထားရသည်။ အရုပ်များ ကို စီရာ၌လည်း၊ နောက်ဆုံးတန်း၌ ကစားသူ၏ လက်ဝဲမှစ၍ လကျ်ာဖက်သို့၊ ရဲတိုက်၊ မြင်းစီး သူရဲကောင်း၊ ဂိုဏ်းချုပ်၊ မိဘုရား၊ ဘုရင်၊ ဂိုဏ်းချုပ်၊ မြင်းစီး သူရဲကောင်းနှင့် ရဲတိုက်တို့ကို အကွက် ၈ ကွက်တွင် အစဉ်အတိုင်း စီသွားရသည်။ ရှေ့တန်း တွင်မူနယ် ၈ ရုပ်ကို စီရ၏။ ယင်းသို့စီရာတွင် မိဖုရားရုပ် သည် အရောင်တူကွက်တွင် ရှိရမည်။ ပုံစံအားဖြင့် မိဖုရား အဖြူသည် အဖြူကွက်ပေါ်တွင်၎င်း၊ မိဖုရားအနက်သည် အနက်ကွက်ပေါ်တွင်၎င်း ရှိရမည်ဖြစ်၏။
ထိုစစ်ဘုရင်ရုပ် အသီးသီးကို ရွှေ့ပြောင်းသွားလာနိုင်သည့် အကွက်တို့မှာ ရှင်ဘုရင်သည် ဘေးပတ်လည်မည်သည့်ဘက်သို့ မဆို တစ်ကွက်သာသွားနိုင်၏။ ပတ်လည်ရှိ မည်သည့်ဘက် သို့မဆို ရွှေ့နိုင်သည်။ လမ်းရှင်းနေလျှင် သွားလိုသည့်ဘက်၌ ရှိသည့် အကွက်ကုန်သွားနိုင်၏။ သွားလိုရာလမ်းတွင် ရန်သူရှိ လျှင် စား၍ ထိုနေရာကိုယူရသည်။ သို့သော် သွားလိုသည့်လမ်း ၌ မိမိဘက်သားအရုပ်ရှိနေပါမူ ကျော်လွန်မသွားရချေ။ ရဲတိုက် ကမူ ရှေ့နောက်ဝဲယာအကွက်တို့သို့သာ သွားနိုင်၏ အတား အဆီးမရှိလျှင် ထိုလမ်းရှိ အကွက်ကုန်သွားနိုင်သည်။ ဂိုဏ်းချုပ် ကမူ ထောင့်ဖြတ်ရွှေ့၍ ထိုလမ်းရှင်းလျှင် အကွက်ကုန်သွားနိုင် သည်။ မြင်းစီးသူရဲကောင်းမှာမူ၊ ရှေ့နောက်ဝဲယာကြိုက်ရာသို့ တစ်ကွက်သွားပြီးနောက် မည်သည့်ဘက်သို့ဖြစ်စေ ထောင့်ဖြတ် တစ်ကွက်ထပ်၍ သွားနိုင်သည်။ မြန်မာမြင်းသွားအတိုင်းဖြစ် သည်။ မြင်းစီးသူရဲကောင်းသွားရာတွင် သွားတိုင်း သွားတိုင်း၌ အရောင်မတူသော အကွက်ပေါ်သို့ကျရသည်ကို သတိပြုရာ၏။ မြင်းစီးသူရဲကောင်း သည် လမ်းတွင်ရှိသော အဆီးအတားများ ကို ကျော်လွှားသွားနိုင်သည့် ထူးခြားသော အခွင့်အရေးရှိသည်။ နယ်သည် ဦးစွာသွားသည့်အကြိမ်တွင် ရှေ့သို့နှစ်ကွက်ထိ သွား နိုင်၏။ ထို့နောက် ရှေ့သို့ ရှေ့သို့တစ်ကွက်သာ သွားနိုင်သည်။ နောက်ပြန်မဆုတ်ရချေ။ အကွက်သွား ရာတွင် ရှေ့တည့်တည့်သို့ သွားရသော်လည်း၊ ရန်သူကို စားရာတွင် ထောင့်ဖြတ်တက်၍ စားရသည်။
ဘုရင်၊ မိဘုရား၊ ဂိုဏ်းချုပ်နှင့် ရဲတိုက်တို့သည် မိမိတို့ သွားနိုင်ရာ အကွက်တွင် ကျရောက်နေသော ရန်သူဟူသမျှကို စားနိုင်ကြ၏။ သို့သော် ဘုရင်သည် နောက်မှ အရံပြုကာ ထိန်းသိမ်းစောင့်ရှောက်ထားသော ရန်သူကိုမူမစားနိုင်ချေ။ မြင်း စီးသူရဲကောင်းသည် သူခုန်သွားနိုင်သော အကွက်တွင်ရှိနေသည့် ရန်သူကို စားနိုင်၏။ စစ်ဘုရင်ရုပ်တိုင်းသည် ရန်သူကို စားပြီး ခဲ့သော်၊ အစားခံရသော အရုပ်နေရာကို ယူရသည်။
နယ်သည် သူ့အကွက်အတိုင်း တက်သွားရာမှ တစ်ဖက် ရန်သူ၏ နောက်ဆုံးတန်းသို့ရောက်သွားခဲ့လျှင်၊ ကစားသူက မိမိကြိုက်ရာ အရုပ်တစ်ခုနှင့် နယ်ကိုလဲပေးရန် တောင်းပိုင်ခွင့် ရှိ၏။ ဤသို့ဖြင့် တစ်ချိန်တည်းတွင် မိဖုရားစသည့် အခြား အရုပ်များကို ၂ ရုပ်၊ ၃ ရုပ်ထား၍ ကစားသွားနိုင်လေသည်။ နောက်ဆုံးတန်းတွင် ရှိနေသော ဘုရင်နှင့် ရဲတိုက်အကြား အကွက်များလစ်လပ်နေခဲ့လျှင်၊ ဘုရင်နှင့်ရဲတိုက်သည် ဗယ်ညာ ပြောင်း ရွေ့စားနိုင်ကြ၏။ ထိုသို့နေရာပြောင်းပုံမှာ ဘုရင်သည် ရဲတိုက်ရှိရာဖက်သို့ နှစ်ကွက်ရွှေ့လိုက်၍၊ ထိုရဲတိုက်က ဘုရင် ကိုကျော်ကာ ကပ်နေသည့်အကွက်တွင် နေရာယူရသည်။ ယင်း သို့ ဗယ်ညာပြောင်းရွှေ့ရာတွင် ထိုအရုပ် ၂ ခုသည် မိမိတို့မူလ နေရာမပြောင်းမရွှေ့သေးဘဲ ရှိနေမှသာလျှင် ဖြစ်နိုင်သည်။
အကယ်၍ အရုပ်တစ်ခုခုသည် ရွှေ့ပြီးဖြစ်ခဲ့သော်၎င်း၊ ဘုရင် သည် အခွေခံရသည့်အခါတွင်၎င်း၊ ရန်သူအရုပ်တစ်ခုခုကို တစ်လှည့် ရွှေ့ရုံဖြင့် ဘုရင်နှင့်ရဲတိုက်အကြားသို့ရောက်လာနိုင်ခဲ့ သော်၎င်း၊ ယင်းအခါမျိုးများတွင် နေရာပြောင်းလဲ၍ မဖြစ်နိုင် တော့ချေ။

Tuesday, July 7, 2020

မစ်ဒယ်ဂိမ်းတွင် ကျင့်သုံးရန် စည်းမျဉ်း ၇ ချက်

မစ်ဒယ်ဂိမ်းတွင် ကျင့်သုံးရန် စည်းမျဉ်း ၇ ချက်



ဆောင်းပါးရှင် - WGM Raluca Sgircea နှင့်

IM Reniet Castallanos

ဘာသာပြန် - လင်းထက်ပိုင်



မစ်ဒယ်ဂိမ်း တစ်နည်းအားဖြင့် အလယ်ပိုင်းကို လေ့လာခြင်း နှင့် အလယ်ပိုင်းတွင် သုံးသော နည်းလမ်းများကို နားလည်ခြင်းသည် လက်ရည်တက်လိုသော ကလပ်ကစားသမား အပျော်တမ်းအဆင့် ဝါသနာရှင်များအတွက် အရေးကြီးလိုအပ်ချက်များထဲမှ တစ်ခု ဖြစ်သည်။ ယနေ့ခေတ် လူငယ်ကစားသမား အတော်များများ အဖွင့်ပိုင်းလေ့လာခြင်းတွင်သာ အချိန် အများဆုံး သုံးနေကြသည်ကို တွေ့ရသည်။ ဝါနုသမ္ဘာနု ကစားသမား နှင့် ဝါရင့်သမ္ဘာရင့် ကစားသမား ကစားပုံ ကွာခြားပေါ်လွင်သွားသည့် နေရာမှာ အဖွင့်ပိုင်းတွင် မဟုတ်ဘဲ အလယ်ပိုင်း နှင့် ပွဲဆုံးပိုင်းတွင် ဖြစ်လေသည်။



လက်ရည်မြင့်ပြိုင်ဖက်နှင့် ကစားသည့်အခါ positional mistake ကစားကွက်အနေအထားအား ထိခိုက်စေသည့် မဟာဗျူ ဟာအမှားမျိုး လုပ်မိလျှင် ဖာထေးရ ဆယ်ရ အလွန်ခက်ပြီး ထိုအမှားကြောင့်ပင် ရှုံးသွားတက်သည်။ သင်ကစားသည့်ပွဲ အလယ်ပိုင်းတွင် ကစားကွက် မနိမ့်စေရန် အောက်ပါအချက်များကို ဂရုစိုက်ဖို့ အကြံပေးလိုသည်။



၁။ နယ်အနေအထား ပြောင်းလဲမှုကို အာရုံစိုက်ပါ



စစ်တုရင်ကစားကွက် အမျိုးအစားတွင် အဓိကအားဖြင့် နှစ်ဖက်အကောင်များ ထိတွေ့တိုက်ခိုက်ကာ စတေးကွက်များ၊ တွဲလုံးများ အသုံးပြုရသည့် tactical play နည်းဗျူ ဟာကစားကွက် နှင့် ထိတွေ့တိုက်ခိုက်မှု နည်းပြီး နယ်များ၏ နောက်တွင် ကိုယ်စီ အကောင်များ နေရာယူ ဆုတ်တက်လှုပ်ရှား စစ်ကစားရသည့် positional play မဟာဗျူ ဟာအသားပေး နေရာယူကစားကွက်ဟူ၍ ရှိသည်။ ဒုတိယအမျိုးအစား နေရာယူကစားကွက်၏ အရေးကြီးသည့် အချက်မှာ ထိုကစားကွက်အမျိုးအစားသည် pawn structure နယ်အနေအထားအပေါ် မူတည်၍ သင့်တော်လိုက်ဖက်သည့် plan စီမံချက်ချကာ ကစားရခြင်း ဖြစ်သည်။



နယ်အနေအထားဆိုသည်မှာ ကစားပွဲတစ်ခုလုံး တသမတ်တည်း ရှိနေသည်မဟုတ်။ Exchange အရုပ်များ အပြန်အလှန် စားသည့်အခါ နယ်အနေအထားပါ ပြောင်းလဲသွားသည်။ ချထားသော စီမံချက်ကို ပြောင်းလဲသွားသည့် နယ်အနေအထားပေါ် မူတည်၍ သင့်တော်သလို ချိန်ဆပြောင်းလဲရန် လိုအပ်သည်။ ထို့ကြောင့် နယ်အနေအထား ပြောင်းလဲမှု၊ ပြောင်းလဲနိုင်ချေကို အမြဲအာရုံစိုက် စောင့်ကြည့်ပါ။



၂။ ကစားကွက်ဖိအားကို ထိန်းထားပါ



ကစားကွက် တည်ဆောက်ရာ၌ ဗဟိုတွင် နှစ်ဖက်အရုပ်များ အပြန်အလှန် ဆိုင်ထား၊ ထိန်းချုပ်ထား၍ ဖြစ်ပေါ်နေသော ကစားကွက် တင်းမာမှုဖိအားကို ဖြစ်နိုင်သမျှ အမြင့်ဆုံးသို့ ရောက်အောင် တိုးမြှင့်ရသည်။ အသာရမည်ဟု ယူဆသည့်ဖက်က အချိန်တန်ပြီဟု ယူဆသည့် အလှည့်တွင် သိုလှောင်ထားသော ဖိအားကို ဖောက်ခွဲကာ တိုက်စစ်ဆင်နွှဲရသည်။ အချိန်မတန်သေးသည့် စစ်ပြင်နေချိန်တွင် ထိုကစားကွက်ဖိအားကို တမင်ရည်ရွယ်ပြီး သော်လည်းကောင်း၊ အမှားလုပ်မိ၍ သော်လည်းကောင်း လျော့ကျဆုံးရှုံးသွားသူသည် ကစားကွက်အသာရရန် ကြိုးစားရသည်မှာ မလွယ်တော့ဘဲ အနိမ့်ကစားကွက် လိုင်းခွဲများဆီ ရောက်သွားနိုင်ချေ များလေ့ရှိသည်။



စစ်မြေပြင်တွင် ကတုတ်ကျင်းနှစ်ဖက် အပြန်အလှန် ဆိုင်ထားကာ စစ်ပြင်နေကြသော စစ်တပ်နှစ်တပ်သည် ရန်သူ့အား ထိုးစစ်ဆင်ရန် လက်နက်ကြီးခဲယမ်းများ စုပုံသိုလှောင်စဉ် ပျက်စီးလေလွင့်သွားခဲ့လျှင် ထိုးစစ်ဆင်ရန် မဖြစ်နိုင်တော့ဘဲ တစ်ဖက်ထိုးစစ်ကို လက်နက်ငယ်ဖြင့်သာ ခုခံရမည့်အဖြစ်သို့ ရောက်သွားမည်။ ထို့ကြောင့် စစ်တုရင်တွင်လည်း အချိန်ကိုက် မဖောက်ခွဲ တိုက်စစ်မစရသေးမီ ကစားကွက်ဖိအားကို သင်တက်နိုင်သမျှ အမြင့်ဆုံးသို့ တင်ပြီး တိုက်စစ်ဆင်မည့် အချိန်ထိ ထိန်းထားနိုင်ရန် ကြိုးစားပါ။



၃။ ကြားဖြတ်ရွှေ့ကွက်များကို ရှာပါ



ကစားကွက်တစ်ခုတွင် မိမိချထားသော စီမံချက်အတိုင်း ရည်မှန်းချက် အောင်မြင်အောင် တစ်ကွက်ပြီးတစ်ကွက် ရွှေ့နေစဉ် စီမံချက်တွင် မပါဝင်၊ တိုက်ရိုက်မပက်သက်သော်လည်း မိမိကစားကွက်အတွက် အထောက်အကူပြု အကျိုးရှိစေမည့် အခွင့်အရေး အသေးစားများ တွေ့ရတက်သည်။ ဆိုပါစို့၊ သင့်မြင်းကို ပြိုင်ဖက်က ဘစ်ရှော့ဖြင့် စားသည်၊ အရုပ်အင်အား မနာစေရန် ထိုဘစ်ရှော့ကို သင် မဖြစ်မနေ ပြန်စားရမည်၊ သို့သော် ချက်ချင်း မစားသေးဘဲ ပြိုင်ဖက်ဘုရင်မကို သင့်ရထားဖြင့် ချိန်လိုက်သည်၊ ဘုရင်မက ပိုတန်ဖိုးကြီးသောကြောင့် ပြိုင်ဖက်က သူ၏ ဘုရင်မကို မဖြစ်မနေ ရှောင်ရသည်၊ ရှောင်လိုက်သည့်အခါ ဘုရင်မ ရှိနေခဲ့သည့် လိုင်းပွင့်အား မိမိရထားက စိုးမိုးထိန်းချုပ်ခွင့် ရသွားတော့သည်၊ ဘုရင်မရှောင်ပြီးမှ ပြိုင်ဖက်ဘစ်ရှော့ကို ကိုယ်က စားသည်။ ဘုရင်မကို ရထားဖြင့် ချိန်ရွယ်မောင်းထုတ်လိုက်သည့် ထိုရွှေ့ကွက်မျိုးကို in-between moves ကြားဖြတ်ရွှေ့ကွက်ဟု ခေါ်သည်။



ဘုရင်ကို အမိဖမ်းရန် ကြိုးစားနေစဉ် အမိဖမ်းခြင်းအား ထိခိုက်မှု မရှိဘဲ နယ်တစ်လုံး အလွတ်စားခွင့်ရခြင်း၊ ပြိုင်ဖက်ရထားကို မိမိမြင်း / ဘစ်ရှော့ဖြင့် စားနိုင်ခြင်း၊ နေရာအသာစီးရစေမည့် အခြားရွှေ့ကွက်တစ်ခုခု ရွှေ့ခွင့်ရခြင်း စသဖြင့် ကြားဖြတ်ရွှေ့ကွက်မှာ အမျိုးမျိုး ဖြစ်နိုင်သည်။ ထိုကဲ့သို့ ပင်မစီမံချက်ကို မထိခိုက်စေဘဲ ပေါ်လာတက်သည့် အခွင့်အရေးများကို ရယူသည့် ကြားဖြတ်ရွှေ့ကွက်များအား မြင်အောင် ကြည့်ပါ။ အလောတကြီး မရွှေ့၊ မတုံ့ပြန်ဘဲ candidate moves ခေါ် လျာထားရွှေ့ကွက်များအား မိမိစဉ်းစားခြင်းတွင် စုံလင်အောင် ထည့်သွင်းစဉ်းစားပါ။ အရုပ်များ လဲကစားသည့်အခါ မိမိက ပြန်မစားခင် အခြားရွှေ့ကွက်ကောင်းတစ်ခုဖြင့် ကြားဖြတ်အခွင့်အရေး ယူ၍ ရမည်လားဆိုသည်ကို မျက်စိရှင်ရှင်ဖြင့် အမြဲ ကြည့်ပါ။



၄။ သင့်အကောင်များ၏ နေရာကို ကောင်းသထက်ကောင်းအောင် ပြင်ပါ



ကောင်းမွန်သည့် ကစားကွက်တစ်ခုတွင် အကောင်များအားလုံး ပူးပေါင်းချိတ်ဆက်နေရမည်။ တိုက်စစ်ပြင်ဆင်သည့်အခါ မိမိအကောင်များ ဗဟိုသို့ ဦးတည်နေစေရန်၊ တစ်ကောင်ချင်းစီအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံးနေရာများတွင် ရှိနေကြစေရန် ဆောင်ရွက်ရမည်။ မိမိကစားကွက်တွင် မည်သည့်အကောင်က အကောင်းဆုံးနေရာတွင် ရှိမနေသေးဘဲ နေရာညံ့နေသလဲဆိုသည်ကို အမြဲ ရှာဖွေစစ်ဆေးပါ။ တွေ့လျှင် ပိုကောင်းသည့် နေရာသို့ ပို့ပါ။



၅။ ပြိုင်ဖက်၏ ခြိမ်းခြောက်မှု သို့မဟုတ် အကြံအစည်များကို အမြဲ ထောက်လှမ်းပါ



အလယ်ပိုင်းကို ကောင်းမွန်စွာ ကစားခြင်းတွင် မိမိဖက်က စီမံချက်ချခြင်း၊ ထိုစီမံချက် အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းတို့သာ ပါဝင်သည်မဟုတ်။ သင့်ရှေ့တည့်တည့် ကစားခုံတစ်ဖက်တွင် ထိုင်နေသည့် ပြိုင်ဖက်ကလည်း သင်လုပ်နေသလို တူညီစွာ သူ့အတွက် အကောင်းဆုံး လုပ်နေသည်။ ထို့ကြောင့် မိမိဖက် တစ်ခြမ်းတည်း စဉ်းစား၍ မရဘဲ ပြိုင်ဖက်၏ စိတ်ကူးအကြံအစည်များကိုပါ ခန့်မှန်းတွက်ဆရန် လိုသည်။ ဤနေရာတွင် 'prophylaxis' ဟု သုံးနှုန်းကြသည့် စစ်တုရင်ဝေါဟာရတစ်ခုနှင့် ပက်သက်လာပါပြီ။ ပြိုင်ဖက်၏ စီမံချက်၊ အကြံအစည်များကို ထောက်လှမ်းလေ့လာပြီး သူအကောင်အထည်ဖော်ခွင့် မရစေရန်၊ ဖော်နိုင်သော်လည်း ခက်ခဲကြာမြင့်စေရန် ကြိုတင် ဟန့်တားနှောင့်ယှက် တားဆီးချေဖျက်ခြင်းကို prophylaxis ကြိုတင်ကာကွယ်ခြင်းဟု ခေါ်သည်။ တစ်ခါတရံတွင် မိမိလုပ်ဆောင်နေသည့် စီမံချက်ကို ခဏရပ်ထားကာ ပြိုင်ဖက်၏ စီမံချက်အား နှောင့်ယှက်ဟန့်တားဖို့ အရင် လုပ်သင့်သည့် အခြေအနေများလည်း ရှိသည်။



၆။ ကစားကွက်၏ အားသာချက်၊ အားနည်းချက် များကို ရှာပါ



တိုက်စစ်အတွက် စီမံချက်ချရန် သင့်မှာ တိကျခိုင်မာသော ပစ်မှတ် ရှိထားရန် လိုသည်။ ပစ်မှတ်မရှိဘဲ တိုက်၍ မရ။ ပစ်မှတ်သတ်မှတ်ဖို့ ပြိုင်ဖက်ကစားကွက်ထဲတွင် အားနည်းချက် ရှာရသည်။ အားနည်းချက်သည် weak squares အရုပ်များ၏ ထောက်ကန်ထားခြင်း မရှိ / မလုံလောက်သည့် ပျော့ညံ့နေသည့် အကွက်များ၊ လေထဲ ရောက်နေသည့် / လုံလောက်စွာ ထောက်ကန်ထားခြင်း မရသည့် အကောင်များ၊ ချောင်ပိတ်မိနေသော / နေရာညံ့နေသော အကောင်များ၊ လုံခြုံမှု အားနည်းနေသော ဘုရင် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်သည်။ အားနည်းချက်ကို အဖက်ဖက်က အသေးစိတ် သုံးသပ်ပြီး သင့်တော်လျှင် ပစ်မှတ်အဖြစ် သတ်မှတ်ရသည်။ 



သင့်ကစားကွက်ထဲက အားသာချက်၊ အားနည်းချက် များကို ရှာခဲ့သလို ပြိုင်ဖက်၏ အားသာချက်၊ အားနည်းချက် များကိုလည်း ရှာရမည်။ သို့မှသာ ပြိုင်ဖက်၏ ချထားသော / ချနိုင်သော စီမံချက်ကို ခန့်မှန်းနိုင်မည်။



၇။ ကိုယ့်ကစားကွက်တွင် အားနည်းချက်ဖြစ်အောင် မလုပ်မိစေနှင့်



ထူးထူးခြားခြား ဘာမှ မဖြစ်သေးသော ညီမျှကွက်များသည် ကစားရအခက်ဆုံး ဖြစ်သည်။ ဤနေရာသည် အပျော်တမ်းအဆင့် ဝါသနာရှင် ကစားသမားများအတွက် ပွဲစကတည်းက ကစားသည်မှာ ကောင်းနေသော်လည်း နိမ့်သွားခြင်း၏ နိဒါန်း၊ အမှားစလုပ်မိသည့် နေရာ ဖြစ်လေ့ရှိသည်။ ဤကစားကွက်မျိုးနှင့် ကြုံရလျှင် စိတ်မလှုပ်ရှားပါနှင့်၊ စိတ်အေးအေးထားပါ။ ဘာလုပ်ရမှန်း မသိ၍ စိတ်ရှုပ်ကာ နယ်များရွှေ့ခြင်း၊ မခိုင်မာသည့် တိုက်စစ်ကို အချိန်မတန်မီ စတင်ခြင်း တို့ကို ရှောင်ကြဉ်ပါ။ မလိုအပ်သည့် နယ်ရွှေ့ကွက်များ၊ ပြင်ဆင်မှု မလုံလောက်သည့် တိုက်စစ်ဆင်ခြင်း တို့သည် သင့်အား ကစားကွက်အနိမ့်ဆီသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ ထိုနည်းဖြင့် လက်ရည်သာသည့် ပြိုင်ဖက်က အသာစီးရသွားကာ နိုင်ခြင်း ဖြစ်လေသည်။



အထက်ပါ အကြံပြုချက်များကို သင်ပွဲကစားနေစဉ် လိုက်နာကျင့်သုံးလျှင် ရွှေ့ကွက်မှန် ရှာဖွေတွေ့ရှိဖို့ များစွာ အထောက်အကူ ပြုပါလိမ့်မည်။ သင့်ကစားကွက် ပိုမိုကောင်းလာစေနိုင်ပြီး လက်ရည်လည်း တက်လာမည်ဟု မျှော်လင့်ပါသည်။



ဖတ်ရှုသည့်အတွက် ကျေးဇူးတင်ပါသည်။



ဆောင်းပါးရှင် - WGM Raluca Sgircea နှင့်

IM Reniet Castallanos

ဘာသာပြန် - လင်းထက်ပိုင်



မူရင်းဆောင်းပါး - https://m.facebook.com/story.php?story_fbid=2118278598229081&id=171992822857678



ဘာသာပြန်သူ၏ မှတ်ချက် - တချို့အချက်တွေကို မူရင်းဆောင်းပါးမှာ ပါတာထက် ပိုအသေးစိတ် ပြန်ဆိုထားပါတယ်။ ကျွန်တော့် ဘာသာပြန်ဆောင်းပါးတွေကို လက်ရွေးစင်တွေ၊ တိုင်တယ်ရ ကစားသမားတွေလို လက်ရည်မြင့် ကစားသမားတွေထက် ကျွန်တော့်လို လက်ရည်တူ အပျော်တမ်းအဆင့် ဝါသနာရှင် ကစားသမားတွေ ပိုဖတ်ကြမယ်ထင်လို့ပါ။ ဒါပေမယ့် မူရင်းအာဘော်နဲ့ ကွဲလွဲဆန့်ကျင်တဲ့ အချက်အလက်၊ အမြင်၊ ယူဆချက်တွေကို ပြန်ဆိုရေးသားတာမျိုးတော့ မရှိပါဘူး။

Zawgyi

မစ္ဒယ္ဂိမ္းတြင္ က်င့္သံုးရန္ စည္းမ်ဥ္း ၇ ခ်က္

ေဆာင္းပါးရွင္ - WGM Raluca Sgircea ႏွင့္
IM Reniet Castallanos
ဘာသာျပန္ - လင္းထက္ပိုင္

မစ္ဒယ္ဂိမ္း တစ္နည္းအားျဖင့္ အလယ္ပိုင္းကို ေလ့လာျခင္း ႏွင့္ အလယ္ပိုင္းတြင္ သံုးေသာ နည္းလမ္းမ်ားကို နားလည္ျခင္းသည္ လက္ရည္တက္လိုေသာ ကလပ္ကစားသမား အေပ်ာ္တမ္းအဆင့္ ဝါသနာရွင္မ်ားအတြက္ အေရးႀကီးလိုအပ္ခ်က္မ်ားထဲမွ တစ္ခု ျဖစ္သည္။ ယေန႔ေခတ္ လူငယ္ကစားသမား အေတာ္မ်ားမ်ား အဖြင့္ပိုင္းေလ့လာျခင္းတြင္သာ အခ်ိန္ အမ်ားဆံုး သံုးေနၾကသည္ကို ေတြ႕ရသည္။ ဝါႏုသမ႓ာႏု ကစားသမား ႏွင့္ ဝါရင့္သမ႓ာရင့္ ကစားသမား ကစားပံု ကြာျခားေပၚလြင္သြားသည့္ ေနရာမွာ အဖြင့္ပိုင္းတြင္ မဟုတ္ဘဲ အလယ္ပိုင္း ႏွင့္ ပြဲဆံုးပိုင္းတြင္ ျဖစ္ေလသည္။

လက္ရည္ျမင့္ၿပိဳင္ဖက္ႏွင့္ ကစားသည့္အခါ positional mistake ကစားကြက္အေနအထားအား ထိခိုက္ေစသည့္ မဟာဗ် ဴ ဟာအမွားမ်ိ ဳး လုပ္မိလွ်င္ ဖာေထးရ ဆယ္ရ အလြန္ခက္ၿပီး ထိုအမွားေၾကာင့္ပင္ ႐ံႈးသြားတက္သည္။ သင္ကစားသည့္ပြဲ အလယ္ပိုင္းတြင္ ကစားကြက္ မနိမ့္ေစရန္ ေအာက္ပါအခ်က္မ်ားကို ဂ႐ုစိုက္ဖို႔ အႀကံေပးလိုသည္။

၁။ နယ္အေနအထား ေျပာင္းလဲမႈကို အာ႐ံုစိုက္ပါ

စစ္တုရင္ကစားကြက္ အမ်ိ ဳးအစားတြင္ အဓိကအားျဖင့္ ႏွစ္ဖက္အေကာင္မ်ား ထိေတြ႕တိုက္ခိုက္ကာ စေတးကြက္မ်ား၊ တြဲလံုးမ်ား အသံုးျပဳရသည့္ tactical play နည္းဗ် ဴ ဟာကစားကြက္ ႏွင့္ ထိေတြ႕တိုက္ခိုက္မႈ နည္းၿပီး နယ္မ်ား၏ ေနာက္တြင္ ကိုယ္စီ အေကာင္မ်ား ေနရာယူ ဆုတ္တက္လႈပ္ရွား စစ္ကစားရသည့္ positional play မဟာဗ် ဴ ဟာအသားေပး ေနရာယူကစားကြက္ဟူ၍ ရိွသည္။ ဒုတိယအမ်ိ ဳးအစား ေနရာယူကစားကြက္၏ အေရးႀကီးသည့္ အခ်က္မွာ ထိုကစားကြက္အမ်ိ ဳးအစားသည္ pawn structure နယ္အေနအထားအေပၚ မူတည္၍ သင့္ေတာ္လိုက္ဖက္သည့္ plan စီမံခ်က္ခ်ကာ ကစားရျခင္း ျဖစ္သည္။

နယ္အေနအထားဆိုသည္မွာ ကစားပြဲတစ္ခုလံုး တသမတ္တည္း ရိွေနသည္မဟုတ္။ Exchange အ႐ုပ္မ်ား အျပန္အလွန္ စားသည့္အခါ နယ္အေနအထားပါ ေျပာင္းလဲသြားသည္။ ခ်ထားေသာ စီမံခ်က္ကို ေျပာင္းလဲသြားသည့္ နယ္အေနအထားေပၚ မူတည္၍ သင့္ေတာ္သလို ခ်ိန္ဆေျပာင္းလဲရန္ လိုအပ္သည္။ ထို႔ေၾကာင့္ နယ္အေနအထား ေျပာင္းလဲမႈ၊ ေျပာင္းလဲႏိုင္ေခ်ကို အၿမဲအာ႐ံုစိုက္ ေစာင့္ၾကည့္ပါ။

၂။ ကစားကြက္ဖိအားကို ထိန္းထားပါ

ကစားကြက္ တည္ေဆာက္ရာ၌ ဗဟိုတြင္ ႏွစ္ဖက္အ႐ုပ္မ်ား အျပန္အလွန္ ဆိုင္ထား၊ ထိန္းခ် ဳပ္ထား၍ ျဖစ္ေပၚေနေသာ  ကစားကြက္ တင္းမာမႈဖိအားကို ျဖစ္ႏိုင္သမွ် အျမင့္ဆံုးသို႔ ေရာက္ေအာင္ တိုးျမႇင့္ရသည္။ အသာရမည္ဟု ယူဆသည့္ဖက္က အခ်ိန္တန္ၿပီဟု ယူဆသည့္ အလွည့္တြင္ သိုေလွာင္ထားေသာ ဖိအားကို ေဖာက္ခြဲကာ တိုက္စစ္ဆင္ႏႊဲရသည္။ အခ်ိန္မတန္ေသးသည့္ စစ္ျပင္ေနခ်ိန္တြင္ ထိုကစားကြက္ဖိအားကို တမင္ရည္ရြယ္ၿပီး ေသာ္လည္းေကာင္း၊ အမွားလုပ္မိ၍ ေသာ္လည္းေကာင္း ေလ်ာ့က်ဆံုး႐ံႈးသြားသူသည္ ကစားကြက္အသာရရန္ ႀကိဳးစားရသည္မွာ မလြယ္ေတာ့ဘဲ အနိမ့္ကစားကြက္ လိုင္းခြဲမ်ားဆီ ေရာက္သြားႏိုင္ေခ် မ်ားေလ့ရိွသည္။

စစ္ေျမျပင္တြင္ ကတုတ္က်င္းႏွစ္ဖက္ အျပန္အလွန္ ဆိုင္ထားကာ စစ္ျပင္ေနၾကေသာ စစ္တပ္ႏွစ္တပ္သည္ ရန္သူ႕အား ထိုးစစ္ဆင္ရန္ လက္နက္ႀကီးခဲယမ္းမ်ား စုပံုသိုေလွာင္စဥ္ ပ်က္စီးေလလြင့္သြားခဲ့လွ်င္ ထိုးစစ္ဆင္ရန္ မျဖစ္ႏိုင္ေတာ့ဘဲ တစ္ဖက္ထိုးစစ္ကို လက္နက္ငယ္ျဖင့္သာ ခုခံရမည့္အျဖစ္သို႔ ေရာက္သြားမည္။ ထို႔ေၾကာင့္ စစ္တုရင္တြင္လည္း အခ်ိန္ကိုက္ မေဖာက္ခြဲ တိုက္စစ္မစရေသးမီ ကစားကြက္ဖိအားကို သင္တက္ႏိုင္သမွ် အျမင့္ဆံုးသို႔ တင္ၿပီး တိုက္စစ္ဆင္မည့္ အခ်ိန္ထိ ထိန္းထားႏိုင္ရန္ ႀကိဳးစားပါ။

၃။ ၾကားျဖတ္ေရႊ႕ကြက္မ်ားကို ရွာပါ

ကစားကြက္တစ္ခုတြင္ မိမိခ်ထားေသာ စီမံခ်က္အတိုင္း ရည္မွန္းခ်က္ ေအာင္ျမင္ေအာင္ တစ္ကြက္ၿပီးတစ္ကြက္ ေရႊ႕ေနစဥ္ စီမံခ်က္တြင္ မပါဝင္၊ တိုက္႐ိုက္မပက္သက္ေသာ္လည္း မိမိကစားကြက္အတြက္ အေထာက္အကူျပဳ အက်ိ ဳးရိွေစမည့္ အခြင့္အေရး အေသးစားမ်ား ေတြ႕ရတက္သည္။ ဆိုပါစို႔၊ သင့္ျမင္းကို ၿပိဳင္ဖက္က ဘစ္ေရွာ့ျဖင့္ စားသည္၊ အ႐ုပ္အင္အား မနာေစရန္ ထိုဘစ္ေရွာ့ကို သင္ မျဖစ္မေန ျပန္စားရမည္၊ သို႔ေသာ္ ခ်က္ခ်င္း မစားေသးဘဲ ၿပိဳင္ဖက္ဘုရင္မကို သင့္ရထားျဖင့္ ခ်ိန္လိုက္သည္၊ ဘုရင္မက ပိုတန္ဖိုးႀကီးေသာေၾကာင့္ ၿပိဳင္ဖက္က သူ၏ ဘုရင္မကို မျဖစ္မေန ေရွာင္ရသည္၊ ေရွာင္လိုက္သည့္အခါ ဘုရင္မ ရိွေနခဲ့သည့္ လိုင္းပြင့္အား မိမိရထားက စိုးမိုးထိန္းခ် ဳပ္ခြင့္ ရသြားေတာ့သည္၊ ဘုရင္မေရွာင္ၿပီးမွ ၿပိဳင္ဖက္ဘစ္ေရွာ့ကို ကိုယ္က စားသည္။ ဘုရင္မကို ရထားျဖင့္ ခ်ိန္ရြယ္ေမာင္းထုတ္လိုက္သည့္ ထိုေရႊ႕ကြက္မ်ိ ဳးကို in-between moves ၾကားျဖတ္ေရႊ႕ကြက္ဟု ေခၚသည္။

ဘုရင္ကို အမိဖမ္းရန္ ႀကိဳးစားေနစဥ္ အမိဖမ္းျခင္းအား ထိခိုက္မႈ မရိွဘဲ နယ္တစ္လံုး အလြတ္စားခြင့္ရျခင္း၊ ၿပိဳင္ဖက္ရထားကို မိမိျမင္း / ဘစ္ေရွာ့ျဖင့္ စားႏိုင္ျခင္း၊ ေနရာအသာစီးရေစမည့္ အျခားေရႊ႕ကြက္တစ္ခုခု ေရႊ႕ခြင့္ရျခင္း စသျဖင့္ ၾကားျဖတ္ေရႊ႕ကြက္မွာ အမ်ိ ဳးမ်ိ ဳး ျဖစ္ႏိုင္သည္။ ထိုကဲ့သို႔ ပင္မစီမံခ်က္ကို မထိခိုက္ေစဘဲ ေပၚလာတက္သည့္ အခြင့္အေရးမ်ားကို ရယူသည့္ ၾကားျဖတ္ေရႊ႕ကြက္မ်ားအား ျမင္ေအာင္ ၾကည့္ပါ။ အေလာတႀကီး မေရႊ႕၊ မတံု႔ျပန္ဘဲ candidate moves ေခၚ လ်ာထားေရႊ႕ကြက္မ်ားအား မိမိစဥ္းစားျခင္းတြင္ စံုလင္ေအာင္ ထည့္သြင္းစဥ္းစားပါ။ အ႐ုပ္မ်ား လဲကစားသည့္အခါ မိမိက ျပန္မစားခင္ အျခားေရႊ႕ကြက္ေကာင္းတစ္ခုျဖင့္ ၾကားျဖတ္အခြင့္အေရး ယူ၍ ရမည္လားဆိုသည္ကို မ်က္စိရွင္ရွင္ျဖင့္ အၿမဲ ၾကည့္ပါ။

၄။ သင့္အေကာင္မ်ား၏ ေနရာကို ေကာင္းသထက္ေကာင္းေအာင္ ျပင္ပါ

ေကာင္းမြန္သည့္ ကစားကြက္တစ္ခုတြင္ အေကာင္မ်ားအားလံုး ပူးေပါင္းခ်ိတ္ဆက္ေနရမည္။ တိုက္စစ္ျပင္ဆင္သည့္အခါ မိမိအေကာင္မ်ား ဗဟိုသို႔ ဦးတည္ေနေစရန္၊ တစ္ေကာင္ခ်င္းစီအတြက္ ျဖစ္ႏိုင္သမွ် အေကာင္းဆံုးေနရာမ်ားတြင္ ရိွေနၾကေစရန္ ေဆာင္ရြက္ရမည္။ မိမိကစားကြက္တြင္ မည္သည့္အေကာင္က အေကာင္းဆံုးေနရာတြင္ ရိွမေနေသးဘဲ ေနရာညံ့ေနသလဲဆိုသည္ကို အၿမဲ ရွာေဖြစစ္ေဆးပါ။ ေတြ႕လွ်င္ ပိုေကာင္းသည့္ ေနရာသို႔ ပို႔ပါ။

၅။ ၿပိဳင္ဖက္၏ ၿခိမ္းေျခာက္မႈ သို႔မဟုတ္ အႀကံအစည္မ်ားကို အၿမဲ ေထာက္လွမ္းပါ

အလယ္ပိုင္းကို ေကာင္းမြန္စြာ ကစားျခင္းတြင္ မိမိဖက္က စီမံခ်က္ခ်ျခင္း၊ ထိုစီမံခ်က္ ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ျခင္းတို႔သာ ပါဝင္သည္မဟုတ္။ သင့္ေရွ႕တည့္တည့္ ကစားခံုတစ္ဖက္တြင္ ထိုင္ေနသည့္ ၿပိဳင္ဖက္ကလည္း သင္လုပ္ေနသလို တူညီစြာ သူ႕အတြက္ အေကာင္းဆံုး လုပ္ေနသည္။ ထို႔ေၾကာင့္ မိမိဖက္ တစ္ျခမ္းတည္း စဥ္းစား၍ မရဘဲ ၿပိဳင္ဖက္၏ စိတ္ကူးအႀကံအစည္မ်ားကိုပါ ခန္႔မွန္းတြက္ဆရန္ လိုသည္။ ဤေနရာတြင္ 'prophylaxis' ဟု သံုးႏႈန္းၾကသည့္ စစ္တုရင္ေဝါဟာရတစ္ခုႏွင့္ ပက္သက္လာပါၿပီ။ ၿပိဳင္ဖက္၏ စီမံခ်က္၊ အႀကံအစည္မ်ားကို ေထာက္လွမ္းေလ့လာၿပီး သူအေကာင္အထည္ေဖာ္ခြင့္ မရေစရန္၊ ေဖာ္ႏိုင္ေသာ္လည္း ခက္ခဲၾကာျမင့္ေစရန္ ႀကိဳတင္ ဟန္႔တားေႏွာင့္ယွက္ တားဆီးေခ်ဖ်က္ျခင္းကို prophylaxis ႀကိဳတင္ကာကြယ္ျခင္းဟု ေခၚသည္။ တစ္ခါတရံတြင္ မိမိလုပ္ေဆာင္ေနသည့္ စီမံခ်က္ကို ခဏရပ္ထားကာ ၿပိဳင္ဖက္၏ စီမံခ်က္အား ေႏွာင့္ယွက္ဟန္႔တားဖို႔ အရင္ လုပ္သင့္သည့္ အေျခအေနမ်ားလည္း ရိွသည္။

၆။ ကစားကြက္၏ အားသာခ်က္၊ အားနည္းခ်က္ မ်ားကို ရွာပါ

တိုက္စစ္အတြက္ စီမံခ်က္ခ်ရန္ သင့္မွာ တိက်ခိုင္မာေသာ ပစ္မွတ္ ရိွထားရန္ လိုသည္။ ပစ္မွတ္မရိွဘဲ တိုက္၍ မရ။ ပစ္မွတ္သတ္မွတ္ဖို႔ ၿပိဳင္ဖက္ကစားကြက္ထဲတြင္ အားနည္းခ်က္ ရွာရသည္။ အားနည္းခ်က္သည္ weak squares အ႐ုပ္မ်ား၏ ေထာက္ကန္ထားျခင္း မရိွ / မလံုေလာက္သည့္ ေပ်ာ့ညံ့ေနသည့္ အကြက္မ်ား၊ ေလထဲ ေရာက္ေနသည့္ / လံုေလာက္စြာ ေထာက္ကန္ထားျခင္း မရသည့္ အေကာင္မ်ား၊ ေခ်ာင္ပိတ္မိေနေသာ / ေနရာညံ့ေနေသာ အေကာင္မ်ား၊ လံုၿခံဳမႈ အားနည္းေနေသာ ဘုရင္ စသျဖင့္ အမ်ိ ဳးမ်ိ ဳး ျဖစ္ႏိုင္သည္။ အားနည္းခ်က္ကို အဖက္ဖက္က အေသးစိတ္ သံုးသပ္ၿပီး သင့္ေတာ္လွ်င္ ပစ္မွတ္အျဖစ္ သတ္မွတ္ရသည္။ 

သင့္ကစားကြက္ထဲက အားသာခ်က္၊ အားနည္းခ်က္ မ်ားကို ရွာခဲ့သလို ၿပိဳင္ဖက္၏ အားသာခ်က္၊ အားနည္းခ်က္ မ်ားကိုလည္း ရွာရမည္။ သို႔မွသာ ၿပိဳင္ဖက္၏ ခ်ထားေသာ / ခ်ႏိုင္ေသာ စီမံခ်က္ကို ခန္႔မွန္းႏိုင္မည္။

၇။ ကိုယ့္ကစားကြက္တြင္ အားနည္းခ်က္ျဖစ္ေအာင္ မလုပ္မိေစႏွင့္

ထူးထူးျခားျခား ဘာမွ မျဖစ္ေသးေသာ ညီမွ်ကြက္မ်ားသည္ ကစားရအခက္ဆံုး ျဖစ္သည္။ ဤေနရာသည္ အေပ်ာ္တမ္းအဆင့္ ဝါသနာရွင္ ကစားသမားမ်ားအတြက္ ပြဲစကတည္းက ကစားသည္မွာ ေကာင္းေနေသာ္လည္း နိမ့္သြားျခင္း၏ နိဒါန္း၊ အမွားစလုပ္မိသည့္ ေနရာ ျဖစ္ေလ့ရိွသည္။ ဤကစားကြက္မ်ိ ဳးႏွင့္ ႀကံဳရလွ်င္ စိတ္မလႈပ္ရွားပါႏွင့္၊ စိတ္ေအးေအးထားပါ။ ဘာလုပ္ရမွန္း မသိ၍ စိတ္႐ႈပ္ကာ နယ္မ်ားေရႊ႕ျခင္း၊ မခိုင္မာသည့္ တိုက္စစ္ကို အခ်ိန္မတန္မီ စတင္ျခင္း တို႔ကို ေရွာင္ၾကဥ္ပါ။ မလိုအပ္သည့္ နယ္ေရႊ႕ကြက္မ်ား၊ ျပင္ဆင္မႈ မလံုေလာက္သည့္ တိုက္စစ္ဆင္ျခင္း တို႔သည္ သင့္အား ကစားကြက္အနိမ့္ဆီသို႔သာ ေခၚေဆာင္သြားလိမ့္မည္။ ထိုနည္းျဖင့္ လက္ရည္သာသည့္ ၿပိဳင္ဖက္က အသာစီးရသြားကာ ႏိုင္ျခင္း ျဖစ္ေလသည္။

အထက္ပါ အႀကံျပဳခ်က္မ်ားကို သင္ပြဲကစားေနစဥ္ လိုက္နာက်င့္သံုးလွ်င္ ေရႊ႕ကြက္မွန္ ရွာေဖြေတြ႕ရိွဖို႔ မ်ားစြာ အေထာက္အကူ ျပဳပါလိမ့္မည္။ သင့္ကစားကြက္ ပိုမိုေကာင္းလာေစႏိုင္ၿပီး လက္ရည္လည္း တက္လာမည္ဟု ေမွ်ာ္လင့္ပါသည္။

ဖတ္႐ႈသည့္အတြက္ ေက်းဇူးတင္ပါသည္။

ေဆာင္းပါးရွင္ - WGM Raluca Sgircea ႏွင့္
IM Reniet Castallanos
ဘာသာျပန္ - လင္းထက္ပိုင္

မူရင္းေဆာင္းပါး - https://m.facebook.com/story.php?story_fbid=2118278598229081&id=171992822857678

ဘာသာျပန္သူ၏ မွတ္ခ်က္ - တခ်ိ ဳ  ့အခ်က္ေတြကို မူရင္းေဆာင္းပါးမွာ ပါတာထက္ ပိုအေသးစိတ္ ျပန္ဆိုထားပါတယ္။ ကြၽန္ေတာ့္ ဘာသာျပန္ေဆာင္းပါးေတြကို လက္ေရြးစင္ေတြ၊ တိုင္တယ္ရ ကစားသမားေတြလို လက္ရည္ျမင့္ ကစားသမားေတြထက္ ကြၽန္ေတာ့္လို လက္ရည္တူ အေပ်ာ္တမ္းအဆင့္ ဝါသနာရွင္ ကစားသမားေတြ ပိုဖတ္ၾကမယ္ထင္လို႔ပါ။ ဒါေပမယ့္ မူရင္းအာေဘာ္နဲ႔ ကြဲလြဲဆန္႔က်င္တဲ့ အခ်က္အလက္၊ အျမင္၊ ယူဆခ်က္ေတြကို ျပန္ဆိုေရးသားတာမ်ိ ဳးေတာ့ မရိွပါဘူး။

Chess Puzzles (4) 7/july/2020


Monday, July 6, 2020

စစ်တုရင်~~~~~~~ 👶👶

၁) စစ်တုရင်ကစားရာမှာ Checkmate ဆိုတဲ့ ဝေါဟာရဟာ အာရဗီဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပါတယ်... မူရင်းပုံစံက Shah Mat လို့ဖြစ်ပြီး အဓိပ္ပာယ်ကတော့ "ဘုရင်သေပြီ" လို့ဖြစ်ပါတယ်...

၂) ကစားပွဲအစပိုင်း နှစ်ကွက်အတွင်းပွဲပြီးအောင်လုပ်နိုင်တဲ့နည်း ၈ ခုရှိပြီး သုံးကွက်အတွင်း ပွဲပြီးနိုင်တဲ့နည်း ၃၅၅ နည်းရှိပါတယ်...

၃) ခေါက်သိမ်းလို့ရတဲ့ စစ်တုရင်ခုံကို ၁၁၂၅ ခုနှစ်က ခရစ်ယာန်ဘုန်းကြီးတစ်ပါးက တီထွင်ခဲ့ပါတယ်... ခရစ်ယာန်ဘုရားကျောင်းတွေမှာ စစ်တုရင်ကစားခြင်းကို တားမြစ်ထားတဲ့အတွက် စာအုပ်တစ်အုပ်ပုံစံမျိုး စစ်တုရင်ခုံရဲ့ မျက်နှာပြင်နှစ်ဖက်ကို တွဲချိတ်ထားနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်... 

၄) တစ်နှစ်လောက်ပဲကြာသေးတဲ့ စစ်တုရင်စတင်ကစားတဲ့လူသစ်တွေကို Rookie လို့ခေါ်ပါတယ်... အဲ့ဒီနာမည်ဟာ စစ်တုရင်က castle (rook) ရဲ့နာမည်က ဆင်းသက်လာတာဖြစ်ပါတယ်... rook တွေဟာ နောက်ဆုံးမှရွှေ့နိုင်တဲ့အရုပ်ဖြစ်သလို လူသစ်တွေဟာလည်း မကျွမ်းကျင်တဲ့အတွက် အစောပိုင်းမှာဘာမှပြန်မတိုက်ခိုက်နိုင်တာမျိုးကို ရည်ရွယ်ပြီး နာမည်ပေးခဲ့တာဖြစ်ပါတယ်...

၅) မျက်စိကိုအုပ်စည်းပြီးကစားတဲ့ပုံစံမျိုး စစ်တုရင်မှာရှိပါတယ်... စစ်တုရင်သမားကောင်းတော်တော်များများ ဒီလိုကစားနိုင်ပါတယ်... ဒါပေမဲ့ ရွှေ့ကွက်တော်တော်များများပြီးတဲ့အခါမှာ ရှုပ်ထွေးသွားနိုင်တဲ့အတွက် ကစားကွက်တွေကို ရှင်းရှင်းလင်းလင်းမှတ်မိနေဖို့ လိုပါတယ်...

၆) စံချိန်တင်မှတ်တမ်းတစ်ခုကတော့ ၁၉၆၀ ခုနှစ်က Budapest မှာ ဟန်ဂေရီလူမျိုး Janos Flesh ဟာ ပြိုင်ဖက် ၅၂ ယောက်ကို မျက်စိအုပ်စည်းပြီး တစ်ပြိုင်တည်းကစားခဲ့ပါတယ်... အဲ့ဒီအနက် ၃၁ ပွဲကို သူနိုင်ခဲ့ပါတယ်..

၇) တစ်ဖက်တစ်ချက်စီက လေးကွက်စီရွှေ့ပြီးတဲ့အချိန်မှာ ဖြစ်နိုင်တဲ့ အနေအထားက ၉၈၈ သန်းရှိပါတယ်..

၈) စင်္ကြာဝဠာထဲမှာတွေ့နိုင်တဲ့ အက်တမ်အရေအတွက်ထက် ကစားနိုင်တဲ့စစ်တုရင်ကစားပွဲအရေအတွက်က ပိုများပါတယ်... ဘာကြောင့်လဲဆိုတော့ အက်တမ်တွေကို ၁၀ ရဲ့ ထပ်ကိန်း ၇၉ (10^79) ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ မတူညီတဲ့ စစ်တုရင်ကစားပွဲဖြစ်နိုင်ချေကတော့ ၁၀ ရဲ့ထပ်ကိန်း ၁၂၀ (10^120) ရှိနေလို့ပဲဖြစ်ပါတယ်...

၉) စစ်တုရင်ပညာမှာ အထွဋ်အထိပ်ရောက်တဲ့ အမေရိကန်နှစ်ယောက်ပဲရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ ရူးကြောင်ကြောင်ဖြစ်သွားကြပါတယ်... တစ်ယောက်က New Orleans က Paul Morphy ဖြစ်ပြီး ၁၈၅၈ ခုနှစ် အသက် ၂၂ နှစ်အရွယ်မှာ ပဲရစ်နဲ့ လန်ဒန်မှာ ဥရောပရဲ့ အကောင်းဆုံးစစ်တုရင်သမားတွေကို အနိုင်ကစားနိုင်ခဲ့ပါတယ်... နောက်ပိုင်းမှာစစ်တုရင်လောက ကနေအနားယူခဲ့ပြီး သူ့မိတ်ဆွေတွေနဲ့ သူ့မိသားစုက သူ့ကိုလိုက်သတ်နေတယ်လို့ ထင်နေရင်းနဲ့ အနှစ် ၂၀ လောက်နေထိုင်သွားပါတယ်.. နောက်တစ်ယောက်ကတော့ ရာစုနှစ်နောက်တစ်ခုအကြာမှာပေါ်လာခဲ့တဲ့ ၁၉၇၂ ခုနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူ Bobby Fischer ဖြစ်ပါတယ်.... သူကလည်း သူ့ကိုလူတွေက လိုက်လံတိုက်ခိုက်နေတယ်လို့ ယုံကြည်နေသူဖြစ်ပါတယ်....
-------------------------------

အိုပန်‌နင်‌အသစ်‌တစ်‌ခုကို လွယ်‌ကူစွာ ‌လေ့လာခြင်း

အိုပန်‌နင်‌အသစ်‌တစ်‌ခုကို လွယ်‌ကူစွာ ‌လေ့လာခြင်း အဆင့် ၄ ဆင့်



ဆောင်းပါးရှင် - WGM Raluca Sgircea နှင့်

IM Reniet Castallanos

ဘာသာပြန် - လင်းထက်ပိုင်



အိုပန်‌နင်‌ ‌ခေါ် အဖွင့်‌ပိုင်းသည်‌ စစ်‌တုရင်‌တွင်‌ အ‌ရေးကြီးသည်‌။ ကာပါဘလန်‌ကာ ကဲ့သို့ ထိပ်‌တန်းဂရန်းမာစတာတချို့ က စစ်တုရင် စတင်‌သင်‌ယူလျှင်‌ endgame ပွဲဆုံးပိုင်းက‌နေ စ‌လေ့လာဖို့ တိုက်‌တွန်း အကြံ‌ပေးကြသည်‌ကို မကြာခဏ သင်‌ဖတ်‌ဖူးပါလိမ့်‌မည်‌။ ထိုအကြံ‌ပေးချက်‌ မမှား၊ မှန်‌ပါသည်‌။ သို့‌သော်‌ ပွဲဆုံးပိုင်းကို စတင်‌‌လေ့လာသင့်‌သည်‌ဆို‌သော အဆိုသည်‌ အဖွင့်‌ပိုင်း အ‌ရေးမကြီး၊ ‌လေ့လာစရာမလို၊ ဖယ်‌ထားရမည်‌ဟူ‌သော အဓိပ္ပာယ် မဟုတ်‌‌ပေ။



ယ‌နေ့‌ခေတ်‌ကဲ့သို့ အင်‌တာနက်‌မှ နည်းစနစ်‌ပိုင်းဆိုင်‌ရာ စာအုပ်‌စာတမ်းများ အလွယ်‌တကူ ရယူနိုင်‌ပြီး နည်းပြများ၊ လက်‌ရည်‌မြင့်‌ ထိပ်‌တန်းကစားသမားများ၏ ပွဲ‌ဝေဖန်‌သုံးသပ်‌မှုကို ရယူဖတ်‌ရှုနိုင်‌‌သော ‌နည်းပညာ‌ခေတ်‌တွင်‌ မည်‌သည့်‌ဝါသနာရှင်‌မဆို ‌လေ့လာစရာ ပညာရပ်‌အရင်းအမြစ်‌များ ကြွယ်‌ဝလှသည်‌။ ထို‌ကြောင့်‌ သာမန်‌လက်‌ရည်‌ရှိ အ‌ပျော်‌တမ်း ကစားသမားတစ်‌ဦးပင်‌ ဖြစ်‌လင့်‌ကစား ပြိုင်‌ပွဲ၌ လက်‌ရည်‌တူ အ‌ပျော်‌တမ်းပြိုင်‌ဖက်‌များအား ‌ကောင်း‌ကောင်း ယှဉ်‌ပြိုင်‌နိုင်‌စွမ်းရှိရန်‌ အဖွင့်‌ပိုင်းနှင့်‌ ပက်‌သက်‌သည့်‌ ဗဟုသုတ အတိုင်းအတာတစ်‌ခုအထိ ရှိ‌နေဖို့ လိုအပ်‌‌လာ‌လေသည်‌။



အဖွင့်‌အသစ်‌တစ်‌ခုကို ‌လေ့လာရသည်‌မှာ ‌ပြောသ‌လောက်‌ လွယ်‌ကူလှသည်‌‌တော့ မဟုတ်‌။ စစ်တုရင်ကစားပွဲ အစိတ်အပိုင်းများအနက်‌ အလယ်‌ပိုင်း၊ ပွဲဆုံးပိုင်းတို့နှင့်‌စာလျှင်‌ အဖွင့်‌ပိုင်းအတွက်‌ ‌ခေတ်‌အဆက်‌ဆက်‌ ‌ရေးသားထုတ်‌‌ဝေခဲ့‌သော စာအုပ်‌အ‌ရေအတွက်‌မှာ အများဆုံး ဖြစ်‌၏။ လက်‌ရှိတွင်‌လည်း အများအပြား ‌ရေးသားထုတ်‌‌ဝေ‌နေကြပြီး အနာဂတ်‌တွင်‌လည်း အသစ်‌ထွက်‌လာကြမည့်‌ စာအုပ်များ ဒုနှင့်‌‌ဒေး တန်းစီ‌နေကြသည်‌။ ထိုမျှများပြား‌သော စာအုပ်‌စာတမ်းများထဲက မည်‌သည်‌များက မိမိ‌လေ့လာလို‌သော အဖွင့်‌အသစ်‌အတွက်‌ သင့်‌‌တော်‌ကိုက်‌ညီ လိုအပ်‌‌ကောင်းမွန်‌သည်‌ကို ‌ရွေးချယ်‌ရသည်‌မှာ မလွယ်‌လှ။ ဤသည်‌မှာ အဖွင့်‌ပိုင်း‌လေ့လာရာတွင်‌ ပထမဆုံး ကြုံရ‌သော အခက်အခဲပင်‌ ဖြစ်‌သည်‌။



အဝတ်အစားဖက်‌ရှင်‌ကဲ့သို့ပင်‌ စစ်တုရင်အဖွင့်‌ဆိုသည်‌မှာလည်း လူတို့အကြိုက်‌ ‌ပြောင်းလဲ‌နေ‌သော ‌ခေတ်‌‌ရေစီး‌ကြောင်း ရှိသည်‌။ ရှိပြီးသား အဖွင့်‌အ‌ဟောင်းများကို ပိုနက်‌ရှိုင်းစွာ ‌လေ့လာ‌သုံးသပ်‌ခြင်းများ ရှိကြသလို လိုင်းခွဲအသစ်‌များ တီထွင်‌‌ဖော်‌ထုတ်‌ခြင်းများလည်း ရှိကြသည်‌။ အချိန်‌ကာလ ‌ရွေ့လျား‌နေသည်‌နှင့်‌အမျှ စစ်တုရင်‌လောကတွင်‌ လူကြိုက်‌များ ‌ရေပန်းစား‌သော အဖွင့်‌များ ‌ပြောင်းလဲ‌နေကြသည်‌။ တစ်‌ချိန်‌က လူကြိုက်‌များခဲ့‌သော်‌လည်း အသုံးနည်း ‌မှေးမှိန်‌သွားပြီး ယခု ပြန်‌လည်‌ဆန်းသစ်‌ တဖန်‌ လူကြိုက်‌များလာခြင်းများလည်း ရှိသည်‌။ အ‌ရေအတွက်‌အားဖြင့်‌လည်း များပြားလှသလို အမြဲတမ်း ‌ပြောင်းလဲ‌နေ‌သော အဖွင့်‌ရှိသမျှအား ‌လေ့လာ‌နေရန်‌ဆိုသည်‌မှာ အလွန်‌တရာ အချိန်‌ကုန်‌လူပန်းမည့်‌ ကိစ္စဖြစ်‌၍ ထိုမျှ မလိုအပ်‌ပါ။ လက်‌‌တွေ့ကစားပွဲတွင်‌ အသုံးပြုမည့်‌ အဖွင့်‌တစ်‌ခုအား ဘယ်‌လို‌လေ့လာရမည်‌၊ ဘယ်‌လိုမွမ်းမံသွားရမည်‌ စသည့်‌ အကြံပြုချက်‌များကို ဤ‌ဆောင်းပါးတွင်‌ ‌ဖော်ပြပါမည်‌။



ပြိုင်‌ပွဲတွင်‌ အဖြူ ကိုင်‌ရလျှင်‌ ဘာအဖွင့်‌‌တွေ သုံးမည်‌၊ အနက်‌ကိုင်‌ရလျှင်‌ အဖြူ ပြိုင်‌ဖက်‌၏ ဘာအဖွင့်‌အား မိမိက ဘာအဖွင့်‌ဖြင့်‌ တုံ့ပြန်‌မည်‌ စသဖြင့်‌ ‌ကြိုတင်‌‌ရွေးချယ်‌ စုစည်းထား‌သော အဖွင့်‌များကို opening repertoire အိုပန်‌နင်‌ ရက်‌ပထွာ သို့မဟုတ်‌ လက်‌စွဲအဖွင့်‌များဟု ‌ခေါ်သည်‌။ လက်‌ရည်‌အသင့်‌အတင့်‌မှ ထိပ်‌တန်းအဆင့်‌အထိ ပြိုင်‌ပွဲဝင်‌ စစ်တုရင်သမားများအားလုံးတွင်‌ ကိုယ်‌ပိုင်‌လက်‌စွဲအဖွင့်‌များ ကိုယ်‌စီ ရှိကြသည်‌။ ထိုလက်‌စွဲအဖွင့်‌များတွင်‌ ပါဝင်‌‌သော အဖွင့်‌များကို ပုံမှန်‌‌လေ့လာသုံးသပ်‌ ‌လေ့ကျင့်‌‌နေကြ‌လေ့ရှိပြီး အဖွင့်‌တစ်‌ခုခုအား အ‌ကြောင်းအမျိုးမျိုး‌ကြောင့်‌ မိမိမနှစ်‌သက်‌‌တော့၍ ထိုစာရင်းမှ ဖယ်‌ထုတ်‌လိုက်‌ခြင်း၊ ‌လေ့လာအသုံးပြုရန်‌ အဖွင့်‌အသစ်‌တစ်‌ခု ‌ရွေးချယ်‌ထည့်‌သွင်းခြင်းများ ရှိကြသည်‌။ အကယ်‌၍ သင့်‌လက်‌စွဲအဖွင့်‌စာရင်းတွင်‌ အဖွင့်‌အသစ်‌တစ်‌ခုကို ‌ရွေးချယ်‌ထည့်‌သွင်းလိုက်‌ပြီ ဆိုပါက ‌အောက်‌ပါအဆင့်‌ ၄ ဆင့်‌ကို သင်‌‌ဆောင်‌ရွက်‌ရမည်‌။



၁။ ကစားပွဲစု‌ဆောင်းခြင်း



အဖွင့်‌အသစ်‌တစ်‌ခုကို အ‌သေးစိတ်‌ မ‌လေ့လာခင်‌ ထိုအဖွင့်‌ကို သင်‌အသုံးပြုချင်‌‌အောင်‌ ဆွဲ‌ဆောင်‌ထား‌သော နမူနာကစားပွဲများအား အရင်‌စု‌ဆောင်းဖို့ အကြံ‌ပေးလိုသည်‌။ ‌ခေတ်‌‌ဟောင်း ဂန္တဝင်ကစားပွဲဖြစ်‌‌စေ၊ ယခု‌ခေတ်‌ကစားပွဲဖြစ်‌‌စေ ထိုကစားပွဲများအား ဘယ်‌တုန်းက ကစားခဲ့သည်‌ဆိုသည့်‌ ကာလမှာ အ‌ရေးမကြီးပါ။ အဓိကမှာ ထိုအဖွင့်‌ အသုံးပြုသည့်‌ ကစားပွဲများတွင်‌ ဖြစ်‌‌ပေါ်‌လေ့ရှိ‌သော ကစားကွက်‌ အ‌နေအထားများ structures၊ နည်းစနစ်အမျိုးအစားများ themes၊ ပွဲဆုံးပိုင်းကစားကွက်‌များ endgames နှင့်‌ ဖြစ်‌နိုင်‌သမျှ သင့်‌စိတ်‌ထဲစွဲ ရင်းနှီး‌စေဖို့ ကြည့်‌‌စေလို‌သော ရည်ရွယ်ချက်‌ပင်‌ ဖြစ်‌သည်‌။



ဂန္တဝင်ပွဲများမှ အယူအဆ‌ဟောင်းများကို အထင်‌‌သေး ‌လျှော့‌ပေါ့မတွက်ပါနှင့်‌၊ အယူအဆ‌ဟောင်းများမှာ ‌ခေတ်‌သစ်‌ကစားပွဲများမှ အယူအဆများကဲ့သို့ပင်‌ အသုံးဝင်‌ကြသည်‌။ ကာလကြာမြင့်‌၍ မထင်‌ရှား ‌မှေးမှိန်‌‌ကောင်း ‌မှေးမှိန်‌နိုင်‌‌သော်‌လည်း မှန်‌ကန်‌ခိုင်‌မာသည့်‌ အယူအဆများမှာ ‌ပျောက်‌ကွယ်‌သွားခြင်းဟူ၍ မရှိ။ ယ‌နေ့‌ခေတ်‌တွင်‌ အင်‌ဂျင်‌သုံးကာ ရှာ‌တွေ့သည့်‌ ကွက်‌သစ်‌များ novelties ကဲ့သို့ပင်‌ အယူအဆ‌ဟောင်းများတွင်‌လည်း ရင်သပ်ရှုမောစရာ အလှအပများ ရှိ‌နေကြသည်‌။ ထိုသဘာဝကို သင်‌‌တွေ့ရှိနားလည်‌‌လေ ပို‌ကောင်း‌လေပင်‌။



၂။ ကျွမ်းကျင်‌သူများ ရှာ‌ဖွေခြင်း



ဤအဆင့်‌သည်‌ စစ်တုရင်သမားများအတွက်‌ ‌ပျော်‌စရာ‌ကောင်း၍ လုပ်‌ချင်‌ကြ‌သောအရာ ဖြစ်‌သည်‌၊ မိမိ‌လေ့လာမည့်‌ အဖွင့်‌အသစ်‌ကို ကျွမ်းကျင်‌ပိုင်‌နိုင်‌စွာ ကစားပြခဲ့‌သော ဂရင်းမာစတာများ၏ ထိုအဖွင့်‌သုံး ကစားပွဲများအား ရှာ‌ဖွေစု‌ဆောင်းခြင်းဖြစ်‌၍။ အချို့ အဖွင့်‌များကို သူမတူ ထူးချွန်‌စွာ ကျွမ်းကျင်‌၍ နာမည်‌‌ကျော်‌‌သော ထိုအဖွင့်‌၏ ပါရဂူဟု တင်‌စားနိုင်‌‌လောက်‌သည့်‌ ထိပ်‌တန်းစစ်‌တုရင်‌သမားများ ရှိကြသည်‌။ ဥပမာ Najdorf နိုင်း‌ဒေါ့ အဖွင့်‌တွင်‌ ကာစပါရော့၊ Ruy Lopez ရိုင်‌ လိုပက်‌ အဖွင့်‌တွင်‌ ဖစ်‌ရှာ၊ Breyer ဘ‌ရေယာ အဖွင့်‌တွင်‌ စပါစကီ စသဖြင့်‌။ ကိုယ်‌‌ရွေးထား‌သော အဖွင့်‌တွင်‌ မည်‌သည့်‌ ဂရန်းမာစတာက နာမည်‌ကြီးသည်‌ကို စုံစမ်းပြီး ၄င်းဂရန်းမာစတာက ထိုအဖွင့်‌ အသုံးပြုကစားခဲ့‌သော ကစားပွဲများကို စု‌ဆောင်းကြည့်‌ရှုပါ။ အကယ်၍ သင်‌‌ရွေးထား‌သော အဖွင့်‌က အသုံးနည်းသည့်‌ ရှားပါးအဖွင့်‌မျိုးဖြစ်‌‌နေ၍ ထိုအဖွင့်‌၏ နာမည်‌‌ကျော်‌ ထိပ်‌တန်းကစားသမား မရှိပါက သင့်‌ပတ်‌ဝန်းကျင်‌မှ အ‌တွေ့အကြုံရှိ စစ်တုရင်သမားတစ်‌ဦးဦးကို ‌မေးမြန်း အကူအညီ‌ ‌တောင်းကြည့်‌ပါ။



အဆင့်‌ ၁ နှင့်‌ ၂ ‌ဆောင်‌ရွက်‌ပြီးသွားလျှင်‌ ထိုအဖွင့်‌အသစ်‌နှင့်‌ ပက်‌သက်‌သည့်‌ အချက်အလက်များ သင့်‌တွင်‌ အလုံအ‌လောက်‌ ရှိလာပြီ။ အဖွင့်‌ကို ပိုရင်းနှီးကျွမ်းဝင်‌လာပြီ ဖြစ်‌သလို သင့်‌စစ်‌တုရင်‌ အထွေထွေ ဗဟုသုတလည်း ယခင်ကထက်‌ ပိုများလာပြီ။ သို့‌သော်‌ မပြီး‌သေးပါ၊ ဆက်‌လုပ်‌ရမည့်‌ အရာများ ကျန်‌‌သေးသည်‌။ ယခုမှစ၍ အဖွင့်‌ကို တစ်‌ကွက်‌ချင်း အ‌သေးစိတ်‌ စတင်‌‌လေ့လာရ‌တော့မည်‌။



၃။ သ‌ဘောတရား

(ကိုယ်‌ပိုင်‌ pgn file ‌ရေးပြီး ‌လေ့ကျင့်‌ပါ)



လက်‌သင်‌စစ်‌တုရင်‌သမား အများစု အဖွင့်‌တစ်‌ခုကို ‌လေ့လာ‌သောအခါ ဤအဆင့်‌ကစ၍ ‌လေ့လာကြသည်‌၊ အင်‌ဂျင်‌က သုံးသပ်‌အ‌ဖြေရှာ‌ပေးထား‌သော ‌ရွှေ့ကွက်‌များ ပြည့်‌‌နှက်‌‌နေသည့်‌ စစ်တုရင်စာအုပ်‌များကို ဝယ်‌ကြသည်‌၊ ထို့‌နောက်‌ အဖွင့်‌ပိုင်း‌ရွှေ့ကွက်‌များကို မှတ်‌မိ‌အောင်‌ အလွတ်‌ကျက်‌ကြ‌လေ‌တော့သည်‌။ ဤ‌လေ့လာနည်းမှာ ထိုများပြားလှ‌သော ‌ရွှေ့ကွက်‌အချက်‌အလက်‌များကို မ‌မေ့ဘဲ အလွတ်‌မှတ်‌မိနိုင်‌‌လောက်‌‌အောင်‌ မြင့်‌မားသည့်‌ ဥာဏ်‌ရည်‌ဥာဏ်‌‌သွေး သင်‌ပိုင်‌ဆိုင်‌ထားပြီး ထို‌ရွှေ့ကွက်‌များ၏ ‌နောက်‌ကွယ်‌က သ‌ဘောတရားများကိုလည်း ‌ကျေ‌ကျေညက်‌ညက်‌ သင်‌နားလည်‌ထားပါက အပြစ်‌ဆိုစရာ မရှိပါ။ သင်‌လုပ်‌နိုင်စွမ်းရှိပါက လုပ်‌လိုလျှင်‌ လုပ်‌နိုင်‌ပါသည်‌။ သို့‌သော်‌ လက်‌‌တွေ့တွင်‌ စစ်တုရင်သမား အများစုအတွက်‌မူ ထိုနည်းဖြင့်‌ ‌လေ့လာ‌သောအခါ ‌မေ့သွားခြင်း၊ ‌ရှေ့‌နောက်‌အစဉ်‌ ‌ရော‌ထွေးခြင်း၊ လိုင်းခွဲများ ရှုပ်‌‌ထွေးကုန်‌ခြင်း စသည့်‌ အခက်အခဲများစွာ ကြုံ‌တွေ့ရ‌လေ့ရှိသဖြင့်‌ ‌အောင်‌မြင်‌မှု နည်းလှ၏။ ထိုသို့ ဖြစ်‌ရခြင်း၏ အ‌ကြောင်းရင်းမှာ ‌နောက်‌ကွယ်‌သ‌ဘောတရားများကို နားလည်‌သ‌ဘော‌ပေါက်‌ခြင်း မရှိ‌သော‌ကြောင့်‌ ဖြစ်‌သည်‌။



အကြံပြုလိုသည်‌မှာ လိုင်းခွဲများတွင်‌ စာသားဖြင့်‌ ပြည့်‌ပြည့်‌စုံစုံ ရှင်းပြထား‌သော အဖွင့်‌စာအုပ်‌မျိုးကိုသာ ဝယ်‌‌စေလိုသည်‌။ သ‌ဘောတရားကို နားလည်‌‌အောင်‌ ဖတ်‌သလို ‌ရွှေ့ကွက်‌များကိုလည်း မှတ်‌မိ‌အောင်‌ ကြိုးစားပါ။ စစ်တုရင်အက်‌ပလီ‌ကေးရှင်းတစ်‌ခုခု သုံးပြီး ‌အဖွင့်‌‌ရွှေ့ကွက်‌များကို pgn file ပီဂျီအန်‌ဖိုင်‌တစ်‌ခု ဖန်‌တီးကာ ‌ရွှေ့ကစားကြည့်‌ပါ။ ‌ရွှေ့ကွက်‌များကို ပိုမှတ်‌မိ‌စေသလို ‌နောင်‌တွင်‌ လက်‌‌တွေ့ကစားပွဲများ၌ လုပ်‌မိမည့်‌ အမှားများကို ထည့်‌သွင်းဖြည့်‌စွက်‌ တည်းဖြတ်‌မှတ်‌တမ်းတင်‌ခြင်းကိုလည်း လုပ်‌နိုင်‌သည်‌။



၄။ အစမ်းကစားခြင်း



‌နောက်‌ဆုံးအဆင့်‌ဖြစ်‌‌သော အစမ်းကစားခြင်းမှာ ပြိုင်‌ပွဲမကစားခင်‌ လုပ်‌‌ဆောင်‌ထားပြီး ဖြစ်‌‌နေရမည့်‌ အ‌ရေးကြီးအဆင့်‌ ဖြစ်‌သည်‌။ အကြိမ်‌များစွာ အစမ်းကစားထားလျှင်‌ ‌ရွှေ့ကွက်‌များကို အလွတ်‌မှတ်‌မိ‌စေပြီး ကိုယ့်ကိုယ်ကို ယုံကြည်‌မှုလည်း မြင့်‌တက်‌လာ‌စေမည်‌။ သင်‌အသုံးပြုမည့်‌ အဖွင့်‌တစ်‌ခု၏ ‌ရှောင်‌လွှဲမရ သိကိုသိထားရမည့်‌ လိုင်းခွဲများ၊ ‌ရွှေ့ကွက်‌များ အားလုံးကို မဖြစ်‌မ‌နေ အစမ်းကစားကာ ကြိုတင်‌‌လေ့ကျင့်‌ထားရမည်‌။ သို့မှသာ ပြိုင်‌ပွဲတွင် အဖွင့်‌ပိုင်း ကစားရာ၌ တစ်‌ကွက်‌ချင်းစီကို အစအဆုံး ပြန်‌စဉ်းစားစရာ မလို‌တော့ဘဲ သက်‌သာလွယ်‌ကူစွာ ယုံကြည်‌မှုရှိရှိ ကစားနိုင်‌‌စေမည်‌။ တစ်‌ခါမှ အစမ်းမကစားဖူး‌သော အစိမ်းသက်သက် အဖွင့်‌တစ်‌ခုကို ပြိုင်‌ပွဲတွင်‌ အသုံးပြုကစားလျှင်‌ ထိုအချိန်‌ကျမှ တစ်‌ကွက်‌ချင်းစီကို အသည်းအသန်‌ စဉ်းစားအ‌ဖြေရှာ‌နေရမည်‌၊ ထိုသို့ ရှာလျှင်‌‌တောင်‌မှ အ‌ဖြေ ‌တွေ့ချင်‌မှ ‌တွေ့မည်‌၊ မ‌သေချာ။ ဤမျှ အခက်အခဲက သင့်‌ကစားပွဲကို ရှုံး‌စေမည်‌ မဟုတ်‌‌သော်‌လည်း စဉ်းစားရင်း ကုန်‌သွားသည့်‌ အချိန်‌ကို‌တော့ ဘယ်‌လိုမှ ပြန်‌မရနိုင်‌ပါ။ ကိုယ့်‌အဖွင့်‌ကို ကျင့်‌သားရ‌နေ‌စေရန်‌ သူငယ်‌ချင်းဖြင့်‌ သို့မဟုတ်‌ နည်းပြဖြင့်‌ သို့မဟုတ်‌ အွန်‌လိုင်းပွဲဖြင့်‌ ပြိုင်‌ပွဲမဝင်‌ခင်‌ ‌လေ့ကျင့်‌‌ရေးပွဲများ ကစားပါ။



ဤ‌ဆောင်းပါးတိုအား နိဂုံးချုပ်‌ပါ‌တော့မည်‌။ အဖွင့်‌တစ်‌ခုကို ကျွမ်းကျင်‌လာ‌စေရန်‌ သင်‌လုပ်‌ရန်‌ အများကြီး မလိုအပ်‌ပါ။ ‌ဖော်‌ပြပါ အဆင့်‌ ၄ ဆင့်‌ကို ‌ဆောင်‌ရွက်‌လျှင်‌ လွယ်‌ကူလျင်‌မြန်‌စွာ ‌လေ့လာနိုင်‌ပါလိမ့်‌မည်‌။ အချိန်‌ကာလ၊ အ‌တွေ့အကြုံ ၊ သင်‌ကိုယ်‌တိုင်‌ ကစားခဲ့‌သော ကစားပွဲများ၏ သင်‌ခန်းစာယူစရာ သုံးသပ်‌ချက်‌များ စသည့်‌ အချက်‌များကို ‌ပေါင်းစပ်‌အသုံးချသွားပါက ကျွမ်းကျင်‌လာမည်‌ဖြစ်‌ပြီး တစ်‌ချိန်‌ချိန် ထိုအဖွင့်‌တွင်‌ သင့်‌စိတ်‌ကူးစိတ်‌သန်းများ၊ သင့်‌ကိုယ်‌ပိုင်‌ သ‌ဘောတရားများကိုပင်‌ ‌‌‌ဖော်‌ထုတ်‌နိုင်‌လာပါလိမ့်‌မည်‌။



‌အောင်‌မြင်‌ပါ‌စေ။



ဆောင်းပါးရှင် - WGM Raluca Sgircea နှင့်

IM Reniet Castallanos

ဘာသာပြန် - လင်းထက်ပိုင်



မူရင်း‌ဆောင်းပါး - https://m.facebook.com/story.php?story_fbid=2527995527257384&id=171992822857678


[ Zawgyi ]

အိုပန္‌နင္‌အသစ္‌တစ္‌ခုကို လြယ္‌ကူစြာ ‌ေလ့လာျခင္း အဆင့္ ၄ ဆင့္

ေဆာင္းပါးရွင္ - WGM Raluca Sgircea ႏွင့္
IM Reniet Castallanos
ဘာသာျပန္ - လင္းထက္ပိုင္

အိုပန္‌နင္‌ ‌ေခၚ အဖြင္‌့ပိုင္‌းသည္‌ စစ္‌တုရင္‌တြင္‌ အ‌ေရးႀကီးသည္‌။ ကာပါဘလန္‌ကာ ကဲ့သို့ ထိပ္‌တန္‌းဂရန္‌းမာစတာတခ်ိ ု ့က စစ္တုရင္ စတင္‌သင္‌ယူလၽွင္‌ endgame ပြဲဆုံးပိုင္‌းက‌ေန စ‌ေလ့လာဖို့ တိုက္‌တြန္‌း အႀကံ‌ေပးၾကသည္‌ကို မၾကာခဏ သင္‌ဖတ္‌ဖူးပါလိမ္‌့မည္‌။ ထိုအႀကံ‌ေပးခ်က္‌ မမွား၊ မွန္‌ပါသည္‌။ သို့‌ေသာ္‌ ပြဲဆုံးပိုင္‌းကို စတင္‌‌ေလ့လာသင္‌့သည္‌ဆို‌ေသာ အဆိုသည္‌ အဖြင္‌့ပိုင္‌း အ‌ေရးမႀကီး၊ ‌ေလ့လာစရာမလို၊ ဖယ္‌ထားရမည္‌ဟူ‌ေသာ အဓိပၸာယ္ မဟုတ္‌‌ေပ။

ယ‌ေန႔‌ေခတ္‌ကဲ့သို့ အင္‌တာနက္‌မွ နည္‌းစနစ္‌ပိုင္‌းဆိုင္‌ရာ စာအုပ္‌စာတမ္‌းမ်ား အလြယ္‌တကူ ရယူနိုင္‌ၿပီး နည္‌းျပမ်ား၊ လက္‌ရည္‌ျမင္‌့ ထိပ္‌တန္‌းကစားသမားမ်ား၏ ပြဲ‌ေဝဖန္‌သုံးသပ္‌မွုကို ရယူဖတ္‌ရွုနိုင္‌‌ေသာ ‌နည္‌းပညာ‌ေခတ္‌တြင္‌ မည္‌သည္‌့ဝါသနာရွင္‌မဆို ‌ေလ့လာစရာ ပညာရပ္‌အရင္‌းအျမစ္‌မ်ား ႂကြယ္‌ဝလွသည္‌။ ထို‌ေၾကာင္‌့ သာမန္‌လက္‌ရည္‌ရွိ အ‌ေပ်ာ္‌တမ္‌း ကစားသမားတစ္‌ဦးပင္‌ ျဖစ္‌လင္‌့ကစား ၿပိဳင္‌ပြဲ၌ လက္‌ရည္‌တူ အ‌ေပ်ာ္‌တမ္‌းၿပိဳင္‌ဖက္‌မ်ားအား ‌ေကာင္‌း‌ေကာင္‌း ယွဥ္‌ၿပိဳင္‌နိုင္‌စြမ္‌းရွိရန္‌ အဖြင္‌့ပိုင္‌းႏွင္‌့ ပက္‌သက္‌သည္‌့ ဗဟုသုတ အတိုင္‌းအတာတစ္‌ခုအထိ ရွိ‌ေနဖို့ လိုအပ္‌‌လာ‌ေလသည္‌။

အဖြင္‌့အသစ္‌တစ္‌ခုကို ‌ေလ့လာရသည္‌မွာ ‌ေျပာသ‌ေလာက္‌ လြယ္‌ကူလွသည္‌‌ေတာ့ မဟုတ္‌။ စစ္တုရင္ကစားပြဲ အစိတ္အပိုင္းမ်ားအနက္‌ အလယ္‌ပိုင္‌း၊ ပြဲဆုံးပိုင္‌းတို့ႏွင္‌့စာလၽွင္‌ အဖြင္‌့ပိုင္‌းအတြက္‌ ‌ေခတ္‌အဆက္‌ဆက္‌ ‌ေရးသားထုတ္‌‌ေဝခဲ့‌ေသာ စာအုပ္‌အ‌ေရအတြက္‌မွာ အမ်ားဆုံး ျဖစ္‌၏။ လက္‌ရွိတြင္‌လည္‌း အမ်ားအျပား ‌ေရးသားထုတ္‌‌ေဝ‌ေနၾကၿပီး အနာဂတ္‌တြင္‌လည္‌း အသစ္‌ထြက္‌လာၾကမည္‌့ စာအုပ္မ်ား ဒုႏွင္‌့‌ေဒး တန္‌းစီ‌ေနၾကသည္‌။ ထိုမၽွမ်ားျပား‌ေသာ စာအုပ္‌စာတမ္‌းမ်ားထဲက မည္‌သည္‌မ်ားက မိမိ‌ေလ့လာလို‌ေသာ အဖြင္‌့အသစ္‌အတြက္‌ သင္‌့‌ေတာ္‌ကိုက္‌ညီ လိုအပ္‌‌ေကာင္‌းမြန္‌သည္‌ကို ‌ေရြးခ်ယ္‌ရသည္‌မွာ မလြယ္‌လွ။ ဤသည္‌မွာ အဖြင္‌့ပိုင္‌း‌ေလ့လာရာတြင္‌ ပထမဆုံး ၾကဳံရ‌ေသာ အခက္အခဲပင္‌ ျဖစ္‌သည္‌။

အဝတ္အစားဖက္‌ရွင္‌ကဲ့သို့ပင္‌ စစ္တုရင္အဖြင္‌့ဆိုသည္‌မွာလည္‌း လူတို့အႀကိဳက္‌ ‌ေျပာင္‌းလဲ‌ေန‌ေသာ ‌ေခတ္‌‌ေရစီး‌ေၾကာင္‌း ရွိသည္‌။ ရွိၿပီးသား အဖြင္‌့အ‌ေဟာင္‌းမ်ားကို ပိုနက္‌ရွိုင္‌းစြာ ‌ေလ့လာ‌သုံးသပ္‌ျခင္‌းမ်ား ရွိၾကသလို လိုင္‌းခြဲအသစ္‌မ်ား တီထြင္‌‌ေဖာ္‌ထုတ္‌ျခင္‌းမ်ားလည္‌း ရွိၾကသည္‌။ အခ်ိန္‌ကာလ ‌ေရြ႕လ်ား‌ေနသည္‌ႏွင္‌့အမၽွ စစ္တုရင္‌ေလာကတြင္‌ လူႀကိဳက္‌မ်ား ‌ေရပန္‌းစား‌ေသာ အဖြင္‌့မ်ား ‌ေျပာင္‌းလဲ‌ေနၾကသည္‌။ တစ္‌ခ်ိန္‌က လူႀကိဳက္‌မ်ားခဲ့‌ေသာ္‌လည္‌း အသုံးနည္‌း ‌ေမွးမွိန္‌သြားၿပီး ယခု ျပန္‌လည္‌ဆန္‌းသစ္‌ တဖန္‌ လူႀကိဳက္‌မ်ားလာျခင္‌းမ်ားလည္‌း ရွိသည္‌။ အ‌ေရအတြက္‌အားျဖင္‌့လည္‌း မ်ားျပားလွသလို အျမဲတမ္‌း ‌ေျပာင္‌းလဲ‌ေန‌ေသာ အဖြင္‌့ရွိသမၽွအား ‌ေလ့လာ‌ေနရန္‌ဆိုသည္‌မွာ အလြန္‌တရာ အခ်ိန္‌ကုန္‌လူပန္‌းမည္‌့ ကိစၥျဖစ္‌၍ ထိုမၽွ မလိုအပ္‌ပါ။ လက္‌‌ေတြ႕ကစားပြဲတြင္‌ အသုံးျပဳမည္‌့ အဖြင္‌့တစ္‌ခုအား ဘယ္‌လို‌ေလ့လာရမည္‌၊ ဘယ္‌လိုမြမ္‌းမံသြားရမည္‌ စသည္‌့ အႀကံျပဳခ်က္‌မ်ားကို ဤ‌ေဆာင္‌းပါးတြင္‌ ‌ေဖာ္ျပပါမည္‌။

ၿပိဳင္‌ပြဲတြင္‌ အျဖဴ ကိုင္‌ရလၽွင္‌ ဘာအဖြင္‌့‌ေတြ သုံးမည္‌၊ အနက္‌ကိုင္‌ရလၽွင္‌ အျဖဴ ၿပိဳင္‌ဖက္‌၏ ဘာအဖြင္‌့အား မိမိက ဘာအဖြင္‌့ျဖင္‌့ တုံ႔ျပန္‌မည္‌ စသျဖင္‌့ ‌ႀကိဳတင္‌‌ေရြးခ်ယ္‌ စုစည္‌းထား‌ေသာ အဖြင္‌့မ်ားကို opening repertoire အိုပန္‌နင္‌ ရက္‌ပထြာ သို့မဟုတ္‌ လက္‌စြဲအဖြင္‌့မ်ားဟု ‌ေခၚသည္‌။ လက္‌ရည္‌အသင္‌့အတင္‌့မွ ထိပ္‌တန္‌းအဆင္‌့အထိ ၿပိဳင္‌ပြဲဝင္‌ စစ္တုရင္သမားမ်ားအားလုံးတြင္‌ ကိုယ္‌ပိုင္‌လက္‌စြဲအဖြင္‌့မ်ား ကိုယ္‌စီ ရွိၾကသည္‌။ ထိုလက္‌စြဲအဖြင္‌့မ်ားတြင္‌ ပါဝင္‌‌ေသာ အဖြင္‌့မ်ားကို ပုံမွန္‌‌ေလ့လာသုံးသပ္‌ ‌ေလ့က်င္‌့‌ေနၾက‌ေလ့ရွိၿပီး အဖြင္‌့တစ္‌ခုခုအား အ‌ေၾကာင္‌းအမ်ိဳ ုးမ်ိ ုး‌ေၾကာင္‌့ မိမိမႏွစ္‌သက္‌‌ေတာ့၍ ထိုစာရင္‌းမွ ဖယ္‌ထုတ္‌လိုက္‌ျခင္‌း၊ ‌ေလ့လာအသုံးျပဳရန္‌ အဖြင္‌့အသစ္‌တစ္‌ခု ‌ေရြးခ်ယ္‌ထည္‌့သြင္‌းျခင္‌းမ်ား ရွိၾကသည္‌။ အကယ္‌၍ သင္‌့လက္‌စြဲအဖြင္‌့စာရင္‌းတြင္‌ အဖြင္‌့အသစ္‌တစ္‌ခုကို ‌ေရြးခ်ယ္‌ထည္‌့သြင္‌းလိုက္‌ၿပီ ဆိုပါက ‌ေအာက္‌ပါအဆင္‌့ ၄ ဆင္‌့ကို သင္‌‌ေဆာင္‌ရြက္‌ရမည္‌။

၁။ ကစားပြဲစု‌ေဆာင္‌းျခင္‌း

အဖြင္‌့အသစ္‌တစ္‌ခုကို အ‌ေသးစိတ္‌ မ‌ေလ့လာခင္‌ ထိုအဖြင္‌့ကို သင္‌အသုံးျပဳခ်င္‌‌ေအာင္‌ ဆြဲ‌ေဆာင္‌ထား‌ေသာ နမူနာကစားပြဲမ်ားအား အရင္‌စု‌ေဆာင္‌းဖို့ အႀကံ‌ေပးလိုသည္‌။ ‌ေခတ္‌‌ေဟာင္‌း ဂႏၲဝင္ကစားပြဲျဖစ္‌‌ေစ၊ ယခု‌ေခတ္‌ကစားပြဲျဖစ္‌‌ေစ ထိုကစားပြဲမ်ားအား ဘယ္‌တုန္‌းက ကစားခဲ့သည္‌ဆိုသည္‌့ ကာလမွာ အ‌ေရးမႀကီးပါ။ အဓိကမွာ ထိုအဖြင္‌့ အသုံးျပဳသည္‌့ ကစားပြဲမ်ားတြင္‌ ျဖစ္‌‌ေပၚ‌ေလ့ရွိ‌ေသာ ကစားကြက္‌ အ‌ေနအထားမ်ား structures၊ နည္‌းစနစ္အမ်ိ ုးအစားမ်ား themes၊ ပြဲဆုံးပိုင္‌းကစားကြက္‌မ်ား endgames ႏွင္‌့ ျဖစ္‌နိုင္‌သမၽွ သင္‌့စိတ္‌ထဲစြဲ ရင္‌းႏွီး‌ေစဖို့ ၾကည္‌့‌ေစလို‌ေသာ ရည္ရြယ္ခ်က္‌ပင္‌ ျဖစ္‌သည္‌။

ဂႏၲဝင္ပြဲမ်ားမွ အယူအဆ‌ေဟာင္‌းမ်ားကို အထင္‌‌ေသး ‌ေလၽွာ့‌ေပါ့မတြက္ပါႏွင္‌့၊ အယူအဆ‌ေဟာင္‌းမ်ားမွာ ‌ေခတ္‌သစ္‌ကစားပြဲမ်ားမွ အယူအဆမ်ားကဲ့သို့ပင္‌ အသုံးဝင္‌ၾကသည္‌။ ကာလၾကာျမင္‌့၍ မထင္‌ရွား ‌ေမွးမွိန္‌‌ေကာင္‌း ‌ေမွးမွိန္‌နိုင္‌‌ေသာ္‌လည္‌း မွန္‌ကန္‌ခိုင္‌မာသည္‌့ အယူအဆမ်ားမွာ ‌ေပ်ာက္‌ကြယ္‌သြားျခင္‌းဟူ၍ မရွိ။ ယ‌ေန႔‌ေခတ္‌တြင္‌ အင္‌ဂ်င္‌သုံးကာ ရွာ‌ေတြ႕သည္‌့ ကြက္‌သစ္‌မ်ား novelties ကဲ့သို့ပင္‌ အယူအဆ‌ေဟာင္‌းမ်ားတြင္‌လည္‌း ရင္သပ္ရွုေမာစရာ အလွအပမ်ား ရွိ‌ေနၾကသည္‌။ ထိုသဘာဝကို သင္‌‌ေတြ႕ရွိနားလည္‌‌ေလ ပို‌ေကာင္‌း‌ေလပင္‌။

၂။ ကၽြမ္‌းက်င္‌သူမ်ား ရွာ‌ေဖြျခင္‌း

ဤအဆင္‌့သည္‌ စစ္တုရင္သမားမ်ားအတြက္‌ ‌ေပ်ာ္‌စရာ‌ေကာင္‌း၍ လုပ္‌ခ်င္‌ၾက‌ေသာအရာ ျဖစ္‌သည္‌၊ မိမိ‌ေလ့လာမည္‌့ အဖြင္‌့အသစ္‌ကို ကၽြမ္‌းက်င္‌ပိုင္‌နိုင္‌စြာ ကစားျပခဲ့‌ေသာ ဂရင္‌းမာစတာမ်ား၏ ထိုအဖြင္‌့သုံး ကစားပြဲမ်ားအား ရွာ‌ေဖြစု‌ေဆာင္‌းျခင္‌းျဖစ္‌၍။ အခ်ိ ု ့အဖြင္‌့မ်ားကို သူမတူ ထူးခၽြန္‌စြာ ကၽြမ္‌းက်င္‌၍ နာမည္‌‌ေက်ာ္‌‌ေသာ ထိုအဖြင္‌့၏ ပါရဂူဟု တင္‌စားနိုင္‌‌ေလာက္‌သည္‌့ ထိပ္‌တန္‌းစစ္‌တုရင္‌သမားမ်ား ရွိၾကသည္‌။ ဥပမာ Najdorf နိုင္‌း‌ေဒါ့ အဖြင္‌့တြင္‌ ကာစပါေရာ့၊ Ruy Lopez ရိုင္‌ လိုပက္‌ အဖြင္‌့တြင္‌ ဖစ္‌ရွာ၊ Breyer ဘ‌ေရယာ အဖြင္‌့တြင္‌ စပါစကီ စသျဖင္‌့။ ကိုယ္‌‌ေရြးထား‌ေသာ အဖြင္‌့တြင္‌ မည္‌သည္‌့ ဂရန္‌းမာစတာက နာမည္‌ႀကီးသည္‌ကို စုံစမ္‌းၿပီး ၄င္‌းဂရန္‌းမာစတာက ထိုအဖြင္‌့ အသုံးျပဳကစားခဲ့‌ေသာ ကစားပြဲမ်ားကို စု‌ေဆာင္‌းၾကည္‌့ရွုပါ။ အကယ္၍ သင္‌‌ေရြးထား‌ေသာ အဖြင္‌့က အသုံးနည္‌းသည္‌့ ရွားပါးအဖြင္‌့မ်ိ ုးျဖစ္‌‌ေန၍ ထိုအဖြင္‌့၏ နာမည္‌‌ေက်ာ္‌ ထိပ္‌တန္‌းကစားသမား မရွိပါက သင္‌့ပတ္‌ဝန္‌းက်င္‌မွ အ‌ေတြ႕အၾကဳံရွိ စစ္တုရင္သမားတစ္‌ဦးဦးကို ‌ေမးျမန္‌း အကူအညီ‌ ‌ေတာင္‌းၾကည္‌့ပါ။

အဆင္‌့ ၁ ႏွင္‌့ ၂ ‌ေဆာင္‌ရြက္‌ၿပီးသြားလၽွင္‌ ထိုအဖြင္‌့အသစ္‌ႏွင္‌့ ပက္‌သက္‌သည္‌့ အခ်က္အလက္မ်ား သင္‌့တြင္‌ အလုံအ‌ေလာက္‌ ရွိလာၿပီ။ အဖြင္‌့ကို ပိုရင္‌းႏွီးကၽြမ္‌းဝင္‌လာၿပီ ျဖစ္‌သလို သင္‌့စစ္‌တုရင္‌ အေထြေထြ ဗဟုသုတလည္‌း ယခင္ကထက္‌ ပိုမ်ားလာၿပီ။ သို့‌ေသာ္‌ မၿပီး‌ေသးပါ၊ ဆက္‌လုပ္‌ရမည္‌့ အရာမ်ား က်န္‌‌ေသးသည္‌။ ယခုမွစ၍ အဖြင္‌့ကို တစ္‌ကြက္‌ခ်င္‌း အ‌ေသးစိတ္‌ စတင္‌‌ေလ့လာရ‌ေတာ့မည္‌။

၃။ သ‌ေဘာတရား
(ကိုယ္‌ပိုင္‌ pgn file ‌ေရးၿပီး ‌ေလ့က်င္‌့ပါ)

လက္‌သင္‌စစ္‌တုရင္‌သမား အမ်ားစု အဖြင္‌့တစ္‌ခုကို ‌ေလ့လာ‌ေသာအခါ ဤအဆင္‌့ကစ၍ ‌ေလ့လာၾကသည္‌၊ အင္‌ဂ်င္‌က သုံးသပ္‌အ‌ေျဖရွာ‌ေပးထား‌ေသာ ‌ေရႊ႕ကြက္‌မ်ား ျပည္‌့‌ႏွက္‌‌ေနသည္‌့ စစ္တုရင္စာအုပ္‌မ်ားကို ဝယ္‌ၾကသည္‌၊ ထို့‌ေနာက္‌ အဖြင္‌့ပိုင္‌း‌ေရႊ႕ကြက္‌မ်ားကို မွတ္‌မိ‌ေအာင္‌  အလြတ္‌က်က္‌ၾက‌ေလ‌ေတာ့သည္‌။ ဤ‌ေလ့လာနည္‌းမွာ ထိုမ်ားျပားလွ‌ေသာ ‌ေရႊ႕ကြက္‌အခ်က္‌အလက္‌မ်ားကို မ‌ေမ့ဘဲ အလြတ္‌မွတ္‌မိနိုင္‌‌ေလာက္‌‌ေအာင္‌ ျမင္‌့မားသည္‌့ ဥာဏ္‌ရည္‌ဥာဏ္‌‌ေသြး သင္‌ပိုင္‌ဆိုင္‌ထားၿပီး ထို‌ေရႊ႕ကြက္‌မ်ား၏ ‌ေနာက္‌ကြယ္‌က သ‌ေဘာတရားမ်ားကိုလည္‌း ‌ေက်‌ေက်ညက္‌ညက္‌ သင္‌နားလည္‌ထားပါက အျပစ္‌ဆိုစရာ မရွိပါ။ သင္‌လုပ္‌နိုင္စြမ္‌းရွိပါက လုပ္‌လိုလၽွင္‌ လုပ္‌နိုင္‌ပါသည္‌။ သို့‌ေသာ္‌ လက္‌‌ေတြ႕တြင္‌ စစ္တုရင္သမား အမ်ားစုအတြက္‌မူ ထိုနည္‌းျဖင္‌့ ‌ေလ့လာ‌ေသာအခါ ‌ေမ့သြားျခင္‌း၊ ‌ေရွ႕‌ေနာက္‌အစဥ္‌ ‌ေရာ‌ေထြးျခင္‌း၊ လိုင္‌းခြဲမ်ား ရွုပ္‌‌ေထြးကုန္‌ျခင္‌း စသည္‌့ အခက္အခဲမ်ားစြာ ၾကဳံ‌ေတြ႕ရ‌ေလ့ရွိသျဖင္‌့ ‌ေအာင္‌ျမင္‌မွု နည္‌းလွ၏။ ထိုသို့ ျဖစ္‌ရျခင္‌း၏ အ‌ေၾကာင္‌းရင္‌းမွာ ‌ေနာက္‌ကြယ္‌သ‌ေဘာတရားမ်ားကို နားလည္‌သ‌ေဘာ‌ေပါက္‌ျခင္‌း မရွိ‌ေသာ‌ေၾကာင္‌့ ျဖစ္‌သည္‌။

အႀကံျပဳလိုသည္‌မွာ လိုင္‌းခြဲမ်ားတြင္‌ စာသားျဖင္‌့ ျပည္‌့ျပည္‌့စုံစုံ ရွင္‌းျပထား‌ေသာ အဖြင္‌့စာအုပ္‌မ်ိ ုးကိုသာ ဝယ္‌‌ေစလိုသည္‌။ သ‌ေဘာတရားကို နားလည္‌‌ေအာင္‌ ဖတ္‌သလို ‌ေရႊ႕ကြက္‌မ်ားကိုလည္‌း မွတ္‌မိ‌ေအာင္‌ ႀကိဳးစားပါ။ စစ္တုရင္အက္‌ပလီ‌ေကးရွင္‌းတစ္‌ခုခု သုံးၿပီး ‌အဖြင္‌့‌ေရႊ႕ကြက္‌မ်ားကို pgn file ပီဂ်ီအန္‌ဖိုင္‌တစ္‌ခု ဖန္‌တီးကာ ‌ေရႊ႕ကစားၾကည္‌့ပါ။ ‌ေရႊ႕ကြက္‌မ်ားကို ပိုမွတ္‌မိ‌ေစသလို ‌ေနာင္‌တြင္‌ လက္‌‌ေတြ႕ကစားပြဲမ်ား၌ လုပ္‌မိမည္‌့ အမွားမ်ားကို ထည္‌့သြင္‌းျဖည္‌့စြက္‌ တည္‌းျဖတ္‌မွတ္‌တမ္‌းတင္‌ျခင္‌းကိုလည္‌း လုပ္‌နိုင္‌သည္‌။

၄။ အစမ္‌းကစားျခင္‌း

‌ေနာက္‌ဆုံးအဆင္‌့ျဖစ္‌‌ေသာ အစမ္‌းကစားျခင္‌းမွာ ၿပိဳင္‌ပြဲမကစားခင္‌ လုပ္‌‌ေဆာင္‌ထားၿပီး ျဖစ္‌‌ေနရမည္‌့ အ‌ေရးႀကီးအဆင္‌့ ျဖစ္‌သည္‌။ အႀကိမ္‌မ်ားစြာ အစမ္‌းကစားထားလၽွင္‌ ‌ေရႊ႕ကြက္‌မ်ားကို အလြတ္‌မွတ္‌မိ‌ေစၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္‌မွုလည္‌း ျမင္‌့တက္‌လာ‌ေစမည္‌။ သင္‌အသုံးျပဳမည္‌့ အဖြင္‌့တစ္‌ခု၏ ‌ေရွာင္‌လႊဲမရ သိကိုသိထားရမည္‌့ လိုင္‌းခြဲမ်ား၊ ‌ေရႊ႕ကြက္‌မ်ား အားလုံးကို မျဖစ္‌မ‌ေန အစမ္‌းကစားကာ ႀကိဳတင္‌‌ေလ့က်င္‌့ထားရမည္‌။ သို့မွသာ ၿပိဳင္‌ပြဲတြင္ အဖြင္‌့ပိုင္‌း ကစားရာ၌ တစ္‌ကြက္‌ခ်င္‌းစီကို အစအဆုံး ျပန္‌စဥ္‌းစားစရာ မလို‌ေတာ့ဘဲ သက္‌သာလြယ္‌ကူစြာ ယုံၾကည္‌မွုရွိရွိ ကစားနိုင္‌‌ေစမည္‌။ တစ္‌ခါမွ အစမ္‌းမကစားဖူး‌ေသာ အစိမ္းသက္သက္ အဖြင္‌့တစ္‌ခုကို ၿပိဳင္‌ပြဲတြင္‌ အသုံးျပဳကစားလၽွင္‌ ထိုအခ်ိန္‌က်မွ တစ္‌ကြက္‌ခ်င္‌းစီကို အသည္‌းအသန္‌ စဥ္‌းစားအ‌ေျဖရွာ‌ေနရမည္‌၊ ထိုသို့ ရွာလၽွင္‌‌ေတာင္‌မွ အ‌ေျဖ ‌ေတြ႕ခ်င္‌မွ ‌ေတြ႕မည္‌၊ မ‌ေသခ်ာ။ ဤမၽွ အခက္အခဲက သင္‌့ကစားပြဲကို ရွုံး‌ေစမည္‌ မဟုတ္‌‌ေသာ္‌လည္‌း စဥ္‌းစားရင္‌း ကုန္‌သြားသည္‌့ အခ်ိန္‌ကို‌ေတာ့ ဘယ္‌လိုမွ ျပန္‌မရနိုင္‌ပါ။ ကိုယ္‌့အဖြင္‌့ကို က်င္‌့သားရ‌ေန‌ေစရန္‌ သူငယ္‌ခ်င္‌းျဖင္‌့ သို့မဟုတ္‌ နည္‌းျပျဖင္‌့ သို့မဟုတ္‌ အြန္‌လိုင္‌းပြဲျဖင္‌့ ၿပိဳင္‌ပြဲမဝင္‌ခင္‌ ‌ေလ့က်င္‌့‌ေရးပြဲမ်ား ကစားပါ။

ဤ‌ေဆာင္‌းပါးတိုအား နိဂုံးခ် ုပ္‌ပါ‌ေတာ့မည္‌။ အဖြင္‌့တစ္‌ခုကို ကၽြမ္‌းက်င္‌လာ‌ေစရန္‌ သင္‌လုပ္‌ရန္‌ အမ်ားႀကီး မလိုအပ္‌ပါ။ ‌ေဖာ္‌ျပပါ အဆင္‌့ ၄ ဆင္‌့ကို ‌ေဆာင္‌ရြက္‌လၽွင္‌ လြယ္‌ကူလ်င္‌ျမန္‌စြာ ‌ေလ့လာနိုင္‌ပါလိမ္‌့မည္‌။ အခ်ိန္‌ကာလ၊ အ‌ေတြ႕အၾကဳံ ၊ သင္‌ကိုယ္‌တိုင္‌ ကစားခဲ့‌ေသာ ကစားပြဲမ်ား၏ သင္‌ခန္‌းစာယူစရာ သုံးသပ္‌ခ်က္‌မ်ား စသည္‌့ အခ်က္‌မ်ားကို ‌ေပါင္‌းစပ္‌အသုံးခ်သြားပါက ကၽြမ္‌းက်င္‌လာမည္‌ျဖစ္‌ၿပီး တစ္‌ခ်ိန္‌ခ်ိန္ ထိုအဖြင္‌့တြင္‌ သင္‌့စိတ္‌ကူးစိတ္‌သန္‌းမ်ား၊ သင္‌့ကိုယ္‌ပိုင္‌ သ‌ေဘာတရားမ်ားကိုပင္‌ ‌‌‌ေဖာ္‌ထုတ္‌နိုင္‌လာပါလိမ္‌့မည္‌။

‌ေအာင္‌ျမင္‌ပါ‌ေစ။

ေဆာင္းပါးရွင္ - WGM Raluca Sgircea ႏွင့္
IM Reniet Castallanos
ဘာသာျပန္ - လင္းထက္ပိုင္

မူရင္‌း‌ေဆာင္‌းပါး - https://m.facebook.com/story.php?story_fbid=2527995527257384&id=171992822857678